ကိုယ်အလေးချိန်ကျစေသော အချိုမပါ ကွေကာ
အချိုမပါသော ကွေကာအုတ် (Oat Meal) ဟာ ကောက်ပဲသီးနှံ အမျိုးအနွယ်ဝင် ဖြစ်ပါသည်၊ သို့သော် ပြုပြင်ထားခြင်းမရှိတာကြောင့် စားသုံးသူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည့် အမျှင်ဓာတ်၊ ဗီတာမင် E, ဘီတာ ဂလူတင် ,ဆိုင်ပိုနင်ဓတ်များ များစွာပါဝင်ပါသည် ကိုယ်တွင်းရှိ မလိုအပ်သော အဆီ၊အချိုဓာတ်များကို ခန္တာကိုယ်ပြင်ပ သို့စွန့်ထုတ်ပေးပြီး ကိုယ်အလေးချိန်ကျစေသောအာနိသင်ရှိပါသည် ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချနေသူများအနေနှင့် အကောင်းဆုံး အစားအစာဖြစ်ပါသည် Oat Meal မှာပါတဲ့ ဘီတာ ပိုလီဆက်ခရိုဒ်ကို လူ၏ခန္တာကိုယ်မှ စုပ်ယူခြင်း၊ခြေဖျက်နိုင်ခြင်း မရှိတာကြောင့် ကိုယ်အလေးချိန်မတက်ဘဲ ဝမ်းအဖြစ်နှင့်သာ ကိုယ်တွင်းမှ စွန့်ထုတ်လိုက်ခြင်း ဖြစ်ပါသည် ဒါကြောင့် ကိုယ်အလေးချိန်လည်း လျှော့ခြင်၊ ဗိုက်ဆာသည့် ဒုက္ခလည်းမခံစားခြင်သူတို့ အတွက် အလွန်အဆင်ပြေလှပါသည် သောက်သုံးပုံမှာ အဆီထုတ်ထားသောနို့ (Low Fat Milk) နှင့် ရေနွေးဖျော ထားသော ကွေကာ (oat meal) တို့ကို သမအောင်ရောမွှေ၍ စားသုံးနိုင်ပါသည် သောက်သုံးရန်အချိန်မှာညနေစာ လျှော့စားသူ (သို့) လုံးဝမစားသူများအနေနှင့် အထက်ဖော်ပြပါအတိုင်း စားသုံးခြင်းဖြင့် ကိုယ်လေးချိန်လျှော့ချနိုင်မည် ဖြစ်ပါသည်။
မယ်တင်(ဆေး ၁)
မယ်တင်(ဆေး ၁)