lip balm ရဲ့ ကောင်းကျိုးများ
ဆောင်းရာသီရောက်လာတဲ့ အတွက် ရာသီဥတုဒဏ်ကြောင့် အသားအရေ ပြောင်းလဲလာမှုကို လူတိုင်းနီးပါး ခံစားရတတ်ပါတယ်
ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့ အစိတ်အပိုင်း တွေထဲကတစ်ခုဖြစ်တဲ့ နှုတ်ခမ်းလဲ ဆောင်းရာသီမှာ ခြောက်သွေ့မှုတွေနဲ့ ရင်ဆိုင်လာရမှာမလွဲပါဘူး နူးညံ့တဲ့ နှုတ်ခမ်းလေးက ရာသီဥတုအေးတာတွေ, ရေသောက်နည်းတာတွေ, ခြောက်သွေ့ပူလောင်တဲ့ရာသီတွေ, နေရောင်ခြည်ပြင်းပြင်းနဲ့ ထိတွေ့မိတဲ့ အချိန်တွေမှာ နှုတ်ခမ်းခြောက်ခြင်း, နှုတ်ခမ်းကွြဲခင်း , သွေးထွက်ခြင်း, နာကျင်ခြင်းများ ခံစားရတတ်ပါတယ်
နှုတ်ခမ်း ကျန်းမာအောင် ထိန်းသိမ်းဖို့ အလွယ်ကူဆုံးနည်းလေးကတော့ lip balm လေးတွေ မကြာခဏ ဆိုးပေးချင်းပါပဲ များသောအားဖြင့် lip balm တွေကို vitamin E, shea butter, rose flower wax, pastel oil, bee wax, camphor, paraffin, lanolin, petroleum jelly, dyes, flavours, phenols, sunscreen, salicylic acid, fragrances တို့ဖြင့် ပြုလုပ်လေ့ရှိပါတယ်
lip balm လေးကို ပုံမှန်ဆိုးပေးခြင်းအားဖြင့် နှုတ်ခမ်းကွဲတာကို သက်သာစေပြီး အနာမြန်မြန်ကျက်စေတဲ့အတွက် ရောဂါပိုးမွှားတွေ ဝင်ရောက်ပြီး ပြည်တည်ခြင်းမှလဲ ကာကွယ်ပေးပါတယ် နှုတ်ခမ်းသားကို နူးညံ့ပျော့ပျောင်းစေတဲ့အပြင် နေရောင်ခြည်ကြောင့် နှုတ်ခမ်းသားပျက်ဆီးခြင်းကိုလဲ ကာကွယ်ပေးပါတယ် နှုတ်ခမ်းသားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးထားတဲ့ အတွက် နှုတ်ခမ်းလေးကို နုပျိုကျန်းမာစေပါတယ်
lip balm လေးတွေက ဝယ်ယူသုံးစွဲရတာ လွယ်တဲ့အပြင် ကိုယ့်ဘာသာလဲ ပြုလုပ်နိုင်တဲ့ အတွက် နှုတ်ခမ်းကျန်းမာရေးအတွက် လူတိုင်းဆောင်ထားသင့်တဲ့ lip care လေးတစ်ခုပါပဲ တစ်ခုသတိပြုရမှာလေးကတော့ အရောင်အရမ်းရင့်တဲ့ lip balm တွေက နှုတ်ခမ်းသားကို ပျက်ဆီးစေတဲ့အတွက် အရောင်ဖျော့ ဒါမှမဟုတ် color မပါတဲ့ lip balm လေးတွေ အသုံးပြုပေးရင် အကောင်းဆုံးပါပဲနော်
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
lip balm ရဲ႕ ေကာင္းက်ိဳးမ်ား
ေဆာင္းရာသီေရာက္လာတဲ့ အတြက္ ရာသီဥတုဒဏ္ေၾကာင့္ အသားအေရ ေျပာင္းလဲလာမႈကို လူတိုင္းနီးပါး ခံစားရတတ္ပါတယ္
ခႏၶာကိုယ္ရဲ႕ ႏူးညံ့တဲ့ အစိတ္အပိုင္း ေတြထဲကတစ္ခုျဖစ္တဲ့ ႏႈတ္ခမ္းလဲ ေဆာင္းရာသီမွာ ေျခာက္ေသြ႕မႈေတြနဲ႔ ရင္ဆိုင္လာရမွာမလြဲပါဘူး ႏူးညံ့တဲ့ နႈတ္ခမ္းေလးက ရာသီဥတုေအးတာေတြ, ေရေသာက္နည္းတာေတြ, ေျခာက္ေသြ႕ပူေလာင္တဲ့ရာသီေတြ, ေနေရာင္ျခည္ျပင္းျပင္းနဲ႔ ထိေတြ႕မိတဲ့ အခိ်န္ေတြမွာ နႈတ္ခမ္းေျခာက္ျခင္း, နႈတ္ခမ္းကြၿဲခင္း , ေသြးထြက္ျခင္း, နာက်င္ျခင္းမ်ား ခံစားရတတ္ပါတယ္
နႈတ္ခမ္း က်န္းမာေအာင္ ထိန္းသိမ္းဖို႔ အလြယ္ကူဆံုးနည္းေလးကေတာ့ lip balm ေလးေတြ မၾကာခဏ ဆိုးေပးခ်င္းပါပဲ မ်ားေသာအားျဖင့္ lip balm ေတြကို vitamin E, shea butter, rose flower wax, pastel oil, bee wax, camphor, paraffin, lanolin, petroleum jelly, dyes, flavours, phenols, sunscreen, salicylic acid, fragrances တို႔ျဖင့္ ျပဳလုပ္ေလ့ရွိပါတယ္
lip balm ေလးကို ပံုမွန္ဆိုးေပးျခင္းအားျဖင့္ နႈတ္ခမ္းကြဲတာကို သက္သာေစၿပီး အနာျမန္ျမန္က်က္ေစတဲ့အတြက္ ေရာဂါပိုးမႊားေတြ ဝင္ေရာက္ၿပီး ျပည္တည္ျခင္းမွလဲ ကာကြယ္ေပးပါတယ္ နႈတ္ခမ္းသားကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစတဲ့အျပင္ ေနေရာင္ျခည္ေၾကာင့္ နႈတ္ခမ္းသားပ်က္ဆီးျခင္းကိုလဲ ကာကြယ္ေပးပါတယ္ နႈတ္ခမ္းသားရဲ႕ အစိုဓာတ္ကို ထိန္းသိမ္းေပးထားတဲ့ အတြက္ နႈတ္ခမ္းေလးကို ႏုပ်ိဳက်န္းမာေစပါတယ္
lip balm ေလးေတြက ဝယ္ယူသံုးစြဲရတာ လြယ္တဲ့အျပင္ ကိုယ့္ဘာသာလဲ ျပဳလုပ္နိုင္တဲ့ အတြက္ နႈတ္ခမ္းက်န္းမာေရးအတြက္ လူတိုင္းေဆာင္ထားသင့္တဲ့ lip care ေလးတစ္ခုပါပဲ တစ္ခုသတိျပဳရမွာေလးကေတာ့ အေရာင္အရမ္းရင့္တဲ့ lip balm ေတြက နႈတ္ခမ္းသားကို ပ်က္ဆီးေစတဲ့အတြက္ အေရာင္ေဖ်ာ့ ဒါမွမဟုတ္ color မပါတဲ့ lip balm ေလးေတြ အသံုးျပဳေပးရင္ အေကာင္းဆံုးပါပဲေနာ္
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)