နံနံပင်၏ အကျိုးကျေးဇူးများ
နံနံပင်ကို မြန်မာဟင်းလျာတွေ မှာ သုံးကြပါတယ်။ ခေါက်ဆွဲ၊ မုန့်ဟင်းခါးမှာလည်း ထည့်စားကြသလို၊ အသုပ်တွေမှာလည်း ထည့်ပါတယ်။ ဒီတိုင်း ငါးပိရည်နဲ့တို့စရာ အဖြစ်လည်း စားတတ်ကြ ပါသေးတယ်။ ကြိုက်တဲ့ သူတွေက တော်တော် ကြိုက်ကြပေမယ့် နံနံပင် လုံး၀ မစားတဲ့ သူတွေလည်း ရှိပါတယ်။ နံနံပင် တကယ်တော့ အာဟာရ ထူးကဲတဲ့ အပင် ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ခန္တာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ဗီတာမင် တွေလည်း ပါဝင်တာကြောင့် ကလေးတွေကို ပါစားတတ်အောင် သင်ပေးသင့်ပါတယ်။ နံနံပင်ဟာ အနည်းငယ် အနံ့ပြင်းတာကြောင့် ကလေးတွေ မကြိုက်တတ်ကြပါဘူး။ လူကြီး တစ်ချို့တောင် မကြိုက်တာ တွေ့ရပါတယ်။
နံနံပင်မှာ ကောင်းတဲ့ အချက်တွေ များစွာရှိပါတယ်။ နံနံပင်ဟာ သွေးတွင်းက မကောင်းတဲ့ အဆီ LDL ကိုလက်စထရောကို ကျစေပြီး ကောင်းတဲ့ အဆီ HDL ကို တက်စေပါတယ်။ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သွေးတွင်းအဆီများတဲ့ သူတွေ စားသင့်ပါတယ်။ ဒါအပြင် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းမှန်စေပါတယ်။ အသည်းလုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်စေပါတယ်။ ဆီးချိုရှိတဲ့ သူတွေမှာလည်း သွေးတွင်းအင်ဆူလင်ကို မြင့်တက်စေနိုင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် K လည်း ပါဝင်ပြီး Alzehimer ရောဂါရှိတဲ့ လူကြီးတွေမှာ အထောက်အကူပြုတယ်လို့ဆိုပါတယ်။
နောက်ထပ်ကောင်းတဲ့ အချက်တွေကတော့ ဗီတာမင် A ပါဝင်တာကြောင့် Antioxidants အစွမ်းရှိပြီး ဆဲလ်တွေကို ကာကွယ်ပါတယ်။ ဒါ့အပြင် နံနံပင်ဟာ အယောင်ကျစေတဲ့ သတ္တီရှိတာကြောင့် အဆစ်အမြစ်ရောင်ခြင်း ကို သက်သာစေပါတယ်။ ပါးစပ်အတွင်းမှာ ဖြစ်တတ်တဲ့ အနာသေးသေးလေးတွေကို လည်း သက်သာစေတဲ့ အစွမ်းရှိပါသေးတယ်။ မျက်စိအတွက်လည်း ကောင်းမွန်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီကို မှန်စေပါတယ်။ သံဓာတ်လည်း အသင့်အတင့် ပါဝင်တာကြောင့် သွေးအားနည်းခြင်းကို အထောက်အကူပြုနိုင်ပါတယ်။ အာရုံကြော စနစ်ကိုလည်း နိုးကြားစေတဲ့ အစွမ်းရှိပါတယ်။
နံနံပင်မှာ ကောင်းမွန်တဲ့ အချက်တွေ များစွာရှိပါတယ်။ သင့်တင့်မျှတစွာ စားသုံးသင့်ပါတယ်။ ကောင်းတယ်ဆိုတိုင်း အလွန်အကျွံစားတာ မျိုး၊ တလွဲအသုံးချတာမျိုးက ဘေးဖြစ်စေတတ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း အစားအစာကို ချင့်ချိန်စားတတ်ရင် ဆေးဖြစ်ပါတယ်။ ပြီးပြည့်စုံတဲ့ အာဟာရ နဲ့ပြီးပြည့်စုံတဲ့ ကျန်းမာရေး ကို ရရှိဖို့ကတော့ အသီးအရွက် တစ်မျိုးတည်းကိုပဲ စွဲပြီး စားနေလို့မရပါဘူး။ မျှတတဲ့ အစားအစာ နဲ့အာဟာရကို ခန္တာကိုယ်က လိုအပ်တာ ဖြစ်တာကြောင့် လူတိုင်း ချင့်ချိန် စားသုံးကြဖို့တိုက်တွန်းလိုက်ပါတယ်။
ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။
နံနံပင္၏ အက်္ိဳးေက်းဇူးမ်ား
နံနံပင္ကို ျမန္မာဟင္းလ်ာေတြ မွာ သံုးၾကပါတယ္။ ေခါက္ဆြဲ၊ မုန္ ့ဟင္းခါးမွာလည္း ထည့္စားၾကသလို၊ အသုပ္ေတြမွာလည္း ထည့္ပါတယ္။ ဒီတိုင္း ငါးပိရည္နဲ ့တို ့စရာ အျဖစ္လည္း စားတတ္ၾက ပါေသးတယ္။ ၾကိဳက္တဲ့ သူေတြက ေတာ္ေတာ္ ၾကိဳက္ၾကေပမယ့္ နံနံပင္ လံုး၀ မစားတဲ့ သူေတြလည္း ရွိ္ပါတယ္။ နံနံပင္ တကယ္ေတာ့ အာဟာရ ထူးကဲတဲ့ အပင္ ျဖစ္ပါတယ္။ အမ်ွင္ဓာတ္ၾကြယ္၀ျပီး ခႏၱာကိုယ္အတြက္ လိုအပ္တဲ့ သတၱဳဓာတ္ေတြ ပါ၀င္ပါတယ္။ ဗီတာမင္ ေတြလည္း ပါ၀င္တာေၾကာင့္ ကေလးေတြကို ပါစားတတ္ေအာင္ သင္ေပးသင့္ပါတယ္။ နံနံပင္ဟာ အနည္းငယ္ အနံ ့့ျပင္းတာေၾကာင့္ ကေလးေတြ မၾကိဳက္တတ္ၾကပါဘူး။ လူၾကီး တစ္ခ်ိဳ ့ေတာင္ မၾကိဳက္တာ ေတြ ့ရပါတယ္။
နံနံပင္မွာ ေကာင္းတဲ့ အခ်က္ေတြ မ်ားစြာရွိပါတယ္။ နံနံပင္ဟာ ေသြးတြင္းက မေကာင္းတဲ့ အဆီ LDL ကိုလက္စထေရာကို က်ေစျပီး ေကာင္းတဲ့ အဆီ HDL ကို တက္ေစပါတယ္။ နွလံုးက်န္းမာေရးကုိ အေထာက္အကူျပဳပါတယ္။ ေသြးတြင္းအဆီမ်ားတဲ့ သူေတြ စားသင့္ပါတယ္။ ဒါအျပင္ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ၀မ္းမွန္ေစပါတယ္။ အသည္းလုပ္ေဆာင္ခ်က္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ဆီးခ်ိဳရွိတဲ့ သူေတြမွာလည္း ေသြးတြင္းအင္ဆူလင္ကို ျမင့္တက္ေစနိုင္တာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ကို ေလ်ွာ့ခ်ေပးနိုင္ပါတယ္။ ဗီတာမင္ K လည္း ပါ၀င္ျပီး Alzehimer ေရာဂါရွိတဲ့ လူၾကီးေတြမွာ အေထာက္အကူျပဳတယ္လို ့ဆိုပါတယ္။
ေနာက္ထပ္ေကာင္းတဲ့ အခ်က္ေတြကေတာ့ ဗီတာမင္ A ပါ၀င္တာေၾကာင့္ Antioxidants အစြမ္းရွိ္ျပီး ဆဲလ္ေတြကို ကာကြယ္ပါတယ္။ ဒါ့အျပင္ နံနံပင္ဟာ အေယာင္က်ေစတဲ့ သတၱီရွိတာေၾကာင့္ အဆစ္အျမစ္ေရာင္ျခင္း ကို သက္သာေစပါတယ္။ ပါးစပ္အတြင္းမွာ ျဖစ္တတ္တဲ့ အနာေသးေသးေလးေတြကို လည္း သက္သာေစတဲ့ အစြမ္းရွိပါေသးတယ္။ မ်က္္စိအတြက္လည္း ေကာင္းမြန္ပါတယ္။ အမ်ိဳးသမီးေတြမွာ ရာသီကို မွန္ေစပါတယ္။ သံဓာတ္လည္း အသင့္အတင့္ ပါ၀င္တာေၾကာင့္ ေသြးအားနည္းျခင္းကို အေထာက္အကူျပဳနိုင္ပါတယ္။ အာရုံေၾကာ စနစ္ကိုလည္း နိုးၾကားေစတဲ့ အစြမ္းရွိပါတယ္။
နံနံပင္မွာ ေကာင္းမြန္တဲ့ အခ်က္ေတြ မ်ားစြာရွိပါတယ္။ သင့္တင့္မ်ွတစြာ စားသံုးသင့္ပါတယ္။ ေကာင္းတယ္ဆိုတိုင္း အလြန္အကၽြံစားတာ မ်ိဳး၊ တလြဲအသံုးခ်တာမ်ိဳးက ေဘးျဖစ္ေစတတ္ပါတယ္။ တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္း အစားအစာကို ခ်င့္ခ်ိန္စားတတ္ရင္ ေဆးျဖစ္္ပါတယ္။ ျပီးျပည့္စံုတဲ့ အာဟာရ နဲ ့ျပီးျပည့္စံုတဲ့ က်န္းမာေရး ကို ရရွိဖို ့ကေတာ့ အသီးအရြက္္ တစ္မ်ိဳးတည္းကိုပဲ စြဲျပီး စားေနလို ့မရပါဘူး။ မ်ွတတဲ့ အစားအစာ နဲ ့အာဟာရကို ခႏၱာကိုယ္က လိုအပ္တာ ျဖစ္တာေၾကာင့္ လူတိုင္း ခ်င့္ခ်ိန္ စားသံုးၾကဖို ့တိုက္တြန္းလိုက္ပါတယ္။
က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။