ဟင်းနုနယ်၏ ကောင်းကျိုးများ

Spinach ခေါ် ဟင်းနုနယ်ဟာ တစ်နှစ်ပတ်လုံး ပေါက်တဲ့ အပင်ဖြစ်ပြီး အရွက် ကို ဟင်းသီးဟင်းရွက် အနေနဲ့စားသုံးကြပါတယ်။ အစိမ်းဖြစ်စေ၊ ကြော်ချက်၍ ဖြစ်စေ၊ Juice လုပ်သောက်တာ ဖြစ်စေ၊ အအေးခံပြီး Canned လုပ်တာဖြစ်စေ နည်းမျိုးစုံး စားသုံးကြပါတယ်။ အစိမ်းရင့်ရောင် ရှိတဲ့ ဟင်းနုနယ် အရွက်ဟာ တစ်နေ့တာ စားသုံးသင့်တဲ့ အာဟာရ အုပ်စုတွေထဲ အပါအဝင် ဖြစ်ပါတယ်။ အနည်းငယ် စိမ်းရွှင်ရွှင် အနံ့အရသာ ရှိတာကြောင့် ကလေးတွေနဲ့ လူကြီး တစ်ချို့မနှစ်သက်ကြပါဘူး။ ဒါပေမယ့် အာဟာရဓာတ် ကြွယ်ဝတဲ့ ဟင်းနုနယ်ကို လူတိုင်း စားသုံးကြဖို့တိုက်တွန်းလိုပါတယ်။

ဟင်းနုနယ်ဟာ ဟင်းသီးဟင်းရွက် အနွယ်ဝင် ဖြစ်တာကြောင့် ကယ်လိုရီပါဝင်မှု အလွန်နည်းပါတယ်။ ဝိတ်တက်စေတဲ့ အစားအစာ မဟုတ်ပါဘူး။ ဟင်းနုနယ်အရွက်စိမ်း တရုတ်ပန်းကန်လုံး ၁ လုံးမှာ – ၇ ကယ်လိုရီ၊ ဝ.၈၆ ဂရမ် အသားဓာတ်၊ ၃၀ မီလီဂရမ် Calcium၊ ဝ.၈၁ ဂရမ် သံဓာတ်၊ ၂၄ မီလီဂရမ် Magnesium၊ ၁၆၇ မီလီဂရမ် Potassium၊ ၂၈၁၃ IU Vitamin A နဲ့ ၅၈ မိုက်ခရိုဂရမ် ဖောလိတ် ပါဝင်ပါတယ်။ မျက်စိ၊ အသားအရေ၊ ဆံပင်နဲ့ အရိုးကျန်းမာရေး အတွက် အလွန် အထောက်အကူပြုတဲ့ Super Food တစ်မျိုး ဖြစ်ပါတယ်။ အပင်က ရတဲ့ အရွက်ကနေ ဒီလို ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ပါဝင်နေတာဟာ အလွန်အံ့သြဖို့ကောင်းပါတယ်။ လူကြီးလူငယ်မရွေး စားသင့်တဲ့ အရာ ဖြစ်ပါတယ်။

ဒါအပြင် ဟင်းနုနယ်ဟာ ကယ်လိုရီအလွန်နည်းတာကြောင့် ဆီးချိုရှိတဲ့ သူတွေမှာ ရွေးချယ်စားသုံးသင့်တဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ များများစားလို့ရပါတယ်။ သဘာဝဓာတ်တိုးဆန့်ကျင် ပစ္စည်း (Antioxidants) တွေ ပါဝင်နေတာကြောင့် ကင်ဆာရောဂါ တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်တာကြောင့် သွေးပေါင်ချိန်ကိုပါ ထိန်းညှိပေးပါတယ်။ ဒီလိုရောဂါတွေကို ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် နေ့တိုင်း ဟင်းနုနယ်ပဲ စားတာမျိုး၊ နေ့စဉ်ကျိတ်သောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျမတို့ကိုယ်ခန္တာက သင့်တင့်မျှတတဲ့ အာဟာရအမျိုးမျိုး၊ အစားအစာ အမျိုးမျိုးကို လိုအပ်တာ ဖြစ်ပါတယ်။ အစားအစာ တစ်မျိုးတည်းကို ပဲ ရွေးစားတာ ကောင်းကျိူးထက် ဆိုးကျိုးများပါတယ်။

ဟင်းနုနယ်ကို ကလေးတွေကိုပါ စားတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ငယ်ငယ်ကတည်းက ကလေးတွေကို အသီးအရွက် ကြိုက်တတ်အောင် သင်ထားပေးရင် သူ့ဘဝတစ်လျှောက်လုံး ကောင်းမွန်တဲ့ အလေ့အကျင့်လေး ပျိုးထောင်ပေးပြီးသား ဖြစ်သွားပါတယ်။ ရောဂါကင်းဝေးတဲ့ ဘဝကို ရရှိစေပြီး အာဟာရမျှတတဲ့ အတွက် ကိုယ်ရောစိတ်ပါ ကောင်းစွာ ဖွံ့ဖြိုးစေပါတယ်။ မေမေတို့ စိတ်ပူစရာ မလိုတဲ့ ကျန်းမာတဲ့ ကလေးငယ်များ ဖြစ်လာစေပါတယ်။ ဟင်းနုနယ်မှာ ပါတဲ့ Beta carotene ဟာ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ပန်းနာရင်ကျပ် Asthma ကိုပါ ကာကွယ်ပေးနိုင်တယ်လို့ပညာရှင်တွေက ရှာဖွေ တွေ့ရှိထားပါတယ်။

သတိပြုရမယ့် အချက်တွေကတော့ သွေးကျဲဆေးသောက်နေရတဲ့ သူတွေမှာ Vitamin K ကြွယ်ဝတဲ့ အစားအစာ တစ်ခုဖြစ်တဲ့ ဟင်းနုနယ်ကို အလွန်အကျွံ မစားသင့်ပါဘူး။ နာတာရှည်ကျောက်ကပ်အားနည်းတဲ့ သူတွေမှာလည်း ပိုတက်ဆီယမ် စွန့်ထုတ်မှု နည်းနေတတ်ပါတယ်။ ဒီလို အခြေအနေတွေမှာ ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ဟင်းနုနယ်ကို သတိထားစားသုံးသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်ကို သေချာလိုက်နာသင့်ပါတယ်။
အနှစ်ချုပ်ရမယ်ဆိုရင်ဖြင့် ဟင်းနုနယ်ဟာ အလွန်ကောင်းမွန်တဲ့ သဘာ၀ အစားအစာ ဖြစ်တာကြောင့် ကလေးလူကြီး မရွေး သင့်တင့်မျှတစွာ စားသုံးသင့်ကြောင့် မျှဝေပါရစေ။

ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။
Dr. Jasmine

ဟင္းႏုနယ္၏ ေကာင္းက်ိဳးမ်ား

Spinach ေခၚ ဟင္းႏုနယ္ဟာ တစ္ႏွစ္ပတ္လုံး ေပါက္တဲ့ အပင္ျဖစ္ၿပီး အ႐ြက္ ကို ဟင္းသီးဟင္း႐ြက္ အေနနဲ႔စားသုံးၾကပါတယ္။ အစိမ္းျဖစ္ေစ၊ ေၾကာ္ခ်က္၍ ျဖစ္ေစ၊ Juice လုပ္ေသာက္တာ ျဖစ္ေစ၊ အေအးခံၿပီး Canned လုပ္တာျဖစ္ေစ နည္းမ်ိဳးစုံး စားသုံးၾကပါတယ္။ အစိမ္းရင့္ေရာင္ ရွိတဲ့ ဟင္းႏုနယ္ အ႐ြက္ဟာ တစ္ေန႔တာ စားသုံးသင့္တဲ့ အာဟာရ အုပ္စုေတြထဲ အပါအဝင္ ျဖစ္ပါတယ္။ အနည္းငယ္ စိမ္း႐ႊင္႐ႊင္ အနံ႔အရသာ ရွိတာေၾကာင့္ ကေလးေတြနဲ႔ လူႀကီး တစ္ခ်ိဳ႕မႏွစ္သက္ၾကပါဘူး။ ဒါေပမယ့္ အာဟာရဓာတ္ ႂကြယ္ဝတဲ့ ဟင္းႏုနယ္ကို လူတိုင္း စားသုံးၾကဖို႔တိုက္တြန္းလိုပါတယ္။

ဟင္းႏုနယ္ဟာ ဟင္းသီးဟင္း႐ြက္ အႏြယ္ဝင္ ျဖစ္တာေၾကာင့္ ကယ္လိုရီပါဝင္မႈ အလြန္နည္းပါတယ္။ ဝိတ္တက္ေစတဲ့ အစားအစာ မဟုတ္ပါဘူး။ ဟင္းႏုနယ္အ႐ြက္စိမ္း တ႐ုတ္ပန္းကန္လုံး ၁ လုံးမွာ – ၇ ကယ္လိုရီ၊ ဝ.၈၆ ဂရမ္ အသားဓာတ္၊ ၃၀ မီလီဂရမ္ Calcium၊ ဝ.၈၁ ဂရမ္ သံဓာတ္၊ ၂၄ မီလီဂရမ္ Magnesium၊ ၁၆၇ မီလီဂရမ္ Potassium၊ ၂၈၁၃ IU Vitamin A နဲ႔ ၅၈ မိုက္ခ႐ိုဂရမ္ ေဖာလိတ္ ပါဝင္ပါတယ္။ မ်က္စိ၊ အသားအေရ၊ ဆံပင္နဲ႔ အ႐ိုးက်န္းမာေရး အတြက္ အလြန္ အေထာက္အကူျပဳတဲ့ Super Food တစ္မ်ိဳး ျဖစ္ပါတယ္။ အပင္က ရတဲ့ အ႐ြက္ကေန ဒီလို ဗီတာမင္နဲ႔ သတၱဳဓာတ္မ်ိဳးစုံ ပါဝင္ေနတာဟာ အလြန္အံ့ၾသဖို႔ေကာင္းပါတယ္။ လူႀကီးလူငယ္မေ႐ြး စားသင့္တဲ့ အရာ ျဖစ္ပါတယ္။

ဒါအျပင္ ဟင္းႏုနယ္ဟာ ကယ္လိုရီအလြန္နည္းတာေၾကာင့္ ဆီးခ်ိဳရွိတဲ့ သူေတြမွာ ေ႐ြးခ်ယ္စားသုံးသင့္တဲ့ အစားအစာ တစ္မ်ိဳး ျဖစ္ပါတယ္။ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ပါတယ္။ မ်ားမ်ားစားလို႔ရပါတယ္။ သဘာဝဓာတ္တိုးဆန္႔က်င္ ပစၥည္း (Antioxidants) ေတြ ပါဝင္ေနတာေၾကာင့္ ကင္ဆာေရာဂါ ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ပိုတက္ဆီယမ္ ပါဝင္တာေၾကာင့္ ေသြးေပါင္ခ်ိန္ကိုပါ ထိန္းညႇိေပးပါတယ္။ ဒီလိုေရာဂါေတြကို ကာကြယ္ေပးႏိုင္တယ္ ဆိုေပမယ့္ ေန႔တိုင္း ဟင္းႏုနယ္ပဲ စားတာမ်ိဳး၊ ေန႔စဥ္က်ိတ္ေသာက္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ က်မတို႔ကိုယ္ခႏၲာက သင့္တင့္မွ်တတဲ့ အာဟာရအမ်ိဳးမ်ိဳး၊ အစားအစာ အမ်ိဳးမ်ိဳးကို လိုအပ္တာ ျဖစ္ပါတယ္။ အစားအစာ တစ္မ်ိဳးတည္းကို ပဲ ေ႐ြးစားတာ ေကာင္းက်ိဴးထက္ ဆိုးက်ိဳးမ်ားပါတယ္။

ဟင္းႏုနယ္ကို ကေလးေတြကိုပါ စားတတ္ေအာင္ ေလ့က်င့္ေပးသင့္ပါတယ္။ ငယ္ငယ္ကတည္းက ကေလးေတြကို အသီးအ႐ြက္ ႀကိဳက္တတ္ေအာင္ သင္ထားေပးရင္ သူ႔ဘဝတစ္ေလွ်ာက္လုံး ေကာင္းမြန္တဲ့ အေလ့အက်င့္ေလး ပ်ိဳးေထာင္ေပးၿပီးသား ျဖစ္သြားပါတယ္။ ေရာဂါကင္းေဝးတဲ့ ဘဝကို ရရွိေစၿပီး အာဟာရမွ်တတဲ့ အတြက္ ကိုယ္ေရာစိတ္ပါ ေကာင္းစြာ ဖြံ႕ၿဖိဳးေစပါတယ္။ ေမေမတို႔ စိတ္ပူစရာ မလိုတဲ့ က်န္းမာတဲ့ ကေလးငယ္မ်ား ျဖစ္လာေစပါတယ္။ ဟင္းႏုနယ္မွာ ပါတဲ့ Beta carotene ဟာ ကေလးငယ္ေတြမွာ ျဖစ္တတ္တဲ့ ပန္းနာရင္က်ပ္ Asthma ကိုပါ ကာကြယ္ေပးႏိုင္တယ္လို႔ပညာရွင္ေတြက ရွာေဖြ ေတြ႕ရွိထားပါတယ္။

သတိျပဳရမယ့္ အခ်က္ေတြကေတာ့ ေသြးက်ဲေဆးေသာက္ေနရတဲ့ သူေတြမွာ Vitamin K ႂကြယ္ဝတဲ့ အစားအစာ တစ္ခုျဖစ္တဲ့ ဟင္းႏုနယ္ကို အလြန္အကြၽံ မစားသင့္ပါဘူး။ နာတာရွည္ေက်ာက္ကပ္အားနည္းတဲ့ သူေတြမွာလည္း ပိုတက္ဆီယမ္ စြန္႔ထုတ္မႈ နည္းေနတတ္ပါတယ္။ ဒီလို အေျခအေနေတြမွာ ပိုတက္ဆီယမ္ ႂကြယ္ဝတဲ့ ဟင္းႏုနယ္ကို သတိထားစားသုံးသင့္ပါတယ္။ ဆရာဝန္ ၫႊန္ၾကားခ်က္ကို ေသခ်ာလိုက္နာသင့္ပါတယ္။
အႏွစ္ခ်ဳပ္ရမယ္ဆိုရင္ျဖင့္ ဟင္းႏုနယ္ဟာ အလြန္ေကာင္းမြန္တဲ့ သဘာ၀ အစားအစာ ျဖစ္တာေၾကာင့္ ကေလးလူႀကီး မေ႐ြး သင့္တင့္မွ်တစြာ စားသုံးသင့္ေၾကာင့္ မွ်ေဝပါရေစ။

က်န္းမာေပ်ာ္႐ႊင္ေသာ ဘဝမ်ား ပိုင္ဆိုင္ၾကပါေစ။
Dr. Jasmine

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…