benefit of having pet

အိမ်မွေးတိရစ္ဆာန်ရှိခြင်း၏ ကောင်းကျိုးများ

1. Allergy Fighters✨✨✨အိမ်မွေးတိရစ္ဆာန်များ ရှိခြင်းကြောင့် ကလေးများတွင် allergic ဖြစ်ခြင်းနှင့် asthma ပန်းနာရင်ကျပ်ဖြစ်ပွားမှုနှုန်း သိသိသာသာ ကျဆင်းကြောင်း လေ့လာချက်များ အရ သိရှိရပါတယ်။

2. Date magnets💘💘💘💕ကြင်ယာဖက်တွေ့ခြင်းအတွက် အခြေခံကျတဲ့ အိမ်မွေးတိရစ္ဆာန်ကတော့ ခွေးပဲဖြစ်ပါတယ်။ ခွေးလေးကို လိုက် ထိန်းကျောင်းရင်း ဇာတ်လမ်းလေးတွေ ဖြစ်ရသည်မှာလည်း မနည်းမနောပင်။ ‘ခွေးလေးက ချစ်စရာလေးနော်’ ဟူသော စကားလေးမှ အစချီကာ လမ်းထိပ်မုန့်ဟင်းခါးဆိုင်မှ နိဗ္ဗာန်ထိ အတူ သွားနိုင်ဖို့ ကြိုးစားနိုင်ပေလိမ့်မည်။

3. Dogs for aged😱😱😱အသက်အရွယ်ကြီးမြင့်သူများနှင့် alzheimer ရောဂါ ခံစားနေရသူများ အနေဖြင့် တိရစ္ဆာန်လေးများ ရှိနေခြင်းကြောင့် လေ့ကျင့်ခန်း ပြုလုပ်ပြီးသားဖြစ်သွားပြီး စိတ်ခံစားမှုများ ကုစားပေးသည့်အတွက် အထီးကျန်ဆန် မှုကိုလည်း လျော့ချပေးပါတယ်။4.Good for mind and soul😇😇😇စိတ်ချမ်းသာစေရုံမျှ မက ကိုယ်ကိုလဲ ကျန်းမာစေပါတယ်။ လေ့လာတွေ့ရှိချက်များ အရ ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူများတွင် အိမ်မွေးတိရစ္ဆာန် ရှိသူများသည် စိတ်ဖိစီးမှု depression ပိုနည်း‌ စေပါတယ်။ သွေးတိုးရှိသူများ တွင်လည်း သွေးပေါင်ချိန်ထိန်းညှိခြင်း‌တွင်ပါဝင်နေပြန်ပါတယ်။

5.Good for heart ❤️❤️❤️နှလုံးဖောက်နေချိန် ခွေးဟောင်သံကြောင့် အနီးပတ်ဝန်းကျင်ရှိ လူများ ရောက်လာကာ ဆေးရုံသို့ အချိန်မှီ ပို့ပေးရာမှတစ်ဆင့် အသက်ဆုံရှုံးမှု ဘေးမှ ကင်းလွတ်သွားသော ဖြစ်ရပ်များသည် ရုပ်ရှင်ထဲမှာပဲ ရှိသည် မဟုတ်ပေ။ အပြင်လောကတွင်လည်း အလားတူဖြစ်ရပ်များ ကြားဖူးလေ့ရှိပါတယ်။ အိမ်မွေးတိရစ္ဆာန်ရှိခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးနိုင်ပြန်ပါတယ်။ 🐈🐇🐩🐕

Dr Thuta

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Vitamin B မချို့တဲ့ရအောင် ဘာတွေ စား‌ပေးရမလဲ ❓

1 Mins read
Vitamin B ဆိုတာကတော့ Vitamin B1, B2,B6 နဲ့ B12 တို့ကို ပေါင်းစပ်ပြီး B Complex လို့လဲ ခေါ်ကြပါတယ်၊B-Complex ကဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့ အချို့သော Enzymes တွေ လုပ်ဆောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်၊Vitamin-B ဟာဆိုရင် ကျန်းမာရေးအတွက်အရမ်းကိုမှအရေးပါ…