သခွားသီးလေးတွေဝါးကြည့်ပါလား
မိုးရွာရင် စိုစိုစွတ်စွတ်နေရပေမယ့် ပူအိုက်မှုကတော့ ကျန်ရစ်ခဲ့တာပါပဲ။ ရာသီဥတုကိုက အိုက်စပ်စပ်မို့ အေးမြလာအောင် သဘာဝအစားအစာလည်းဖြစ် အလွယ်တကူဈေးသက်သာ စွာ လည်းဝယ်ယူနိုင်တဲ့ လတ်လတ်ဆတ်ဆတ် သခွားသီးလေးတွေကို အဆာပြေစားဖို့ တိုက် တွန်းလိုပါတယ်။ အာဟာရဓာတ်ပညာရှင်တွေကလည်း လတ်လတ်ဆတ်ဆတ်သခွားသီး အရည်ရွှမ်းရွှမ်းတွေကိုစူပါအစားအစာအဖြစ်အသုံးပြုကြဖို့ နှိုးေျဆာ်နေကြပြီဖြစ်တယ်။ သခွား သီးတွေကို ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အစိုက်ပျိုးဆုံးအသီးြ့ဖစ်လာစေပါတယ်။ ဘာကြောင့် လည်းဆိုတော့ သခွားသီးရဲ့ အာဟာရဓာတ်တန်ဖိုးကလည်း တကယ်အလုပ်ဖြစ်တာမို့ပါ။
စူပါစာရင်းဝင်ရတဲ့အကြောင်းကလည်း သခွားသီးစားရင် အင်တီအောက်စီဒင့်တွေရ မယ်။ အရောင်အရမ်းလျော့ကျစေတယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အကျိုး ကျေးဇူးတွေလည်းရတာမို့ပါ။ သခွားသီးမှာ အပင်ကရတဲ့အာဟာရဓာတ်တွေကတော့ ကူကာ ဘီတစင်၊ လစ်ဂ်နင်နဲ့ ဖလေဗင်နွိုက်ခေါ်သဘာဝအာဟာရဓာတ်တွေဖြစ်တယ်။ အောက်ပါအ ချက်တွေကို ဖတ်လိုက်တာနဲ့ သခွားသီးစားချင်စိတ်များများပေါ်လာမှာဖြစ်တယ်။
၁။ခန္ဒာကိုယ်အား ရေဓာတ်ဖြည့်စေ ဗီတာမင်တွေထပ်ဖြည့်စေ
အရည်ရွှမ်းလို့ သခွားသီးတစ်ကိုက်ကိုက်ရင်တောင် ရေစင်ထွက်လာသလား ထင်ရပါတယ်။ 95%ရေဓာတ်ပါလို့ ခန္ဒာကိုယ်ထဲက အဆိပ်အတောက်တွေကို ဆေးချသလို (သူ့ကိုစားရင်) လုပ်ပေးနိုင်တယ်။ နောက်တစ်ခုက လူတစ်ဦးတနေ့စာလိုအပ်တဲ့ ဗီတာမင် ဓာတ်တွေအများဆုံးပါဝင်တယ်။ သတိထားရမှာက အခွဲမခွာပစ်ပါနှင့် အခွံမှာ ဗီတာမင် C ပါဝင်မှုဟာ နေ့စဉ်လိုအပ်ချက်ရဲ့ 10%တောင်ပါလို့ပါပဲ
၂။စားလေလေ ဗီတာမင်ပိုရလေ
သခွားသီးမှာ ဗီတာမင် B ကြွယ်ဝတော့ စွမ်းအင်လောင်စာအဖြစ်တစ်နေ့လုံး လူကိုလန်းဆန်းစေပါတယ်။ သကြားဓာတ်များတဲ့ အစားတွေကိုစားလိုက်မဲ့ သခွားသီးစားခြင်း ဖြင့် ကော်ဖီ၊ ဆိုဒါ၊ မြန်မာမုန့်၊ ဘီစကစ်တွေလျှော့စားနိုင်ပါသေးတယ်။
၃။ဝိတ်ချဖို့ကြံနေသူတွေ အစာကြေလွယ်ဖို့
သခွားသီးဟာ ကယ်လိုရီနည်းပြီး ရေဓာတ်မြင့်မားလို့ ဝိတ်ချချင်သူတွေအ တွက် သူ့ကိုလည်းစားပေးနိုင်တဲ့ စာရင်းထဲတို့ထားသင့်တယ်။ ရေဓာတ်နဲ့ အမျှင်ဖိုင်ဘာဓာတ် မြင့်လို့ အစာခြေစနစ်မှာ ခန္ဒာကိုယ်ထဲက အဆိပ်တွေဖယ်ထုတ်ပေးနိုင်သလို ဝမ်းမှန်စေတယ်။ ဝမ်းချုပ်တတ်သူတွေ စားကြည့်ပါလေ။
၄။အသားအရေနဲ့ ဆံပင်ကောင်းခြင်းရစေ
နေလောင်ဒဏ်ခံရသူတွေ အသားအရေခြောက်သွေ့သူတွေ နေ့စဉ်စားပေး နိုင်ရင် ပိုကောင်းတယ်။ မျက်ခွံတွေမို့အစ်နေရင် အဆီထွက်များတဲ့ မျက်နှာဖြစ်ရင် သခွားသီး ကိုအကွင်းလိုက်လှီးပြီး အရေပြားနဲ့မျက်ခွံတဝိုက် နာရီဝက်ခန့်တင်ထားပေးလိုက်ပါ။ တစောင်း လက်ပတ်လိုပဲ သိသာလိမ့်မယ်။ ဆံပင်သန်အောင် လုပ်ပေးတဲ့ Hair Treatment တွေမှာ သခွားသီးဟာ မပါမဖြစ်ပါဝင်ပစ္စည်းတခုဖြစ်တယ်။
၅။ခံတွင်းရနဲ့မွှေးပျံ့စေ
လျှာနဲပ အာခေါင်မိုးပေါ်မှာ သခွားသီးတစ်စိပ်စီကပ်ပေးတင်ပေးကြည့်ပါ။ စက္ကန့် ၃၀ လောက်တင်ပေးယုံဖြင့် အာခံတွင်းရှင်းလာတာတွေ့ရလိမ့်မယ်။ လျှာအရင်းအောက် ဖိဖိပေးထားရင် ပိုတောင်သိသာလိမ့်မယ်။ ပါးစပ်နဲ့ခံတွင်းထဲက ဘတ်တီးရီးယားတွေကို သေ စေနိုင်ပါတယ်။ ဒါမှ ခံတွင်းရနံ့ပိုကောင်းလာစေပါတယ်။
၆။ညကအသောက်လွန်သွားလား
ညက သူငယ်ချင်းအပေါင်းအသင်းတွေနဲ့မို့ များသွားရင် မနက်မှာလူကခေါင်းအုံ တာ၊ ခဲတာ၊ ကိုက်တာ စတဲ့ဝေဒနာဖြစ်တတ်ရင် ညကတည်းက အိမ်ပြန်ရောက်တာနဲ့ မအိပ်ခင် သခွားသီး လေးငါးစိတ်လောက် ကောက်ဝါးပစ်ပါ။ ပြီးရင် ရေတစ်ဖန်ခွက်လောက်ပါ သောက်ချပါလေ။ သခွားသီးထဲမှာ သင့်အတွက် အချိုဓာတ်လုံလုံလောက်လောက် ပါတယ်။ ဗီတာမင် B တွေလည်း ပါတယ်။ သတ္တုဓာတ်ဆား အီလက်ထရိုလိုက်တွေလည်းပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကြောင့် သင့်ခန္ဒာကိုယ်ထဲက ခန်းခြောက်သွားတဲ့ သတ္တုဓာတ်ဆားနဲ့ ရေဓာတ် ဗီတာမင်များစတဲ့ အာဟာရဓာတ်တွေပြန်လည် ဖြည့်ဆည်းပေး မယ့်အပြင် အသောက်များလို့ ခေါင်းကိုက်တဲ့ ခေါင်းအုံတဲ့ပြဿနာတွေဖြေရှင်းပြီးစီးသွားစေမှာ ဖြစ်တယ်။
၇။အဆစ်အမြစ်ကိုက်တတ်သူလား
အသက်ရလာလို ဒူးကိုက်တာ၊ ဒူးဆစ်ရောင်တာ၊ ဒူးနာတာရှိပါသလား၊ ဒါမှမဟုတ် ဂေါက်ရောဂါကြောင့် ခြေဆစ်တွေရောင်ရမ်းနာကျင်တတ်သူဆိုရင် သခွားသီးက နာကျင်ကိုက်ခဲခြင်းကို ဖြေရှင်းပေမယ့် အကောင်းဆုံးအရင်းအမြစ်စားစရာလို့ ပြောချင်ပါတယ်။ သူကလူ့ခန္ဒာကိုယ်အဆစ်အမြစ်တွေနဲ့ တိုက်ရိုက် အကောင်းဆုံး အရင်းအမြစ်စားစရာလို့ပြော ချင်ပါတယ်။ သူက လူ့ခန္ဒာကိုယ်အဆစ်အမြစ်တွေနဲ့ တိုက်ရိုက်ဆက်ထားတဲ့ တွယ်ဆက် တစ်ရှူးတွေကို ကြံ့ခိုင်သန်စွမ်းစေလို့ပါ။ ဒီပြင် ဗီတာမင် A, B1, B6, C နဲ့ D နဲ့ ဖောလိတ်ဓာတ် တွေလည်းပါလို့ ကြွက်သားနဲ့တွယ်ဆက်တစ်ရှူးအရိုးအတွက် အထူးအရေးပါတယ်။ သခွားသီးနဲ့ ဥနီတို့ရောမွှေပြီး ဖျော်ရည်လုပ်သောက်ပါက ဂေါက်ရောဂါနဲ့ အဆစ်အမြစ်ရောင် ရောဂါကြောင့် ခံစားရတဲ့ နာကျင်ကိုက်ခဲခြင်းဝေဒနာတွေ လျော့ပါးသက်သာသွားမှာဖြစ်တယ်။
၈။သွေးတွင်းအဆီဓာတ်မြင့်တက် သွေးတိုးနှင့် ဆီးချိုသွေးချိုရောဂါရှိသူများအတွက် သခွားသီး
ထူးခြားတာက သခွားသီးဖျော်ရည်လုပ်ရင် ၎င်းဖျော်ရည်ထဲမှာ ဆီးချို၊ သွေးချိုလူနာတွေအတွက် အင်ဆူလင်ထုတ်လုပ်ပေးမယ့် ပန်ကရိယခေါ်မုန့်ချိုအိတ်က ကလပ် စည်းများလိုအပ်နေတဲ့ ဟော်မုန်းတစ်မျိုးပါဝင်လို့ပါပဲ။ သုတေသနပြုချက်များအရ စတီရောခေါ် ဓာတ်ပေါင်းတစ်မျိုးဟာ သွေးတွင်းကိုလက်စထရောက်ခေါ် အဆီဓာတ်လျော့နည်းစေတယ်။ ရှေ့မှာဖော်ပြတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖိုင်ဘာပါလို့ သွေးမဆိုးအောင်ထိန်းညှိပေးနိုင် တယ်။ သွေးတိုးနဲနဲပဲတိုးတိုး များများပဲတိုးတိုးသခွားသီးစားကြပါစို့။
၉။ကင်ဆာရောဂါ ကာကွယ်ကြမယ်
အင်တီအောက်စီဒင့်တွေဖြစ်တဲ့ လာရီစီရက်စီနော ပင်နိုရတ်စီနောနဲ့ စီကွိုက်စို လာရီစီရက်စီနောလို့ခေါ်တဲ့ လစ်ဂ်နင်(Lignans) တွေပါလို့ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာများကို ကာကွယ်နိုင်ဖို့ သခွားသီးစားကြပါစို့။
ဒေါက်တာထွေး (ဆေး/မန်း)
၆။ညကအသောက်လွန်သွားလား
ဒေါက်တာထွေး (ဆေး/မန်း)
Related posts
စားသောက်မှုပုံစံအခြားရောဂါများ
ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ
1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံအသည်းအားဆေးများ
အရက် ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေမှာ ဝှက်ဖဲရှိနေလား ?
1 Mins read
လူတွေက အရက် ကိုခံနိုင်ရည်ရှိတယ် (သို့) အရက်ဘယ်လောက်သောက်သောက် မမူးဘူးဆိုရင် ကောင်းတဲ့အရာ ဆိုပြီး မကြာခဏတွေးတတ်ကြပါတယ်။ လူငယ်လူရွယ်တွေမှာဆိုရင်လည်း အဲ့လိုလူကို များများပိုသောက်ဖို့ အားပေးတတ်ကြပြီး ဘယ်လောက်သောက်သောက် မမူးတဲ့အတွက်လည်း ချီးမွမ်းတတ်ကြပါတယ်။ အရက်ကို ဘယ်လောက်သောက်သောက် မမူးတဲ့သူတွေဟာ သူများတွေထက်ယှဉ်ရင် အရက်ကို ပမာဏများများ…
စားသောက်မှုပုံစံသွေးတိုးနှင့်နှလုံးရောဂါအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ
သရက်သီးဆားရေစိမ် ရဲ့ ကောင်းကျိုး၊ ဆိုးကျိုး
1 Mins read
သရက်သီးဆားရေစိမ် ဟာ ထမင်းမြိန်စေတဲ့ မြန်မာ့ရိုးရာ တို့စရာတစ်မျိုးပါ။ ဒါပေမယ့် သရက်သီးစဆားရေစိမ်စားခြင်းဟာတကယ်ပဲကျန်မာရေးနဲ့ညီညွတ်သလား ? အကျိုးကျေးဇူးတွေရောရှိနေမလားဆိုတာလေ့လာကြည့်လိုက်ရအောင် သရက်သီးဆားရေစိမ်ဟာ Probiotics ကြွယ်ဝတဲ့စားစရာတစ်မျိုးပါ။ ဒါကြောင့်သရက်သီးဆားရေစိမ်ကိုစားချင်းအားဖြင့် ဝမ်းချုပ်ခြင်းကင်းကာ ဝမ်းမှန်စေပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ သရက်သီးဆားရေစိမ် ဟာ ဗီတာမင် C နှင့် Antioxidant…
Leave a Reply
Your email address will not be published. Required fields are marked *