ယောဂကျင့်ထုံး (Yoga)ရဲ့ ကောင်းကျိုးအသွယ်သွယ်

ယခုခေတ်မှာ ကျန်းမာရေးကို လူကြီးလူငယ်မရွေးလိုက်စားလာကြပြီဖြစ်တဲ့အတွက် အားကစားခန်းမ(Fitness Gymnasium)များ နေရာအတော်များများမှာပေါ်လာပြီဖြစ်ပါတယ်။ ထို့အတူပဲ ကျန်းမာရေးဆိုင်ရာ ကုထုံးတစ်ခုဖြစ်တဲ့ ယောဂကျင့်စဉ် (Yoga)လေ့ကျင့်ရေးခန်းမများလည်းရှိလာပါပြီ။ ဒါ့ကြောင့် ယောဂကျင့်ခြင်းရဲ့ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ခန္ဓာကိုယ်ကြွက်သားနှင့်အကြောများ ပျော့ပြောင်းလာခြင်း

ယောဂကျင့်ခြင်းအားဖြင့် တစ်နေကုန်အညောင်းမိပြီးတောင့်တင်းနေတဲ့ သင့်ရဲ့ ကြွက်သားတွေပျော့ပြောင်းလာကာ ပင်ပန်းမှုကိုပြေလျော့စေမှာပဲဖြစ်ပါတယ်။

၂. ကိုယ်နေဟန်ကျင့်စဉ်

ယောဂကျင့်စဉ်တွေဟာ ကိုယ်နေဟန်အနေအထားတစ်ခုမှာ ခန္ဓာကိုယ်ကို ကြံ့ကြံ့ခံရပ်တည်နိုင်အောင်လဲအထောက်အကူပြုတဲ့အတွက် ခန္ဓာသန်စွမ်းကြံ့ခိုင်မှုအားကို တက်စေပါတယ်။

၃. ခန္ဓာကိုယ်အချိုးအစားကျနမှု

မိနစ်သုံးဆယ်ခန့်ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ၁၂၀ကယ်လိုရီမှ ကယ်လိုရီ၂၀၀ အထိကျဆင်းစေနိုင်တာကြောင့် အဆီပိုတွေကိုဖယ်ရှားပေးပြီး ခန္ဓာကိုယ်အချိုးအစားကျနမှုကို ထိန်းညှိပေးပါတယ်။

၄. စိတ်ဖိစီးမှုကင်းဝေးစေခြင်း

ယောဂကျင့်သူတွေဟာ အာရုံကိုစူးစိုက်ထားပြီး လေ့ကျင့်ရတဲ့အတွက် စိတ်ကိုပိုမိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

၅. သင့်နှလုံးကျန်းမာရေးအတွက်

ယောဂကျင့်ခြင်းဟာ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးခုန်နှုန်းကို ဖြေးဖြေးနဲ့မှန်မှန်ခုန်စေပါတယ်။ ဒါ့ကြောင့် သွေးတိုးနဲ့နှလုံးရောဂါအစပျိုးနေသူများအတွက် လေ့ကျင့်ခန်းလုပ်ရင်း ရောဂါကာကွယ်နိုင်မယ့်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ေယာဂက်င့္ထံုး (Yoga)ရဲ႕ ေကာင္းက်ိဳးအသြယ္သြယ္

ယခုေခတ္မွာ က်န္းမာေရးကို လူႀကီးလူငယ္မေရြးလိုက္စားလာၾကၿပီျဖစ္တဲ့အတြက္ အားကစားခန္းမ(Fitness Gymnasium)မ်ား ေနရာအေတာ္မ်ားမ်ားမွာေပၚလာၿပီျဖစ္ပါတယ္။ ထို႔အတူပဲ က်န္းမာေရးဆိုင္ရာ ကုထံုးတစ္ခုျဖစ္တဲ့ ေယာဂက်င့္စဥ္ (Yoga)ေလ့က်င့္ေရးခန္းမမ်ားလည္း႐ွိလာပါၿပီ။ ဒါ့ေၾကာင့္ ေယာဂက်င့္ျခင္းရဲ႕ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁. ခႏၶာကိုယ္ႂကြက္သားႏွင့္အေၾကာမ်ား ေပ်ာ့ေျပာင္းလာျခင္း

ေယာဂက်င့္ျခင္းအားျဖင့္ တစ္ေနကုန္အေညာင္းမိၿပီးေတာင့္တင္းေနတဲ့ သင့္ရဲ႕ ႂကြက္သားေတြေပ်ာ့ေျပာင္းလာကာ ပင္ပန္းမႈကိုေျပေလ်ာ့ေစမွာပဲျဖစ္ပါတယ္။

၂. ကိုယ္ေနဟန္က်င့္စဥ္

ေယာဂက်င့္စဥ္ေတြဟာ ကိုယ္ေနဟန္အေနအထားတစ္ခုမွာ ခႏၶာကိုယ္ကို ၾကံ့ၾကံ့ခံရပ္တည္ႏိုင္ေအာင္လဲအေထာက္အကူျပဳတဲ့အတြက္ ခႏၶာသန္စြမ္းၾကံ့ခိုင္မႈအားကို တက္ေစပါတယ္။

၃. ခႏၶာကိုယ္အခ်ိဳးအစားက်နမႈ

မိနစ္သံုးဆယ္ခန္႔ေယာဂက်င့္ျခင္းဟာ ခႏၶာကိုယ္အေလးခ်ိန္ေပၚမူတည္ၿပီး ၁၂၀ကယ္လိုရီမွ ကယ္လိုရီ၂၀၀ အထိက်ဆင္းေစႏိုင္တာေၾကာင့္ အဆီပိုေတြကိုဖယ္႐ွားေပးၿပီး ခႏၶာကိုယ္အခ်ိဳးအစားက်နမႈကို ထိန္းညႇိေပးပါတယ္။

၄. စိတ္ဖိစီးမႈကင္းေဝးေစျခင္း

ေယာဂက်င့္သူေတြဟာ အာရံုကိုစူးစိုက္ထားၿပီး ေလ့က်င့္ရတဲ့အတြက္ စိတ္ကိုပိုမိုတည္ၿငိမ္ေစၿပီး စိတ္ဖိစီးမႈကိုေလ်ာ့က်ေစပါတယ္။

၅. သင့္ႏွလံုးက်န္းမာေရးအတြက္

ေယာဂက်င့္ျခင္းဟာ ေသြးေပါင္ခ်ိန္ကိုထိန္းညႇိေပးၿပီး ႏွလံုးခုန္ႏႈန္းကို ေျဖးေျဖးနဲ႔မွန္မွန္ခုန္ေစပါတယ္။ ဒါ့ေၾကာင့္ ေသြးတိုးနဲ႔ႏွလံုးေရာဂါအစပ်ိဳးေနသူမ်ားအတြက္ ေလ့က်င့္ခန္းလုပ္ရင္း ေရာဂါကာကြယ္ႏိုင္မယ့္နည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

MyDoctor Telemedicine Application
Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Things to do after walking exercise in winter ❄

1 Mins read
ဆောင်းရာသီမှာ လမ်းလျှောက်ပြီး လုပ်သင့်တဲ့ အချက်… ဆောင်းရာသီမှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ရော ဝိတ်ချဖို့ အတွက်ရောနဲ့ အများစုက လမ်းလျှောက်လေ့ရှိကြပါတယ်။ ဒီလိုလေး ပုံမှန် လမ်းလျှောက်ပေးနိုင်တာကတော့ ကောင်းမွန်တဲ့ အလေ့အထတစ်ခု ပဲဖြစ်ပါတယ်။ မနက်စောစော လမ်းလျှောက်ပေးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ကတော့…. စိတ်ခံစားမှု…
စားသောက်မှုပုံစံအခြားရောဂါများအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Stomach cramps caused by heat

1 Mins read
🌶အပူအစပ် နဲ့ ဗိုက်အောင့်တတ်ခြင်း ပြဿနာ ရင်တွေပူပီး ဗိုက်ကလဲ ခဏ ခဏ အောင့်လိုက်တာ ဘာကြောင့်များအဲ့လောက် အောင့်နေရတာလဲလို့ တွေးမိကြဖူးမယ် ထင်ပါတယ်။ ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းများစွာကတော့👉 အပူအစပ် စားလွန်းခြင်း👉 စားလေ့ စားထ မရှိဘဲ အစပ်စားမိခြင်း👉 အစားစားချိန်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

👀မျက်လုံးပါဝါကျစေဖို့👁️

1 Mins read
👀မျက်လုံးပါဝါကျစေဖို့👁️ မျက်မှန်ပါဝါကတော့လေ အတက်ကြီးပဲ။ အခုခေတ် ကုန်ဈေးနှုန်းအတိုင်းပဲ ကျတယ်ကို မရှိဘူး ဆိုတဲ့ သူတွေ အတွက် ဒီ စာစုလေးကို စီစဉ်ရခြင်း ဖြစ်ပါတယ်။ မျက်မှန် တက်ရတဲ့ သူတော်တော်များများဟာ ကိုယ့် မျက်မှန် ပါဝါကို ပြန်ပြန်စစ်ရကောင်းမှန်း မသိကြပါဘူး။…

Leave a Reply

Your email address will not be published. Required fields are marked *