“မန်ကျည်းသီး၏ အကျိုးအာနိသင်များ”
မန်ကျည်းသီး….မြန်မာတို့တတွေ မန်ကျည်းသီးကို ပုံစံမျိုးစုံဖြင့် စားသုံးကြသည်။
အဓိကအားဖြင့်တော့ အချဉ်ဓာတ်လေးရရန်ငှာ ဟင်းထဲထည့်ချက်ကြသည်။
ထန်းလျက်လေးနဲ့ မန်ကျည်းသီးဖျော်ရည် ဖျော်သောက်ကြသည်။
တစ်ချို့လည်း မန်ကျည်းသီးမှည့်ကို ဆားလေးနဲ့တို့စားကြသည်။
နောက်….မန်ကျည်းတော်ဖီ…မန်ကျည်းဖလိတ်…စသဖြင့် …အမျိုးစုံစွာရနိုင်သည်။
ကဲ…ဒါဖြင့် ….ဒီမန်ကျည်းသီးဟာ ကျန်းမာရေးရှုထောင့်ကနေကြည့်ရင်ရော စားသင့်ရဲ့လား? အကျိုးရရဲ့လား?
ကြည့်လိုက်ကြဦးစို့ !
(1)မန်ကျည်းသီးဟာ အစာကြေလွယ်ပါသတဲ့။
မန်ကျည်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဝမ်းမှန်စေပြီး အစာကြေလွယ်တယ်။အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။
(2)သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။
ဆိုဒီယမ်ဓာတ်ပါဝင်မှုနည်းပြီး သွေးကြောနံရံလေးတွေကို အနားပေးခြင်းအားဖြင့် ပုံမှန်သွေးပေါင်ချိန်ရရှိစေဖို့ ကူညီပေးပါတယ်။
(3)ကျောက်ကပ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပိုမိုကောင်းမွန်စေတယ်။
ကျောက်ကပ်မှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါတယ်။
(4)ကိုယ်ခံအားလည်း တက်စေပါတယ်တဲ့နော်။
မန်ကျည်းသီးမှာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းသို့ ပိုးမွှားများ၊ကင်ဆာဖြစ်စေတဲ့ ပစ္စည်းများ ဝင်ရောက်လာပါက တိုက်ခိုက်စွန့်ထုတ်ပေးပါတယ်။
(5)အသားအရေနဲ့ ဆံပင်တွေကိုလည်း တင်းရင်းကောင်းမွန်စေပါတယ်။
အထက်မှာပြောထားခဲ့သလိုပဲ….ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဗီတာမင် စီ ကြောင့် အသားအရေနဲ့ ဆံပင်တွေကို ကောင်းမွန်စေပါတယ်။
(6)ညဘက်တွေမှာလည်း ကောင်းမွန်စွာ အိပ်အျော်စေပါတယ်။
မန်ကျည်းသီးဟာ အိပ်မပျော်ခြင်း၊ အိပ်စက်မှုပုံမမှန်ခြင်း စတဲ့ ပြသနာတွေကို လျှော့ချပေးပြီး…..သင့်ခန္ဓာကိုယ်ကို လုံလောက်နှစ်ခြိုက်စွာ အိပ်စက်နိုင်အောင် ကူညီပေးပါသတဲ့။
(7)ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ဘီ တွေလည်း ဖြည့်စွမ်းပေးပါသတဲ့။
ရလဒ်အနေနဲ့ နှလုံးသွေးကြောကျဉ်းစောဂါကို ကာကွယ်ပေးတယ်။သွေးအားနည်းစောဂါကို ကာကွ်းပေးပါတယ်။ ဖောလစ်အက်ဆစ်ပါဝင်တာကြောင့်….ကိုယ်ဝန်ဆောင်ချိန်မှာ မန်ကျည်းသီးစားမယ်ပါက ကလေးတွင် ပေါင်မပြည့်ခြင်း၊အာရုံကြောပြနာများဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တ်းလို့ ဆိုပါတယ်။
ကဲ…..မန်ကျည်းသီးဆိုတာ…..ဈေးကြီးတဲ့ အစားအစာထဲမှာ မပါပေမယ့်…..ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။
ဒါကြောင့် မန်ကျည်းသီးကို တန်ဖိုးနည်းတယ်ဆိုပြီး အထင်မသေးလိုက်ဖို့ ပြောလိုက်ပါရစေနော်။
ပိုင်နီမေ
ကြည့်လိုက်ကြဦးစို့ !
ပိုင်နီမေ