”မိခင်နို့ချိုတိုက်ခြင်း၏အကျိုးကျေးဇူးများ”

ရင်သွေးလေးမွေးဖွားလာပြီဆိုရင် မွေးစကနေ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ရပါမယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ ကလေးငယ်အတွက်ရော မိခင်အတွက်ပါ အကျိုးကျေးဇူးများလှပါတယ်။ မွေးစကလေးရဲ့ ဗာဟီရအလုပ်တွေရှုပ်ရတဲ့အထဲမှာ ပိုအပင်ပန်းခံပြီး မိခင်နို့တိုက်တဲ့ မိခင်တွေရဲ့ မေတ္တာကလည်း ချီးကျူးဖို့ကောင်းပါတယ်။ နို့တိုက်မိခင်တွေပိုအားရှိပြီး ပီတိဖြစ်ဖို့အတွက် မိခင်နို့တိုက်ရခြင်းရဲ့အကျိုးကျေးဇူးတွေကို ရေးသားလိုက်ပါတယ်။

*ကလေးငယ်အတွက်အကျိုးကျေးဇူးများ

-မိခင်နို့ဟာ အသက်ခြောက်လအရွယ်ထိ ကလေးငယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။

-ကလေးရဲ့ ဦးနှောက်၊ ရောဂါတွေကို ခုခံနိုင်စွမ်းရည်နဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထူးအထောက်အကူပြုပါတယ်။

-အရေပြားနှင်းခူ၊ပန်းနာ၊ကလေးမှာဖြစ်တဲ့ဆီးချို၊ Lymphoma လို့ခေါ်တဲ့ ကလေးတွေမှာဖြစ်တတ်တဲ့ကင်ဆာရောဂါတစ်မျိုးနဲ့ လမစေ့ဘဲမွေးတဲ့ကလေးတွေမှာဖြစ်တဲ့ အူမကြီးရောင်ပြီးပုပ်တဲ့ Necrotizing enterocolitis ရောဂါတွေဖြစ်နှုန်းကို လျော့ကျစေပါတယ်။

-ကလေးငယ်ကို ဝမ်းပျက်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းကတစ်ဆင့်ကူးစက်တဲ့ရောဂါ (Respiratory Infections) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

-ကလေးငယ်ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးစွမ်းနိုင်ပါတယ်။

*မိခင်အတွက် အကျိုးကျေးဇူးများ

-ကလေးငယ်ကို မီးဖွားပြီးတာနဲ့ မိခင်နို့တိုက်ခြင်းဟာ မီးဖွားပြီးသွေးဆင်းခြင်းနဲ့ သွေးအားနည်းခြင်းဖြစ်နိုင်ခြေကို နည်းစေပါတယ်။

-သားအိမ်ပြန်ကျုံ့လွယ်ပါတယ်။

-နို့မှုန့်ဘူးတွေဝယ်စရာမလိုတဲ့အတွက် ကုန်ကျစရိတ်သက်သာပါတယ်။

-မိခင်နို့တိုက်နေတာကြောင့် အဲဒီအချိန်အတောအတွင်းမှာ ခန္ဓာကိုယ်က ကိုယ်ဝန်တားပေးထားပါတယ်။ Natural contraceptive effect လို့ခေါ်ပါတယ်။ ၉၈ရာခိုင်နှုန်းစိတ်ချရပါတယ်။

IMG

-သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်မှာကို တားဆီးပေးပါတယ်။

-မိခင်နဲ့ကလေးကြားက မေတ္တာနဲ့ တွယ်တာမှုကိုပိုတိုးစေပါတယ်။

-မိခင်နို့ချိုတိုက်ကျွေးတဲ့ကလေးငယ်ဟာ ကျန်းမာပြီး အာဟာရပြည့်တဲ့အတွက် သားသမီး မကျန်းမာမှာစိုးရတဲ့မိခင်ရဲ့စိတ်ပင်ပန်းမှုတွေနည်းပါတယ်။

-နို့တိုက်မိခင်ဟာ ဆီးချိုရှိရင် နို့တိုက်ခြင်းကြောင့် အင်ဆူလင်လိုအပ်မှုနည်းစေပါတယ်။

မိခင်နို့ကို မွေးစကနေ ကလေးအသက်ခြောက်လအထိ တိုက်ကျွေးရပါမယ်။ခြောက်လနောက်ပိုင်းမှာတော့ ကလေးအတွက် သင့်တော်တဲ့ ဖြည့်စွက်စာများကို စတင်ကျွေးရမှာဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

”မိခင္ႏို႔ခ်ဳိတိုက္ျခင္း၏အက်ိဳးေက်းဇူးမ်ား”

ရင္ေသြးေလးေမြးဖြားလာၿပီဆိုရင္ ေမြးစကေန အသက္ေျခာက္လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းကိုသာ တိုက္ရပါမယ္။ မိခင္ႏို႔ခ်ိဳတိုက္ေကြ်းျခင္းဟာ ကေလးငယ္အတြက္ေရာ မိခင္အတြက္ပါ အက်ိဳးေက်းဇူးမ်ားလွပါတယ္။ ေမြးစကေလးရဲ႕ ဗာဟီရအလုပ္ေတြရႈပ္ရတဲ့အထဲမွာ ပိုအပင္ပန္းခံၿပီး မိခင္ႏို႔တိုက္တဲ့ မိခင္ေတြရဲ႕ ေမတၱာကလည္း ခ်ီးက်ဴးဖို႔ေကာင္းပါတယ္။ ႏို႔တိုက္မိခင္ေတြပိုအားရွိၿပီး ပီတိျဖစ္ဖို႔အတြက္ မိခင္ႏို႔တိုက္ရျခင္းရဲ႕အက်ိဳးေက်းဇူးေတြကို ေရးသားလိုက္ပါတယ္။

*ကေလးငယ္အတြက္အက်ဳိးေက်းဇူးမ်ား

-မိခင္ႏို႔ဟာ အသက္ေျခာက္လအရြယ္ထိ ကေလးငယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ အျပည့္အဝပါဝင္ပါတယ္။

-ကေလးရဲ႕ ဦးေႏွာက္၊ ေရာဂါေတြကို ခုခံႏိုင္စြမ္းရည္နဲ႔ ဇီဝ႐ုပ္ျဖစ္ပ်က္မႈေတြရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈကို အထူးအေထာက္အကူျပဳပါတယ္။

-အေရျပားႏွင္းခူ၊ပန္းနာ၊ကေလးမွာျဖစ္တဲ့ဆီးခ်ိဳ၊ Lymphoma လို႔ေခၚတဲ့ ကေလးေတြမွာျဖစ္တတ္တဲ့ကင္ဆာေရာဂါတစ္မ်ိဳးနဲ႔ လမေစ့ဘဲေမြးတဲ့ကေလးေတြမွာျဖစ္တဲ့ အူမႀကီးေရာင္ၿပီးပုပ္တဲ့ Necrotizing enterocolitis ေရာဂါေတြျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

-ကေလးငယ္ကို ဝမ္းပ်က္ျခင္းနဲ႔ အသက္ရႉလမ္းေၾကာင္းကတစ္ဆင့္ကူးစက္တဲ့ေရာဂါ (Respiratory Infections) ကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

-ကေလးငယ္ကို စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈေပးစြမ္းႏိုင္ပါတယ္။

*မိခင္အတြက္ အက်ိဳးေက်းဇူးမ်ား

-ကေလးငယ္ကို မီးဖြားၿပီးတာနဲ႔ မိခင္ႏို႔တိုက္ျခင္းဟာ မီးဖြားၿပီးေသြးဆင္းျခင္းနဲ႔ ေသြးအားနည္းျခင္းျဖစ္ႏိုင္ေျခကို နည္းေစပါတယ္။

-သားအိမ္ျပန္က်ံဳ႕လြယ္ပါတယ္။

-ႏို႔မႈန္႔ဘူးေတြဝယ္စရာမလိုတဲ့အတြက္ ကုန္က်စရိတ္သက္သာပါတယ္။

-မိခင္ႏို႔တိုက္ေနတာေၾကာင့္ အဲဒီအခ်ိန္အေတာအတြင္းမွာ ခႏၶာကိုယ္က ကိုယ္ဝန္တားေပးထားပါတယ္။ Natural contraceptive effect လို႔ေခၚပါတယ္။ ၉၈ရာခိုင္ႏႈန္းစိတ္ခ်ရပါတယ္။

IMG

-သားအိမ္ကင္ဆာနဲ႔ ရင္သားကင္ဆာျဖစ္မွာကို တားဆီးေပးပါတယ္။

-မိခင္နဲ႔ကေလးၾကားက ေမတၱာနဲ႔ တြယ္တာမႈကိုပိုတိုးေစပါတယ္။

-မိခင္ႏို႔ခ်ိဳတိုက္ေကြ်းတဲ့ကေလးငယ္ဟာ က်န္းမာၿပီး အာဟာရျပည့္တဲ့အတြက္ သားသမီး မက်န္းမာမွာစိုးရတဲ့မိခင္ရဲ႕စိတ္ပင္ပန္းမႈေတြနည္းပါတယ္။

-ႏို႔တိုက္မိခင္ဟာ ဆီးခ်ိဳရွိရင္ ႏို႔တိုက္ျခင္းေၾကာင့္ အင္ဆူလင္လိုအပ္မႈနည္းေစပါတယ္။

မိခင္ႏို႔ကို ေမြးစကေန ကေလးအသက္ေျခာက္လအထိ တိုက္ေကြ်းရပါမယ္။ေျခာက္လေနာက္ပိုင္းမွာေတာ့ ကေလးအတြက္ သင့္ေတာ္တဲ့ ျဖည့္စြက္စာမ်ားကို စတင္ေကြ်းရမွာျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *