Vitamin C ပါတဲ့ Cosmetics တွေ ဘာကြောင့်လိမ်းသင့်လဲ
ခုတလော cosmetics တွေမှာ Vitamin-C serum တွေ ခေတ်စားလာတော့ အသားအရေအတွက် Vitamin-C ရဲ့ ကောင်းကျိုးလေးတွေ ဝေမျှပေးလိုက်ပါတယ်။
– Vitamin-C ဟာ အသားအရေ တင်းရင်းနုပျိုစေဖို့အတွက် အဓိကကျတဲ့ ကော်လာဂျင် (Collagen) ထုတ်လုပ်ရာမှာ ကူညီတယ်။ ဒါကြောင့်အသားအရေကိုနုပျိုစေတယ်။
-နေရောင်ခြည် (UV A, UV B rays) တွေကြောင့်ဖြစ်တဲ့ အသားအရေ ပျက်စီးမှုကို Vitamin-C ကပြန်လည်ထိန်းသိမ်းပေးနိုင်တယ်။
-အရေးအကြောင်း ဖြစ်ပေါ်လာမှုကိုလည်း နှေးစေတယ်။
– Vitamin-C မှာ ရောင်ရမ်းမှုတွေ သက်သာပြီး အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ဒါကြောင့် ဝက်ခြံနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေ၊အမာရွတ်တွေ အတွက် Vitamin-C serum သုံးနိုင်တယ်။
-အသားအရေ ခြောက်သွေ့ခြင်းမှ ကင်းဝေးစေလို့အသားခြောက်သူတွေ အစိုဓာတ်ထိန်းဖို့သုံးနိုင်တယ်။
-အသားအရေကို ဖြူဝင်းကြည်လင်စေပြီး အသားအရောင် ညီညာစေပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး ၂ )
ပွင့်ရည် (ဆေး ၂ )