ကိုယ်ဝန်အပ်ခြင်းကြောင့်ဘာအကျိုးကျေးဇူးတွေရမှာလဲ?
ယခု တိုးတက်လာတဲ့ ခေတ်မှာ ကိုယ်ဝန်ဆောင်စဉ်ကာလထဲက သေချာစောင့်ရှောက်မှသာ လွယ်လွယ်ကူကူမွေးနိုင်မယ်ဆိုတာ တော်တော်များများသိလာကြပါပြီ။

ဒီနေရာမှာ ဘာလို့ကိုယ်ဝန်အပ်ဖို့လိုတယ်ဆိုတာလေးပြောပြချင်ပါတယ်။

ကိုယ်ဝန်အပ်ခြင်းဟာ မိခင်အတွက် မမွေးခင် ကလေးကို ကူးစက်စေသောရောဂါရှိမရှိ( ဥပမာ_ ကာလသားရောဂါ၊ အသည်းရောင် B,Cပိုး၊ HIV ပိုး) တို့ရှိမရှိ ကြိုတင်စစ်ဆေးနိုင်တာကြောင့် ကူးစက်နှုန်းလျော့စေပါတယ်။

မိခင်မှာ နှလုံး၊ ဆီးချို၊ သွေးတိုးရှိမရှိစစ်ပေးတာမို့ မွေးဖွားစဉ် နောက်ဆက်တွဲဖြစ်စဉ်အချို့ကို ကာကွယ်ပေးပါတယ်။

သွေးနီဥ ပမာဏကို စစ်ပေးတာမို့ မိခင် သွေးအားနည်းခြင်းဖြစ်ပါက စောစီးစွာ ကုသနိုင်တာကြောင့် နောက်ဆက်တွဲ သွေးအားနည်း နှလုံးရောဂါဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

ယခုကိုယ်ဝန်ဆောင်စဉ် အန္တရာယ်လက္ခဏာများကို ကိုယ်ဝန်အပ်တိုင်း ဆန်းစစ်နေတာမို့ စောစီးစွာသိပြီးဖြေရှင်းနိုင်ပါသည်။

ကလေးအတွက် ကလေးလစေ့ မစေ့ တွက်ချက်ပေးနိုင်တာမို့ ကလေးလမစေ့မွေးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ကလေးနှလုံးခုန်နှုန်းမှန်မမှန် ကိုယ်ဝန်အပ်တိုင်း စမ်းသပ်ပေးတာမို့ ကလေး ကျန်းမာရေးကို ပုံမှန်သိရှိနိုင်ပါတယ်။

ကလေးအနေအထား ခေါင်းပိုင်း၊ ဆုံပိုင်း ကြိုစမ်းသပ်သိရှိနိုင်တာမို့ မွေးဖွားစဉ် ခက်ခဲခြင်းကို လျှော့ချပေးနိုင်ပါသည်။

လိုအပ်ပါက ခွဲစိတ်မွေးဖွားခြင်းတို့ဖြင့် ပြေလည်စေနိုင်ပါသည်။

ကလေးဖွံ့ဖြိုး ကြီးထွားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့်နေတာကြောင့် ကလေးကျန်းမာရေးကိုသွယ်ဝှက်သောနည်းဖြင့်သိနိုင်ပါသည်။

ကိုယ်ဝန်အပ်ခြင်းကို ကိုယ်ဝန်စသိတယ်ဆို အပ်သင့်ပါတယ်။

ကိုယ်ဝန် “၇လ ” အထိကို တစ်လတစ်ခါ၊ “၇လ”မှ “၉လ” အထိကို ၂ပတ်တစ်ခါ၊ “၉လ”မှ မွေးချိန်ထိကို တစ်ပတ်တစ်ခါ အပ်ရမှာ ဖြစ်ပါတယ်။

မယ်တင်( ဆေး _၁)














မယ်တင်( ဆေး _၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *