ဆနွင်းရဲ့ ကောင်းကျိုးများ

ဆနွင်းရဲ့ကောင်းကျိုးတွေကို ပြောမယ်ဆိုရင်တော့ ပြောလို့မကုန်ပါဘူး။ ရှေးအစဉ်အဆက်ကတည်းက သုံးခဲ့ကြပါတယ်။ ရောဂါတော်တော်များများကို သက်သာစေနိုင်တဲ့အပြင် သုံးရလွယ်တာကြောင့် လူသိများပါတယ်။ မီးဖိုချောင်သုံးဆေးဝါး အဖြစ် အသိအမှတ်ပြုကြပါတယ်။ စားဆေးအဖြစ်အပြင်၊ လိမ်းဆေး အဖြစ်ပါသုံးကြပါတယ်။ တိုင်းရင်းဆေးဖော်တဲ့ နေရာမှာပါ အသုံးများပါတယ်။ ဆနွင်းမှာ ပါတဲ့ Curcumin ဆိုတဲ့ ဓာတ်က အစွမ်းရှိတာ ဖြစ်ပါတယ်။ ဆနွင်းရဲ့ အာဟာရတန်ဖိုး နဲ့ အသုံးဝင်ပုံကို ဖော်ပြချင်ပါတယ်။

ဆနွင်းမှုန့်ထမင်းစားဇွန်း ၁ ဇွန်းမှာ ၂၄ ကယ်လိုရီ၊ အဆီ ဝ.၇ ဂရမ်၊ ဆိုဒီယမ် ၂.၆ မီလီဂရမ်၊ ပိုတက်ဆီယမ် ၁၇၁.၇ မီလီဂရမ်၊ ကစီဓာတ် ၄.၄ ဂရမ်၊ အမျှင်ဓာတ် ၁.၄ ဂရမ်၊ အသားဓာတ် ဝ.၅ ဂရမ်၊ ဗီတာမင် C ၊ သံဓာတ် ၊ ဗီတာမင် B6 ၊ မဂနီဆီယမ် တို့ပါဝင်ပါတယ်။ ဆားဓာတ်နည်းတဲ့ အတွက် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့လည်း သုံးကြပါတယ်။ ဆနွင်းကို အများဆုံး အဆစ်ရောင်ရောဂါတွေ၊ အစာမကြေတာတွေ၊ လေထိုးတာတွေ၊ ယောင်ယမ်းတာတွေ အတွက် သုံးကြပါတယ်။ ဒါ့အပြင် ခေါင်းကိုက်တာ၊ လေပြွန်ရောင်တာ၊ ဓာတ်မတည့်တာ၊ အရေပြားယားယံတာတွေ အပြင် ရာသီလာချိန် ကိုက်ခဲတာတွေ အတွက်လည်း သုံးနိုင်ပါသေးတယ်။ ဝက်ခြံ မှာ လိမ်းကြတဲ့ အပြင် သွားကိုက်တာ၊ သွားဖုံးယောင်တာတွေ အတွက် ပါ သုံးနိုင်ပါသေးတယ်။

စိတ်ဓာတ်ကျတဲ့ သူအချို့မှာလည်း ဆနွင်းဟာ အသုံးဝင်တယ်လို့ဆိုကြပါတယ်။ ဒါပေမယ့် ဆေးဝါးကုသမှုတော့ သေချာခံယူရပါမယ်။ တချို့လေ့လာတွေ့ရှိချက်တွေမှာတော့ ဆနွင်းဟာ သွေးတွင်းအဆီဓာတ်ကို ကျစေတယ်လို့တွေ့ထားကြပါတယ်။ ခိုင်လုံတဲ့ စမ်းသပ်မှု မျိုးတော့ မတွေ့ရပါဘူး။ အဆစ်အမြစ်ယောင်ယမ်းခြင်းမှာတော့ ဆနွင်းဟာ Ibuprofen ဆေးနီးနီး အကိုက်အခဲ သက်သာစေပေမယ့်၊ Diclofenac ဆေးလောက်တော့ မစွမ်းဘူးလို့တွေ့ရှိရပါတယ်။ လိမ်းတာမျိုးကလည်း အယောင်ကျစေပြီး အန္တရာယ်ကင်းပါတယ်။

ဆနွင်းဟာ အစာအိမ်အနာ ဖြစ်နေတဲ့ သူတွေမှာဆိုရင်တော့ ရောဂါကို သိသိသာသာ သက်သာစေတာမျိုး မရှိဖူးလို့တွေ့ရပါတယ်။ လူတွေ ပြောကြတဲ့ မှတ်ဉာဏ်ရော့နည်းတာ ကာကွယ်နိုင်တာတို့၊ ဆီးချိုကာကွယ်တာတို့၊ အူမကြီးကင်ဆာ ကာကွယ်တာတို့ စတာတွေကိုတော့ သက်သေပြစရာ ခိုင်လုံတဲ့ စာတမ်း မရှိသေးပါဘူး။

ဆနွင်း ကို သတိထားသုံရမယ့် အခြေအနေတွေကတော့ ကိုယ်ဝန်ဆောင်ချိန် နဲ့ သွေးကြဲဆေး သောက်နေရသူတွေဖြစ်ပါတယ်။ အစားအစာချက်ပြုတ်တဲ့ အထဲမှာ ပါတဲ့ ပမာဏက တော့ ဆိုးကျိုး မရှိပေမယ့်၊ ဆနွင်းကို ဆေးအဖြစ် သောက်သုံးတာကိုတော့ ရှောင်ရပါမယ်။ နို့တိုက်တဲ့ အချိန်လည်း အတူတူပါပဲ။ ဆနွင်းသောက်တာမျိုး မသင့်တော်ပါဘူး။ သည်းခြေကျောက်ရှိတဲ့ သူတွေ၊ သည်းခြေပြွန်ပိတ်တဲ့ သူတွေလည်း ဆနွင်းကို ရှောင်ရပါမယ်။ ဒါ့အပြင် ဆနွင်းများများ စားသုံးတာဟာ သံဓာတ်စုပ်ယူမှု ကို ပါ နှောင့်ယှက်တာကြောင့် သွေးအားနည်းသူများ သတိထားပါ။ သွေးခဲမှုကိုပါ ဟန့်တားနိုင်တာကြောင့် ခွဲစိတ်မှု ပြုလုပ်မယ်ဆိုရင် ၂ ပတ် အကြိုကတည်းက ဆနွင်းပါတဲ့ သောက်ဆေးများ ရပ်ပါ။

ဆနွင်းကို သုံးတတ်ရင် ဆေးဖြစ်ပါတယ်။ အစားအစာ ချက်ပြုတ်ရာမှာ အသုံးပြုတဲ့ ပမာဏ နဲ့တော့ ဆိုးကျိုး ရှိတာ ရှားပါတယ်။ သတိပေးချင်တာကတော့ ဆနွင်းနဲ့ပြုလုပ်ထားတဲ့ သောက်ဆေးများကိုပါ။ ချင့်ချိန်ပြီး သုံးတတ်စေဖို့ မျှဝေလိုက်ပါတယ်။ ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။

Dr. Jasmine

ဆႏြင္းရဲ႕ ေကာင္းက်ိဳးမ်ား

ဆႏြင္းရဲ ့ေကာင္းက်ိဳးေတြကို ေျပာမယ္ဆိုရင္ေတာ့ ေျပာလို ့မကုန္ပါဘူး။ ေရွးအစဥ္အဆက္ကတည္းက သံုးခဲ့ၾကပါတယ္။ ေရာဂါေတာ္ေတာ္မ်ားမ်ားကုိ သက္သာေစနိုင္တဲ့အျပင္ သံုးရလြယ္တာေၾကာင့္ လူသိမ်ားပါတယ္။ မီးဖိုေခ်ာင္သံုးေဆး၀ါး အျဖစ္ အသိအမွတ္ျပဳၾကပါတယ္။ စားေဆးအျဖစ္အျပင္၊ လိမ္းေဆး အျဖစ္ပါသံုုးၾကပါတယ္။ တိုင္းရင္းေဆးေဖာ္တဲ့ ေနရာမွာပါ အသံုးမ်ားပါတယ္။ ဆႏြင္းမွာ ပါတဲ့ Curcumin ဆိုတဲ့ ဓာတ္က အစြမ္းရွိတာ ျဖစ္ပါတယ္။ ဆႏြင္းရဲ ့ အာဟာရတန္ဖိုး နဲ ့ အသံုး၀င္ပံုကို ေဖာ္ျပခ်င္ပါတယ္။

ဆႏြင္းမွုန္ ့ထမင္းစားဇြန္း ၁ ဇြန္းမွာ ၂၄ ကယ္လိုရီ၊ အဆီ ၀.၇ ဂရမ္၊ ဆိုဒီယမ္ ၂.၆ မီလီဂရမ္၊ ပိုတက္ဆီယမ္ ၁၇၁.၇ မီလီဂရမ္၊ ကစီဓာတ္ ၄.၄ ဂရမ္၊ အမ်ွင္ဓာတ္ ၁.၄ ဂရမ္၊ အသားဓာတ္ ၀.၅ ဂရမ္၊ ဗီတာမင္ C ၊ သံဓာတ္ ၊ ဗီတာမင္ B6 ၊ မဂနီဆီယမ္ တို ့ပါ၀င္ပါတယ္။ ဆားဓာတ္နည္းတဲ့ အတြက္ ဟင္းခတ္အေမႊးအၾကိဳင္အေနနဲ ့လည္း သံုးၾကပါတယ္။ ဆႏြင္္းကို အမ်ားဆံုး အဆစ္ေရာင္ေရာဂါေတြ၊ အစာမေၾကတာေတြ၊ ေလထိုးတာေတြ၊ ေယာင္ယမ္းတာေတြ အတြက္ သံုးၾကပါတယ္။ ဒါ့အျပင္ ေခါင္းကိုက္တာ၊ ေလျပြန္ေရာင္တာ၊ ဓာတ္မတည့္တာ၊ အေရျပားယားယံတာေတြ အျပင္ ရာသီလာခ်ိန္ ကိုက္ခဲတာေတြ အတြက္လည္း သံုးနိုင္ပါေသးတယ္။ ၀က္ျခံ မွာ လိမ္းၾကတဲ့ အျပင္ သြားကိုက္တာ၊ သြားဖံုးေယာင္တာေတြ အတြက္ ပါ သံုးနိုင္ပါေသးတယ္။

စိတ္ဓာတ္က်တဲ့ သူအခ်ိဳ ့မွာလည္း ဆႏြင္းဟာ အသံုး၀င္တယ္လို ့ဆိုၾကပါတယ္။ ဒါေပမယ့္ ေဆး၀ါးကုသမွုေတာ့ ေသခ်ာခံယူရပါမယ္။ တခ်ိဳ ့ေလ့လာေတြ ့ရွိခ်က္ေတြမွာေတာ့ ဆႏြင္းဟာ ေသြးတြင္းအဆီဓာတ္ကို က်ေစတယ္လို ့ေတြ ့ထားၾကပါတယ္။ ခိုင္လံုတဲ့ စမ္းသပ္မွု မ်ိဳးေတာ့ မေတြ ့ရပါဘူး။ အဆစ္အျမစ္ေယာင္ယမ္းျခင္းမွာေတာ့ ဆႏြင္းဟာ Ibuprofen ေဆးနီးနီး အကိုက္အခဲ သက္သာေစေပမယ့္၊ Diclofenac ေဆးေလာက္ေတာ့ မစြမ္းဘူးလို ့ေတြ ့ရွိရပါတယ္။ လိမ္းတာမ်ိဳးကလည္း အေယာင္က်ေစျပီး အႏၱရာယ္ကင္းပါတယ္။

ဆႏြင္းဟာ အစာအိမ္အနာ ျဖစ္ေနတဲ့ သူေတြမွာဆိုရင္ေတာ့ ေရာဂါကို သိသိသာသာ သက္သာေစတာမ်ိဳး မရွိဖူးလို ့ေတြ ့ရပါတယ္။ လူေတြ ေျပာၾကတဲ့ မွတ္ဥာဏ္ေရာ့နည္းတာ ကာကြယ္နိုင္တာတို ့၊ ဆီးခ်ိဳကာကြယ္တာတို ့၊ အူမၾကီးကင္ဆာ ကာကြယ္တာတို ့ စတာေတြကိုေတာ့ သက္ေသျပစရာ ခိုင္လံုတဲ့ စာတမ္း မရွိေသးပါဘူး။

ဆႏြင္း ကို သတိထားသံုရမယ့္ အေျခအေနေတြကေတာ့ ကိုယ္၀န္ေဆာင္ခ်ိန္ နဲ ့ ေသြးၾကဲေဆး ေသာက္ေနရသူေတြျဖစ္ပါတယ္။ အစားအစာခ်က္ျပဳတ္တဲ့ အထဲမွာ ပါတဲ့ ပမာဏက ေတာ့ ဆိုးက်ိဳး မရွိေပမယ့္၊ ဆႏြင္းကို ေဆးအျဖစ္ ေသာက္သံုးတာကိုေတာ့ ေရွာင္ရပါမယ္။ နို ့တိုက္တဲ့ အခ်ိန္လည္း အတူတူပါပဲ။ ဆႏြင္းေသာက္တာမ်ိဳး မသင့္ေတာ္ပါဘူး။ သည္းေျခေက်ာက္ရွိတဲ့ သူေတြ၊ သည္္းေျချပြန္ပိတ္တဲ့ သူေတြလည္း ဆႏြင္းကို ေရွာင္ရပါမယ္။ ဒါ့အျပင္ ဆႏြင္းမ်ားမ်ား စားသံုးတာဟာ သံဓာတ္စုပ္ယူမွု ကို ပါ ေနွာင့္ယွက္တာေၾကာင့္ ေသြးအားနည္းသူမ်ား သတိထားပါ။ ေသြးခဲမွုကိုပါ ဟန္ ့တားနိုင္တာေၾကာင့္ ခြဲစိတ္မွု ျပဳလုပ္မယ္ဆိုရင္ ၂ ပတ္ အၾကိဳကတည္းက ဆႏြင္းပါတဲ့ ေသာက္ေဆးမ်ား ရပ္ပါ။

ဆႏြင္းကို သံုးတတ္ရင္ ေဆးျဖစ္ပါတယ္။ အစားအစာ ခ်က္ျပဳတ္ရာမွာ အသံုးျပဳတဲ့ ပမာဏ နဲ ့ေတာ့ ဆိုးက်ိဳး ရွိတာ ရွားပါတယ္။ သတိေပးခ်င္တာကေတာ့ ဆႏြင္းနဲ ့ျပဳလုပ္ထားတဲ့ ေသာက္ေဆးမ်ားကိုပါ။ ခ်င့္ခ်ိန္ျပီး သံုးတတ္ေစဖို ့ မ်ွေ၀လိုက္ပါတယ္။ က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။

Dr. Jasmine

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…

Leave a Reply

Your email address will not be published. Required fields are marked *