All Articlesအထွေထွေအထွေထွေရောဂါများ

Benefits of Vitamin C

1 Mins read

သြချရလောက်သော ဗီတာမင်စီရဲ့ အာနိသင်များ

ဗီတာမင်စီဆိုတာ လူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဗီတာမင်စီကိုမထုတ်လုပ်နိုင်တာကြောင့် အစားအစာမှလိုအပ်တဲ့ဗီတာမင်စီကိုယူရပါတယ်။ ဗီတာမင်စီဟာ တစ်သှူးများကိုပြုပြင်ခြင်း၊အာရုံကြောထုတ်လွှတ်မှုစနစ်တွင်ပါဝင်ခြင်း၊ခန္ဓာကိုယ်အင်ဇိုင်းများရဲ့ လုပ်ငန်းဆောင်တာများတွင်ကူညီဆောင်ရွက်ခြင်းနဲ့ ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေခြင်းအပြင် ဓါတ်တိုးဆန့်ကျင်သတ္တိ(Antioxidant)အာနိသင်ရှိခြင်း အစရှိသဖြင့် လူ့ခန္ဓာကိုယ်အတွက်များစွာအထောက်အကူပေးသော ဗီတာမင်တစ်မျိုးပဲဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ မရှိမဖြစ်ဆေးများစာရင်းတွင်ပါဝင်ပြီး ဈေးမကြီးပဲအလွယ်တကူဝယ်ယူရရှိနိုင်ပြီး လူတွေအတွက်အကျိုးပြုတဲ့ အာဟာရဓါတ်တစ်မျိုးပဲဖြစ်ပါတယ်။ ဗီတာမင်စီပေါကြွယ်ဝတဲ့ အစားအစာတွေကတော့ အချဉ်ဓါတ်များတဲ့အသီးများ(လိမ္မော်၊စတော်ဘယ်ရီ၊ကီဝီ၊မာလကာ၊ခရမ်းချဉ် စသည်)နဲ့ ငရုတ်ပွ၊သဘောၤသီး၊ပန်းဂေါ်ဖီစိမ်း စတဲ့အပင်မှရတဲ့သဘာဝအစားအစာတွေဖြစ်ပါတယ်။ ဗီတာမင်စီရဲ့ကောင်းကျိုးတွေကို အတော်များများသိပြီးဖြစ်ပေမယ့် လူသိနည်းနေသေးတဲ့အံ့သြဖွယ်ကောင်းကျိုးအချို့ကို ဗဟုသုတအနေနဲ့ ထုတ်နှုတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။

သြချရလောက်တဲ့ ဗီတာမင်စီရဲ့ အာနိသင်တွေဟာ ဘာတွေလဲ???

လူသိနည်း အံ့အားသင့်ဖွယ် အာနိသင်လေးတွေကတော့ အောက်ဖော်ပြပါအတိုင်းပဲဖြစ်ပါတယ်…

၁။ဦးနှောက်ရဲ့ မှတ်ဉာဏ်စနစ်တွင် သက်ရောက်မှုရှိခြင်း။

သိမြင်မှတ်ဉာဏ်နဲ့သက်ဆိုင်သောရောဂါများ(Alzheimer’s disease,Dementia စသည်)ခံစားနေရတဲ့လူနာများမှာ ဗီတာမင်စီဓါတ်ဟာရှိသင့်တဲ့ပမာဏထက်လျော့နည်းနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် အဆိုပါရောဂါသည်များမှာ ဗီတာမင်စီအပြင် အခြားသောအာဟာရဓါတ်များ(ဗီတာမင် ဘီ၁၂၊ဗီတာမင်အီး နဲ့သံဓါတ်)ပါ လျော့နည်းမှုရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။

၂။နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများတွင်သက်ရောက်မှုရှိခြင်း။

၂၀၁၃ ခုနှစ်မှာလုပ်ခဲ့တဲ့ လေ့လာစိစစ်ချက်တွေအရ ဗီတာမင်စီဟာ နှလုံးသွေးကြောကျဉ်းနဲ့ လေဖြတ်လေငန်းရောဂါတွေဖြစ်ပွားမှုကိုလျော့ချပေးတဲ့အာနိသင်ရှိတယ်ဆိုတာ အတိအကျသက်သေပြပြောကြားလို့မရဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း ဒုတိယထွက်ရှိလာတဲ့စာတမ်းမှာတော့ လေဖြတ်လေငန်းရောဂါသည်တွေမှာ ဗီတာမင်စီဓါတ်ချို့တဲ့ခြင်းပါတွဲယှက်နေတာကိုတော့ တွေ့ရှိရပါတယ်တဲ့။ ဗီတာမင်စီဟာ သွေးကြောအတွင်းဆုံးအလွှာရဲ့ ကျန်းမာသန်စွမ်းမှုနဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေတာကြောင့် တစ်ရက်ကိုဗီတာမင်စီ ၅၀၀ မီလီဂရမ်အထက်သောက်သုံးပေးခြင်းဖြင့် နှလုံးနဲ့လေငန်းရောဂါတွေအပေါ်မှာ ထိရောက်မှုရှိနိုင်မယ်လို့ ထင်ရှားတဲ့သက်သေမပြနိုင်ပေမယ့်လဲ ဆေးပညာရှင်အချို့က ယုံကြည်နေကြပါတယ်။

၃။ကင်ဆာရောဂါတွေကိုပါ သက်သာစေနိုင်မလား???

အချို့တွေယူဆကြ ကြားဖူးကြသလို ဗီတာမင်စီဟာကင်ဆာကို သက်သာ/ပျောက်ကင်း/ဖြစ်ပွားမှုနှုန်းလျော့ကျတယ်ဆိုတာအတွက်တော့ အတည်ပြုထားတဲ့စာတမ်းတစ်စုံတစ်ရာမတွေ့ရှိရသေးပါဘူး။ လူတစ်ချို့ပြောသလို ကင်ဆာကိုမနိုင်ပေမယ့်လဲ ကင်ဆာဆေးသွင်း၊ဓါတ်ကင်တာတွေကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကို သက်သာပျောက်ကင်းတယ်ဆိုတာလဲပဲ ယခုအချိန်ထိတော့ မှန်ကန်ကြောင်းသက်သေမပြနိုင်သေးပါဘူး။ သီအိုရီအရဆက်စပ်တွေးတောလို့ရကောင်းရနိုင်ပေမယ့် လက်တွေ့မှာတိကျသေချာတဲ့အထောက်အထားတစ်စုံတစ်ရာမပြနိုင်သေးတာကြောင့် ဗီတာမင်စီဟာ ကင်ဆာရောဂါများကို ကုသနိုင်/သက်သာနိုင်/ကာကွယ်နိုင်တယ်ဆိုတာဟာလဲ မှန်ကန်တယ်လို့အတည်မပြုနိုင်သေးပဲ ကင်ဆာရောဂါတစ်ခုခုခံစားရပါက ကင်ဆာအထူးကုနှင့်ပြသ၍ ကုသမှုခံယူရန်သာနံပါတ်တစ်အရေးအကြီးဆုံးဖြစ်ကြောင်းဖြည့်စွက်ပြောကြားလိုပါတယ်။

၄။ဗီတာမင်စီဟာ ရာသီတုပ်ကွေးအပေါ်မှာ သက်ရောက်မှုရှိခြင်း။

တုပ်ကွေးရောဂါကို ကာကွယ်ခြင်း၊ရောဂါပြင်းထန်မှုကိုလျော့နည်းစေခြင်း နဲ့ ရောဂါခံစားရမှုအချိန်ကာလကိုတိုစေခြင်းစတဲ့အပိုင်း(၃)ပိုင်းခွဲပြီး သုတေသနလုပ်ခဲ့ကြ/လုပ်နေကြဆဲဖြစ်ပါတယ်။ အချို့သုတေသနစာတမ်းတွေအရ ဗီတာမင်စီဟာတုပ်ကွေးရောဂါကိုမကာကွယ်နိုင်သော်လည်းပဲ ကိုယ်ခံစွမ်းအားကိုမြင့်တက်စေခြင်းကြောင့် ရောဂါပြင်းထန်မှုကိုလျော့ကျစေခြင်းနဲ့ နာလန်ထမြန်ခြင်းကိုတော့ အားပေးတယ်ဆိုပါတယ်။

၅။Scurvy ရောဂါကို ကုသနိုင်ခြင်း။

ဗီတာမင်စီချို့တဲ့ခြင်းဟာ Scurvy ဆိုတဲ့ရောဂါတစ်မျိုးကိုဖြစ်စေပါတယ်။ အခုခေတ်မှာ လူတွေရဲ့အသိဉာဏ်ဗဟုသုတမြင့်မားလာခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာခြင်းကြောင့် ထိုရောဂါဟာမတွေ့ရသလောက်ရှားပါးသွားပေမယ့် လွန်လေပြီးသောခေတ်များဆီက ဤရောဂါဖြင့်အသက်သေဆုံးခဲ့ကြသူမနည်းပဲ လူတွေကိုခြောက်လှန့်ခဲ့တဲ့ ရောဂါဆိုးကြီးဖြစ်ခဲ့ဖူးပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ပင်ပန်းနွမ်းနယ်ခြင်း၊အားအင်ကုန်ခမ်းခြင်း၊မောပန်းခြင်း၊အရိုးများကိုက်ခဲခြင်း၊အနာကျက်ရန်ကြာခြင်း၊သွားဖုံးသွေးယိုခြင်းစတာတွေအပြင် ဖျားခြင်း၊တက်ခြင်းသာမက အသက်သေဆုံးခြင်းအထိပါဖြစ်စေနိုင်ပါတယ်။

၎င်းရောဂါဖြစ်ပါက ဗီတာမင်စီ စားဆေး/ထိုးဆေးများဖြင့် ကုသပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

ဒီလောက်ဆို လူသိနည်းသေးတဲ့ဗီတာမင်စီရဲ့ သြချရဖွယ်အကျိုးကျေးဇူးအချို့ကို ဗဟုသုတအနေနဲ့သိလောက်ပြီထင်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်တောင်းလျက်။

dr.ye’lwin mm

ၾသခ်ရေလာက္ေသာ ဗီတာမင္စီရဲ႕ အာနိသင္မ်ား

ဗီတာမင္စီဆိုတာ လူေတြအတြက္မရွိမျဖစ္လိုအပ္တဲ့ဗီတာမင္တစ္မ်ဳိးျဖစ္ပါတယ္။ ခႏၶာကိုယ္ကေန ဗီတာမင္စီကိုမထုတ္လုပ္ႏိုင္တာေၾကာင့္ အစားအစာမွလိုအပ္တဲ့ဗီတာမင္စီကိုယူရပါတယ္။ ဗီတာမင္စီဟာ တစ္သွဴးမ်ားကိုျပဳျပင္ျခင္း၊အာရံုေၾကာထုတ္လႊတ္မွဳစနစ္တြင္ပါဝင္ျခင္း၊ခႏၶာကိုယ္အင္ဇိုင္းမ်ားရဲ႕ လုပ္ငန္းေဆာင္တာမ်ားတြင္ကူညီေဆာင္ရြက္ျခင္းနဲ႕ ကိုယ္ခံစြမ္းအားစနစ္ကိုေကာင္းမြန္ေစျခင္းအျပင္ ဓါတ္တိုးဆန္႕က်င္သတၱိ(Antioxidant)အာနိသင္ရွိျခင္း အစရွိသျဖင့္ လူ႕ခႏၶာကိုယ္အတြက္မ်ားစြာအေထာက္အကူေပးေသာ ဗီတာမင္တစ္မ်ဳိးပဲျဖစ္ပါတယ္။

ကမ႓ာ့က်န္းမာေရးအဖြဲ႕ႀကီးရဲ႕ မရွိမျဖစ္ေဆးမ်ားစာရင္းတြင္ပါဝင္ၿပီး ေစ်းမႀကီးပဲအလြယ္တကူဝယ္ယူရရွိႏိုင္ၿပီး လူေတြအတြက္အက်ဳိးျပဳတဲ့ အာဟာရဓါတ္တစ္မ်ိဳးပဲျဖစ္ပါတယ္။ ဗီတာမင္စီေပါႂကြယ္ဝတဲ့ အစားအစာေတြကေတာ့ အခ်ဥ္ဓါတ္မ်ားတဲ့အသီးမ်ား(လိေမၼာ္၊စေတာ္ဘယ္ရီ၊ကီဝီ၊မာလကာ၊ခရမ္းခ်ဥ္ စသည္)နဲ႕ င႐ုတ္ပြ၊သေဘာၤသီး၊ပန္းေဂၚဖီစိမ္း စတဲ့အပင္မွရတဲ့သဘာဝအစားအစာေတြျဖစ္ပါတယ္။ ဗီတာမင္စီရဲ႕ေကာင္းက်ဳိးေတြကို အေတာ္မ်ားမ်ားသိၿပီးျဖစ္ေပမယ့္ လူသိနည္းေနေသးတဲ့အံ့ၾသဖြယ္ေကာင္းက်ဳိးအခ်ဳိ႕ကို ဗဟုသုတအေနနဲ႕ ထုတ္ႏွဳတ္ေျပာျပေပးသြားမွာျဖစ္ပါတယ္။

ၾသခ်ရေလာက္တဲ့ ဗီတာမင္စီရဲ႕ အာနိသင္ေတြဟာ ဘာေတြလဲ???

လူသိနည္း အံ့အားသင့္ဖြယ္ အာနိသင္ေလးေတြကေတာ့ ေအာက္ေဖာ္ျပပါအတိုင္းပဲျဖစ္ပါတယ္…

၁။ဦးေႏွာက္ရဲ႕ မွတ္ဉာဏ္စနစ္တြင္ သက္ေရာက္မွဳရွိျခင္း။

သိျမင္မွတ္ဉာဏ္နဲ႕သက္ဆိုင္ေသာေရာဂါမ်ား(Alzheimer’s disease,Dementia စသည္)ခံစားေနရတဲ့လူနာမ်ားမွာ ဗီတာမင္စီဓါတ္ဟာရွိသင့္တဲ့ပမာဏထက္ေလ်ာ့နည္းေနတာကိုေတြ႕ရပါတယ္။ ဒါ့အျပင္ အဆိုပါေရာဂါသည္မ်ားမွာ ဗီတာမင္စီအျပင္ အျခားေသာအာဟာရဓါတ္မ်ား(ဗီတာမင္ ဘီ၁၂၊ဗီတာမင္အီး နဲ႕သံဓါတ္)ပါ ေလ်ာ့နည္းမွဳရွိေနတာကို ေလ့လာေတြ႕ရွိရပါတယ္။

၂။ႏွလံုးႏွင့္ေသြးေၾကာဆိုင္ရာေရာဂါမ်ားတြင္သက္ေရာက္မွဳရွိျခင္း။

၂၀၁၃ ခုႏွစ္မွာလုပ္ခဲ့တဲ့ ေလ့လာစိစစ္ခ်က္ေတြအရ ဗီတာမင္စီဟာ ႏွလံုးေသြးေၾကာက်ဥ္းနဲ႕ ေလျဖတ္ေလငန္းေရာဂါေတြျဖစ္ပြားမွဳကိုေလ်ာ့ခ်ေပးတဲ့အာနိသင္ရွိတယ္ဆိုတာ အတိအက်သက္ေသျပေျပာၾကားလို႕မရဘူးလို႕ဆိုပါတယ္။ ဒါေပမယ့္လည္း ဒုတိယထြက္ရွိလာတဲ့စာတမ္းမွာေတာ့ ေလျဖတ္ေလငန္းေရာဂါသည္ေတြမွာ ဗီတာမင္စီဓါတ္ခ်ဳိ႕တဲ့ျခင္းပါတြဲယွက္ေနတာကိုေတာ့ ေတြ႕ရွိရပါတယ္တဲ႕။ ဗီတာမင္စီဟာ ေသြးေၾကာအတြင္းဆံုးအလႊာရဲ႕ က်န္းမာသန္စြမ္းမွဳနဲ႕ လုပ္ငန္းေဆာင္တာေတြကိုေကာင္းမြန္ေစတာေၾကာင့္ တစ္ရက္ကိုဗီတာမင္စီ ၅၀၀ မီလီဂရမ္အထက္ေသာက္သံုးေပးျခင္းျဖင့္ ႏွလံုးနဲ႕ေလငန္းေရာဂါေတြအေပၚမွာ ထိေရာက္မွဳရွိႏိုင္မယ္လို႕ ထင္ရွားတဲ့သက္ေသမျပႏိုင္ေပမယ့္လဲ ေဆးပညာရွင္အခ်ဳိ႕က ယံုၾကည္ေနၾကပါတယ္။

၃။ကင္ဆာေရာဂါေတြကိုပါ သက္သာေစႏိုင္မလား???

အခ်ဳိ႕ေတြယူဆၾက ၾကားဖူးၾကသလို ဗီတာမင္စီဟာကင္ဆာကို သက္သာ/ေပ်ာက္ကင္း/ျဖစ္ပြားမွဳႏွဳန္းေလ်ာ့က်တယ္ဆိုတာအတြက္ေတာ့ အတည္ျပဳထားတဲ့စာတမ္းတစ္စံုတစ္ရာမေတြ႕ရွိရေသးပါဘူး။ လူတစ္ခ်ဳိ႕ေျပာသလို ကင္ဆာကိုမႏိုင္ေပမယ့္လဲ ကင္ဆာေဆးသြင္း၊ဓါတ္ကင္တာေတြေၾကာင့္ျဖစ္တဲ့ေနာက္ဆက္တြဲျပႆနာေတြကို သက္သာေပ်ာက္ကင္းတယ္ဆိုတာလဲပဲ ယခုအခ်ိန္ထိေတာ့ မွန္ကန္ေၾကာင္းသက္ေသမျပႏိုင္ေသးပါဘူး။ သီအိုရီအရဆက္စပ္ေတြးေတာလို႕ရေကာင္းရႏိုင္ေပမယ့္ လက္ေတြ႕မွာတိက်ေသခ်ာတဲ့အေထာက္အထားတစ္စံုတစ္ရာမျပႏိုင္ေသးတာေၾကာင့္ ဗီတာမင္စီဟာ ကင္ဆာေရာဂါမ်ားကို ကုသႏိုင္/သက္သာႏိုင္/ကာကြယ္ႏိုင္တယ္ဆိုတာဟာလဲ မွန္ကန္တယ္လို႕အတည္မျပဳႏိုင္ေသးပဲ ကင္ဆာေရာဂါတစ္ခုခုခံစားရပါက ကင္ဆာအထူးကုႏွင့္ျပသ၍ ကုသမွဳခံယူရန္သာနံပါတ္တစ္အေရးအႀကီးဆံုးျဖစ္ေၾကာင္းျဖည့္စြက္ေျပာၾကားလိုပါတယ္။

၄။ဗီတာမင္စီဟာ ရာသီတုပ္ေကြးအေပၚမွာ သက္ေရာက္မွဳရွိျခင္း။

တုပ္ေကြးေရာဂါကို ကာကြယ္ျခင္း၊ေရာဂါျပင္းထန္မွဳကိုေလ်ာ့နည္းေစျခင္း နဲ႕ ေရာဂါခံစားရမွဳအခ်ိန္ကာလကိုတိုေစျခင္းစတဲ့အပိုင္း(၃)ပိုင္းခြဲၿပီး သုေတသနလုပ္ခဲ့ၾက/လုပ္ေနၾကဆဲျဖစ္ပါတယ္။ အခ်ဳိ႕သုေတသနစာတမ္းေတြအရ ဗီတာမင္စီဟာတုပ္ေကြးေရာဂါကိုမကာကြယ္ႏိုင္ေသာ္လည္းပဲ ကိုယ္ခံစြမ္းအားကိုျမင့္တက္ေစျခင္းေၾကာင့္ ေရာဂါျပင္းထန္မွဳကိုေလ်ာ့က်ေစျခင္းနဲ႕ နာလန္ထျမန္ျခင္းကိုေတာ့ အားေပးတယ္ဆိုပါတယ္။

၅။Scurvy ေရာဂါကို ကုသႏိုင္ျခင္း။

ဗီတာမင္စီခ်ဳိ႕တဲ့ျခင္းဟာ Scurvy ဆိုတဲ့ေရာဂါတစ္မ်ဳိးကိုျဖစ္ေစပါတယ္။ အခုေခတ္မွာ လူေတြရဲ႕အသိဉာဏ္ဗဟုသုတျမင့္မားလာျခင္း၊က်န္းမာေရးေစာင့္ေရွာက္မႈတိုးတက္လာျခင္းေၾကာင့္ ထိုေရာဂါဟာမေတြ႕ရသေလာက္ရွားပါးသြားေပမယ့္ လြန္ေလၿပီးေသာေခတ္မ်ားဆီက ဤေရာဂါျဖင့္အသက္ေသဆံုးခဲ့ၾကသူမနည္းပဲ လူေတြကိုေျခာက္လွန႔္ခဲ့တဲ့ ေရာဂါဆိုးႀကီးျဖစ္ခဲ့ဖူးပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႕ ပင္ပန္းႏြမ္းနယ္ျခင္း၊အားအင္ကုန္ခမ္းျခင္း၊ေမာပန္းျခင္း၊အ႐ိုးမ်ားကိုက္ခဲျခင္း၊အနာက်က္ရန္ၾကာျခင္း၊သြားဖံုးေသြးယိုျခင္းစတာေတြအျပင္ ဖ်ားျခင္း၊တက္ျခင္းသာမက အသက္ေသဆံုးျခင္းအထိပါျဖစ္ေစႏိုင္ပါတယ္။

၎ေရာဂါျဖစ္ပါက ဗီတာမင္စီ စားေဆး/ထိုးေဆးမ်ားျဖင့္ ကုသေပ်ာက္ကင္းႏိုင္မွာျဖစ္ပါတယ္။

ဒီေလာက္ဆို လူသိနည္းေသးတဲ့ဗီတာမင္စီရဲ႕ ၾသခ်ရဖြယ္အက်ဳိးေက်းဇူးအခ်ိဳ႕ကို ဗဟုသုတအေနနဲ႕သိေလာက္ၿပီထင္ပါတယ္။

အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစေၾကာင္း ဆုမြန္ေတာင္းလ်က္။

dr.ye’lwin mm

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *