” စကားပြောသော မျက်ဝန်းများ “

သင်သိပါသလား?သင့်ရဲ့မျက်ဝန်းတစ်ဝိုက်က သင်နဲ့ပတ်သက်ပြီး အများကြီး ဖော်ပြနိုင်တယ်ဆိုတာ…..

သင့်မျက်ဝန်းတစ်ဝိုက်ကတစ်ဆင့် သင့်အသက်အရွယ်၊သင်အိပ်ရေးပျက်ထားလား၊သင်ပင်ပန်းနွမ်းနယ်နေလားစသဖြင့် သင့်အကြောင်းများစွာသိနိုင်ပါတယ်။မျက်ဝန်တစ်ဝိုက်မှာ ဖောင်းနေတာ၊ မျက်ကွင်းညိုနေတာ၊ အရေးအကြောင်းထင်နေတာ၊ အရေတွန့်နေတာ…စတာတွေဟာ သင့်ရဲ့အလှအပကို သိသာစွာ ပျက်ယွင်းစေနိုင်ပါတယ်။ဒီအချက်ကို ကာကွယ်ချင်တယ်ဆိုရင်တော့ သင့်တော်မယ့် eyecream(မျက်ဝန်းလိမ်းခရင်မ်) ကောင်းကောင်းတစ်မျိုးကို အမြဲသုံးပေးဖို့လိုပါလိမ့်မယ်။

->မျက်အိတ်ဖောင်းတတ်တဲ့သူများအတွက် ကဖင်း(သို့)သခွားသီးနဲ့ပြုလုပ်ထားတဲ့ eyecream အမျိုးအစား ရွေးချယ်သုံးစွဲသင့်ပါတယ်။

->မျက်ကွင်းညိုသူတွေအနေနဲ့ကတော့ ဗီတာမင် C နဲ့ ဗီတယမင် K ပါဝင်တဲ့ eyecream မျိုး ၊ kojic acid(သို့) licorice acid ပါဝင်တဲ့ အမျိုးအစားသုံးသင့်ပါတယ်။

->အရေးအကြောင်းလေးတွေ ပေါ်နေပြီဆိုရင်တော့ retinol ပါတာလေး ရွေးလိမ်းပါနော်။

Eyecream တွေနဲ့ပတ်သက်လို့ သတိထားရမယ့်အချက်လေးတွေကတော့

-ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားပါ။

-မိတ်ကပ်မလိမ်းမီ eyecream အရင်လိမ်းပါ။

-မျက်ဝန်းတစ်ဝိုက်ဧရိယာဟာ sensitive ဖြစ်တတ်တာကြောင့်အနံမပါတဲ့ eyecream အမျိုးအစားသာ အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

ဒေါက်တာဝင်း (UM 2)

” စကားေျပာေသာ မ်က္ဝန္းမ်ား “

သင္သိပါသလား?သင့္ရဲ႕မ်က္ဝန္းတစ္ဝိုက္က သင္နဲ႔ပတ္သက္ၿပီး အမ်ားႀကီး ေဖာ္ျပႏိုင္တယ္ဆိုတာ…..

သင့္မ်က္ဝန္းတစ္ဝိုက္ကတစ္ဆင့္ သင့္အသက္အရြယ္၊သင္အိပ္ေရးပ်က္ထားလား၊သင္ပင္ပန္းႏြမ္းနယ္ေနလားစသျဖင့္ သင့္အေၾကာင္းမ်ားစြာသိႏိုင္ပါတယ္။မ်က္ဝန္တစ္ဝိုက္မွာ ေဖာင္းေနတာ၊ မ်က္ကြင္းညိဳေနတာ၊ အေရးအေၾကာင္းထင္ေနတာ၊ အေရတြန္႔ေနတာ…စတာေတြဟာ သင့္ရဲ႕အလွအပကို သိသာစြာ ပ်က္ယြင္းေစႏိုင္ပါတယ္။ဒီအခ်က္ကို ကာကြယ္ခ်င္တယ္ဆိုရင္ေတာ့ သင့္ေတာ္မယ့္ eyecream(မ်က္ဝန္းလိမ္းခရင္မ္) ေကာင္းေကာင္းတစ္မ်ိဳးကို အျမဲသံုးေပးဖို႔လိုပါလိမ့္မယ္။

->မ်က္အိတ္ေဖာင္းတတ္တဲ့သူမ်ားအတြက္ ကဖင္း(သို႔)သခြားသီးနဲ႔ျပဳလုပ္ထားတဲ့ eyecream အမ်ိဳးအစား ေရြးခ်ယ္သံုးစြဲသင့္ပါတယ္။

->မ်က္ကြင္းညိဳသူေတြအေနနဲ႔ကေတာ့ ဗီတာမင္ C နဲ႔ ဗီတယမင္ K ပါဝင္တဲ့ eyecream မ်ိဳး ၊ kojic acid(သို႔) licorice acid ပါဝင္တဲ့ အမ်ိဳးအစားသံုးသင့္ပါတယ္။

->အေရးအေၾကာင္းေလးေတြ ေပၚေနၿပီဆိုရင္ေတာ့ retinol ပါတာေလး ေရြးလိမ္းပါေနာ္။

Eyecream ေတြနဲ႔ပတ္သက္လို႔ သတိထားရမယ့္အခ်က္ေလးေတြကေတာ့

-ေရခဲေသတၱာထဲမွာ သိမ္းဆည္းထားပါ။

-မိတ္ကပ္မလိမ္းမီ eyecream အရင္လိမ္းပါ။

-မ်က္ဝန္းတစ္ဝိုက္ဧရိယာဟာ sensitive ျဖစ္တတ္တာေၾကာင့္အနံမပါတဲ့ eyecream အမ်ိဳးအစားသာ အသင့္ေတာ္ဆံုးျဖစ္ပါလိမ့္မယ္။

ေဒါက္တာဝင္း (UM 2)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *