မျက်နှာတစ်ခြမ်းရွဲ့ခြင်းတရားခံ
မိုးကလည်းဆက်တိုက်ရွာနေတာမို့ ဒေါက်တာစုတစ်ယောက် ချမ်းချမ်းစီးစီး ဆေးခန်းထိုင်နေခိုက်မှာ ဒေါက်ဘုတ်ဆုံတစ်ယောက် သူ့ရဲ့ သမီးငယ်လေးလက်ဆွဲပြီး
ဆေးခန်းထဲသုတ်သုတ်ပြာပြာဝင်လာတော့သည်။
” ဆရာမ ကျွန်မသမီးလေးလည်း ကျွန်မ အဖေဖြစ်သလို လေဖြတ်ပြီထင်တယ်။ ဒီမယ်ကြည့်ပါဦး” မှန်းစမ်း ဒေါက်တာစုစိတ်ထဲကလေးမလေးကြည့်လိုက်တော့ ၁၅နှစ်သာသာဆေးခန်းကိုလမ်းလျှောက်ဝင်လာနိုင်သားဆိုတော့လေဖြတ်တာတော့မဖြစ်နိုင်။ မျက်နှာသေချာကြည့်လိုက်မှ သူ့မျက်နှာက တစ်ခြမ်းရွဲ့နေတာကိုး။
ဒေါက်တာစုလည်း… ” ဟုတ်ပါပြီ အမရေ သမီးလေးကို သေချာအောင်စမ်းသပ်ပါရစေဦး” ဒေါက်တာစုတို့ ဆရာဝန်တွေအနေနဲ့ သွေးတိုးမတိုး၊ အခြား ကိုယ်လက်လှုပ်မရတာတွေနဲ့တွဲမတွဲ စစ်ဆေးရတော့သည်။
” အမ သမီးက လေဖြတ်တာမဟုတ်ဘူး မျက်နှာတစ်ခြမ်း အာရုံကြောခဏတာအလုပ်မလုပ်တဲ့( Bell’s Palsy) ဖြစ်သွားတာ။ဒီမှာကြည့် အမသမီးလကခဏာတွေကို
_ မျက်နှာတစ်ခြမ်းလှုပ်လို့မရဘူး။
_ ဖြစ်တဲ့ဘက်အခြမ်းက ထုံနေ၊ ကျင်နေမယ်။
_ ပါးစပ်တစ်ဘက်ရွဲ့နေမယ်။
_ အစားစားရခက်မယ်။ တံတွေးတွေစီးကိနေမယ်။
_ ဖြစ်တဲ့ဘက်မျက်လုံးကပိတ်မရဘူး။ ဒါတွေဖြစ်နေတယ် ၊ အခြား စိုးရိမ်ရတဲ့ လေဖြတ်တဲ့လက္ခဏာတွေနဲ့တွဲမနေဘူးဆိုတော့ ဆရာမအနေနဲ့တော့မျက်နှာတစ်ခြမ်းရွဲ့တဲ့ ရောဂါလို့ဘဲ ယူဆပါတယ်”
ဒေါ် ဘုတ်ဆုံလည်း ” ဟယ် သမီးလေးငယ်ငယ်ရွယ်ရွယ်နဲ့ ပြန်မှကောင်းပါ့မလား ဆရာမရယ်” ပြောပြောဆိုဆိုနဲ့ သူ့သမီးဘက်လှည့်ပြီး ” နင့်ကို ငါပြောပါတယ် မိုးရွာတုန်း ခေါင်းအကြာကြီးမလျှော်ပါနဲ့ဆို ၊ ခုတော့ ဖြစ်ပြီတွေ့လား” ဒေါက်တာစုလည်း ” အမသမီး ဖြစ်တာက ပြန်ကောင်းနိုင်ခြေ အရမ်းများပါတယ်။
အာရုံကြောခဏတာ အလုပ်မလုပ်တာ ဖြစ်လို့ ကောင်းရင်လည်း အရင်လို ရာနှုန်းပြည့်ပြန်ကောင်းမှာမို့ စိတ်မပူပါနဲ့။
အဓ်ကကတော့ အအေးမိတာဖြစ်စေ၊ နာ သို့ နှားခေါင်းပိုးဝင်တာဖြစ်စေကစပြီးတစ်ပတ် နှစ်ပတ်အကြာမှာ လကခဏာတွေပြလာတာပါ။ တစ်ချို့ကလည်း ရေယုန်နဲ့ တွဲဖြစ်ကြတယ်ပေါ့။ ဆီးချိုဖြစ်နေတဲ့ လူတွေမှာတော့ ဒါမျိုးမျက်နှာရွဲ့တာ မကြာခဏဖြစ်ကြတယ်။စိတ်မပူပါနဲ့။ ဆရာမ အာရုံကြောအတွက်ဆေး၊ မျက်စဉ်းလေးတွေပေးလိုက်မယ်။ သမီးလေးက မျက်နှာ ကြွက်သားလေ့ကျင့်ခန်းလေး လုပ်ပေး။ဒါဆို တစ်ပတ်ကနေ ၂ပတ်အတွင်း အရှင်းပျောက်ပါတယ်” ဒေါ်ဘုတ်ဆုံသမီးလည်း ” မျက်နှာကြွက်သားလေ့ကျင့်ခန်းကို သေချာလုပ်ပါမယ်ဆရာမ ၊ သမီးလည်း ကျောင်းသွားရမှာရှက်တယ်”
ရောဂါ သဘာဝကိုနားလည်သွးတဲ့ သားအမိ နှစ်ယောက်ေေးခန်းက ထွက်သွားတာကိုဒေါက်တာစုတစ်ယောက်ကြည့်ရင်း။ ။
မယ်တင်( ဆေး ၁)
မ်က္ႏွာတစ္ျခမ္းရြဲ႕ျခင္းတရားခံ
မိုးကလည္းဆက္တိုက္ရြာေနတာမို႔ ေဒါက္တာစုတစ္ေယာက္ ခ်မ္းခ်မ္းစီးစီး ေဆးခန္းထိုင္ေနခိုက္မွာ ေဒါက္ဘုတ္ဆံုတစ္ေယာက္ သူ႔ရဲ႕ သမီးငယ္ေလးလက္ဆြဲၿပီး
ေဆးခန္းထဲသုတ္သုတ္ျပာျပာဝင္လာေတာ့သည္။
” ဆရာမ ကၽြန္မသမီးေလးလည္း ကၽြန္မ အေဖျဖစ္သလို ေလျဖတ္ၿပီထင္တယ္။ ဒီမယ္ၾကည့္ပါဦး” မွန္းစမ္း ေဒါက္တာစုစိတ္ထဲကေလးမေလးၾကည့္လိုက္ေတာ့ ၁၅ႏွစ္သာသာေဆးခန္းကိုလမ္းေလၽွာက္ဝင္လာႏိုင္သားဆိုေတာ့ေလျဖတ္တာေတာ့မျဖစ္ႏိုင္။ မ်က္ႏွာေသခ်ာၾကည့္လိုက္မွ သူ႔မ်က္ႏွာက တစ္ျခမ္းရြဲ႕ေနတာကိုး။
ေဒါက္တာစုလည္း… ” ဟုတ္ပါၿပီ အမေရ သမီးေလးကို ေသခ်ာေအာင္စမ္းသပ္ပါရေစဦး” ေဒါက္တာစုတို႔ ဆရာဝန္ေတြအေနနဲ႔ ေသြးတိုးမတိုး၊ အျခား ကိုယ္လက္လႈပ္မရတာေတြနဲ႔တြဲမတြဲ စစ္ေဆးရေတာ့သည္။
” အမ သမီးက ေလျဖတ္တာမဟုတ္ဘူး မ်က္ႏွာတစ္ျခမ္း အာရံုေၾကာခဏတာအလုပ္မလုပ္တဲ့( Bell’s Palsy) ျဖစ္သြားတာ။ဒီမွာၾကည့္ အမသမီးလကခဏာေတြကို
_ မ်က္ႏွာတစ္ျခမ္းလႈပ္လို႔မရဘူး။
_ ျဖစ္တဲ့ဘက္အျခမ္းက ထံုေန၊ က်င္ေနမယ္။
_ ပါးစပ္တစ္ဘက္ရြဲ႕ေနမယ္။
_ အစားစားရခက္မယ္။ တံေတြးေတြစီးကိေနမယ္။
_ ျဖစ္တဲ့ဘက္မ်က္လံုးကပိတ္မရဘူး။ ဒါေတြျဖစ္ေနတယ္ ၊ အျခား စိုးရိမ္ရတဲ့ ေလျဖတ္တဲ့လကၡဏာေတြနဲ႔တြဲမေနဘူးဆိုေတာ့ ဆရာမအေနနဲ႔ေတာ့မ်က္ႏွာတစ္ျခမ္းရြဲ႕တဲ့ ေရာဂါလို႔ဘဲ ယူဆပါတယ္”
ေဒၚ ဘုတ္ဆံုလည္း ” ဟယ္ သမီးေလးငယ္ငယ္ရြယ္ရြယ္နဲ႔ ျပန္မွေကာင္းပါ့မလား ဆရာမရယ္” ေျပာေျပာဆိုဆိုနဲ႔ သူ႔သမီးဘက္လွည့္ၿပီး ” နင့္ကို ငါေျပာပါတယ္ မိုးရြာတုန္း ေခါင္းအၾကာႀကီးမေလၽွာ္ပါနဲ႔ဆို ၊ ခုေတာ့ ျဖစ္ၿပီေတြ႕လား” ေဒါက္တာစုလည္း ” အမသမီး ျဖစ္တာက ျပန္ေကာင္းႏိုင္ေျခ အရမ္းမ်ားပါတယ္။
အာရံုေၾကာခဏတာ အလုပ္မလုပ္တာ ျဖစ္လို႔ ေကာင္းရင္လည္း အရင္လို ရာႏႈန္းျပည့္ျပန္ေကာင္းမွာမို႔ စိတ္မပူပါနဲ႔။
အဓ္ကကေတာ့ အေအးမိတာျဖစ္ေစ၊ နာ သို႔ ႏွားေခါင္းပိုးဝင္တာျဖစ္ေစကစၿပီးတစ္ပတ္ ႏွစ္ပတ္အၾကာမွာ လကခဏာေတြျပလာတာပါ။ တစ္ခ်ိဳ႕ကလည္း ေရယုန္နဲ႔ တြဲျဖစ္ၾကတယ္ေပါ့။ ဆီးခ်ိဳျဖစ္ေနတဲ့ လူေတြမွာေတာ့ ဒါမ်ိဳးမ်က္ႏွာရြဲ႕တာ မၾကာခဏျဖစ္ၾကတယ္။စိတ္မပူပါနဲ႔။ ဆရာမ အာရံုေၾကာအတြက္ေဆး၊ မ်က္စဥ္းေလးေတြေပးလိုက္မယ္။ သမီးေလးက မ်က္ႏွာ ႂကြက္သားေလ့က်င့္ခန္းေလး လုပ္ေပး။ဒါဆို တစ္ပတ္ကေန ၂ပတ္အတြင္း အရွင္းေပ်ာက္ပါတယ္” ေဒၚဘုတ္ဆံုသမီးလည္း ” မ်က္ႏွာႂကြက္သားေလ့က်င့္ခန္းကို ေသခ်ာလုပ္ပါမယ္ဆရာမ ၊ သမီးလည္း ေက်ာင္းသြားရမွာရွက္တယ္”
ေရာဂါ သဘာဝကိုနားလည္သြးတဲ့ သားအမိ ႏွစ္ေယာက္ေေးခန္းက ထြက္သြားတာကိုေဒါက္တာစုတစ္ေယာက္ၾကည့္ရင္း။ ။
မယ္တင္( ေဆး ၁)