အပျိုဗိုက်ဟူသည်

အပျိုဗိုက် …..တစ်နည်းအားဖြင့် ယခင်ကတစ်ကြိမ်တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးပဲ …..အခုမှ ပထမဦးဆုံးကိုယ်ဝန်ဆောင်သည့်ဗိုက်။ ကြားဖူးကြပါတယ် ” အပျိုဗိုက်မို့ ဗိုက်မထွက်သေးတာ…..” အပျိုဗိုက်ဆိုတာ ၅လ ၆လလောက်နေမှထွက်တတာ ” စသဖြင့်ပေါ့။

တကယ်လည်း ပထမဆုံးအကြိမ် က်ုယ်ဝန်ဆောင်သည့် အပျိုဗိုက်နှင့် ယခင်တစ်ကြိမ်နှင့်အထက်ကိုယ်ဝန်ဆောင်ဖူးသူ၏ဗိုက်…..အနည်းနှင့်အများတော့ ကွာဟမှုရှိသည်။

အရေပြားရဲ့ သဘောတရားအရ ကျုံ့နိုင် ဆန့်နိုင်စွမ်းရှိသည်( ဥပမာ – သားရေကွင်း လိုပေါ့။သားရေကွင်းသည် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသည်ဆိုသော်လည်း…..သားရေကွင်းအသစ်နှင့် ဆွဲဆန့်ပြီးသားသုံးပြီးသား သားရေကွင်းတို့ အလျော့အတင်းကွာသည်။)အလားတူပဲ ကိုယ်ဝန်ဆောင်ဖူးသူတစ်ယောက် ကိုယ်ဝန်ထပ်ဆောင်တဲ့အခါ အရေပြားကအနည်းငယ်လျော့ရဲနှင့်ပြီးဖြစ်သဖြင့် လနုစဉ်မှာပင် ဗိုက်ထွက်နိုင်သည်။အပျိုဗိုက်မူကား အရေပြား၏တင်းရင်းမှုကြောင့် ဗိုက်ထွက် အနည်းငယ်နောက်ကျနိုင်သည်။

သို့သော် သတိပြုရမည်မှာ …..အထက်ပါဖော်ပြချက်သည် ယေဘုယျသဘောတရားကို ရှင်းပြခြင်းသာဖြစ်ပြီး…..ကိုယ်ဝန်ဆောင်၏ ဗိုက်အရွယ်အစား အကြီးအသေးမှာ …..ဗိုက်ထဲက ကလေး၏အရွယ်အစား၊ရေမွှာရည် အနည်းအများ အပါအဝင် အခြားသော အချက်များအပေါ်တွင် များစွာမူတည်နေသေးကြောင်း သတိပြုစေလိုပါသည်။

အပျိုဗိုက်နှင့် ကိုယ်ဝန်ဆောင်ဖူးသူတို့၏ နောက်ထပ် ခြားနားချက်တစ်ခုမှာ …..
အပျိုဗိုက်မှာ ကလေးလှုပ်ခြင်းကို ကိုယ်ဝန် ၁၈ပတ် – အပတ်၂၀ လောက်မှ စတင်ခံစားရတတ်ပြီး
အရင်ကိုယ်ဝန်ဆောင်ဖူးသူများမှာတော့ ကိုယ်ဝန် ၁၃ပတ် – ၁၆ပတ်လောက်ကတည်းက ကလေးလှုပ်ခြင်းကို ခံစားရနိုင်ပါတယ်။

အထက်ပါအချက်များသည် ကျန်းမာရေးဗဟုသုတအနေနှင့် သိထားသင့်ပြီး၊မိမိကိုယ်ဝန်ကို သက်ဆိုင်ရာ ဆရာဝန်ဆရာမထံ စနစ်တကျ ပုံမှန်ပြသခြင်းဖြင့် အမေရော ကလေးပါ ကျန်းမာစွာ ဖွားမြင်နိုင်မည်ဖြစ်ပါသည်။

ပိုင်နီမေ

အပ်ိဳဗိုက္ဟူသည္

အပ်ိဳဗိုက္ …..တစ္နည္းအားျဖင့္ ယခင္ကတစ္ႀကိမ္တစ္ခါမွ ကိုယ္ဝန္မေဆာင္ဖူးပဲ …..အခုမွ ပထမဦးဆံုးကိုယ္ဝန္ေဆာင္သည့္ဗိုက္။ ၾကားဖူးၾကပါတယ္ ” အပ်ိဳဗိုက္မို႔ ဗိုက္မထြက္ေသးတာ…..” အပ်ိဳဗိုက္ဆိုတာ ၅လ ၆လေလာက္ေနမွထြက္တတာ ” စသျဖင့္ေပါ့။

တကယ္လည္း ပထမဆံုးအႀကိမ္ က္ုယ္ဝန္ေဆာင္သည့္ အပ်ိဳဗိုက္ႏွင့္ ယခင္တစ္ႀကိမ္ႏွင့္အထက္ကိုယ္ဝန္ေဆာင္ဖူးသူ၏ဗိုက္…..အနည္းႏွင့္အမ်ားေတာ့ ကြာဟမႈရွိသည္။

အေရျပားရဲ႕ သေဘာတရားအရ က်ံဳ႕ႏိုင္ ဆန္႔ႏိုင္စြမ္းရွိသည္( ဥပမာ – သားေရကြင္း လိုေပါ့။သားေရကြင္းသည္ က်ံဳ႕ႏိုင္ဆန္႔ႏိုင္စြမ္းရွိသည္ဆိုေသာ္လည္း…..သားေရကြင္းအသစ္ႏွင့္ ဆြဲဆန္႔ၿပီးသားသံုးၿပီးသား သားေရကြင္းတို႔ အေလ်ာ့အတင္းကြာသည္။)အလားတူပဲ ကိုယ္ဝန္ေဆာင္ဖူးသူတစ္ေယာက္ ကိုယ္ဝန္ထပ္ေဆာင္တဲ့အခါ အေရျပားကအနည္းငယ္ေလ်ာ့ရဲႏွင့္ၿပီးျဖစ္သျဖင့္ လႏုစဥ္မွာပင္ ဗိုက္ထြက္ႏိုင္သည္။အပ်ိဳဗိုက္မူကား အေရျပား၏တင္းရင္းမႈေၾကာင့္ ဗိုက္ထြက္ အနည္းငယ္ေနာက္က်ႏိုင္သည္။

သို႔ေသာ္ သတိျပဳရမည္မွာ …..အထက္ပါေဖာ္ျပခ်က္သည္ ေယဘုယ်သေဘာတရားကို ရွင္းျပျခင္းသာျဖစ္ၿပီး…..ကိုယ္ဝန္ေဆာင္၏ ဗိုက္အရြယ္အစား အႀကီးအေသးမွာ …..ဗိုက္ထဲက ကေလး၏အရြယ္အစား၊ေရမႊာရည္ အနည္းအမ်ား အပါအဝင္ အျခားေသာ အခ်က္မ်ားအေပၚတြင္ မ်ားစြာမူတည္ေနေသးေၾကာင္း သတိျပဳေစလိုပါသည္။

အပ်ိဳဗိုက္ႏွင့္ ကိုယ္ဝန္ေဆာင္ဖူးသူတို႔၏ ေနာက္ထပ္ ျခားနားခ်က္တစ္ခုမွာ …..
အပ်ိဳဗိုက္မွာ ကေလးလႈပ္ျခင္းကို ကိုယ္ဝန္ ၁၈ပတ္ – အပတ္၂၀ ေလာက္မွ စတင္ခံစားရတတ္ၿပီး
အရင္ကိုယ္ဝန္ေဆာင္ဖူးသူမ်ားမွာေတာ့ ကိုယ္ဝန္ ၁၃ပတ္ – ၁၆ပတ္ေလာက္ကတည္းက ကေလးလႈပ္ျခင္းကို ခံစားရႏိုင္ပါတယ္။

အထက္ပါအခ်က္မ်ားသည္ က်န္းမာေရးဗဟုသုတအေနႏွင့္ သိထားသင့္ၿပီး၊မိမိကိုယ္ဝန္ကို သက္ဆိုင္ရာ ဆရာဝန္ဆရာမထံ စနစ္တက် ပံုမွန္ျပသျခင္းျဖင့္ အေမေရာ ကေလးပါ က်န္းမာစြာ ဖြားျမင္ႏိုင္မည္ျဖစ္ပါသည္။

ပိုင္နီေမ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…