ဘီယာဗိုက်ဗိုက်များ
နှစ်ပေါင်းများစွာ သောက်လာခဲ့သမျှဘီယာတွေကြောင့် သင့်ဗိုက်စူစ ပြုနေပြီလား ?
မပူပါနဲ့ သင်တစ်ယောက်တည်းမဟုတ်ပါဘူး ။ လေ့လာတွေ့ရှိချက်တွေအရ ဘီယာသောက်သုံးသူ အများစုဟာ အသက်ကြီးလာလေ အထူးသဖြင့် အမျိုးသားတွေဟာ ဘီယာဗိုက်ထွက်လာကြလေ့ရှိပါတယ် ။
ဒါပေမယ့် ဘယ်အရာတွေက ဘီယာဗိုက်ကို ဖြစ်စေသလဲ… ဘီယာသောက်တဲ့လူတိုင်း ဘီယာဗိုက်မထွက်ကြပါဘူး ။ ဒါဆို ဘာကြောင့်များ ဒီဘီယာဗိုက်ထွက်လာသလဲ
ဘယ်အရာတွေက ဘီယာဗိုက် ထွက်လာစေသလဲ ?
အဓိက ဘီယာမှမဟုတ်ပါဘူး အရမ်းများတဲ့ကယ်လိုရီတွေက သင့်ခါးကို ဘောင်းဘီအပြင်လျှံထွက်စေတဲ့ ဘီယာဗိုက်တွေ ဖြစ်လာစေတာပါ ။ ကယ်လိုရီပါတဲ့ အစားအစာ ယမကာတွေဟာ သင့်ကို ဗိုက်ပူလာစေမှာပါ ။ ဒါပေမယ့် အရက်နဲ့ဆက်စပ်တဲ့ အရာတွေကတော့ ဗိုက်နားတဝိုက်ကို ပိုဝစေပါတယ် ။
နောက်ပြီး ဘီယာသောက်တဲ့အခါ အတူတူတွဲစားတဲ့အမြည်းတွေကလဲ ကယ်လိုရီ မနည်းလှပါဘူး ။ ဘားတွေ ပါတီတွေမယ်ဆိုရင် လွယ်လင့်တကူရတဲ့ ဆီကြော်အမြည်းတွေက သင့်ဗိုက်ကို ပိုပိုဆူလာစေမှာပါ ။
ဘာလို့ ဒီဗိုက်မှာမှ စုရသလဲ ?
ကျနော်တို့ တစ်နေ့တာ လိုအပ်တာထက် ပိုမိုစားမိတဲ့ ကယ်လိုရီတွေဟာ အဆီအဖြစ် ခန္ဓာကိုယ်ကသိုလှောင်ထားပါတယ် ။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေမှာ သိုလှောင်ထားလဲဆိုတာတော့ တစ်ဦးနဲ့ တစ်ဦး မတူညီပါဘူး ။
အမျိုးသမီးတွေဟာ အရေပြားအောက်အဆီလွှာပိုများပြီး အဲ့နေရာတွေမယ် အဆီအများစု စုလေ့ရှိတာကြောင့် သူတို့ရဲ့ လက်မောင်းတွေ ပေါင်တွေ တင်ပါးတွေမယ်ပိုမိုပြီး စုတတ်ပါတယ် ။ အမျိုးသားတွေမှာတော့ အရေပြားအောက်အဆီလွှာနည်းသောကြောင့် ဗိုက်မှာပဲ ပိုစုတာတွေ့ရပါတယ် ။နောက်ပြီး အသက်အရွယ်ကြီးတဲ့သူတွေမှာဆိုရင်လဲ လှုပ်ရှားမှုနည်းသောကြောင့် ပိုမိုပြီး ဘီယာဗိုက်ဖြစ်ဖို့ အခွင့်အလမ်းများပါတယ် ။
ဘီယာဗိုက် ထွက်တာ ဘာဖြစ်သလဲ ?
ဘီယာဗိုက်ထွက်ခြင်းကြောင့် သင့်အဝတ်အစားတွေ ကြပ်ထုပ်သွားတာထက် ဆိုးတဲ့ ကျန်းမာရေးဆိုးကျိုးတွေရှိပါတယ် အထူးသဖြင့် ဆီးချိုအမျိုးအစား ၂ ၊ သွေးတိုးရောဂါ ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါတွေပိုအဖြစ်များလာပါတယ် ။နောက်ပြီး ခန္ဓာကိုယ်က ဒီလို ဗိုက်အလေးကြီးကို သယ်ထားရတဲ့အတွက် ဒူးနာခြင်းလိုတွေဖြစ်စေတတ်ပါတယ်
ဒါဆို ဒီဘီယာဗိုက်ကို ဘယ်လိုဖျောက်မလဲ ?
မျက်လှည့်ပြသလို အလွယ်တကူဖျောက်ပစ်ဖို့တော့ မလွယ်ပါဘူး ကိုယ်လက်လှုပ်ရှားများများ လုပ်ပေးဖို့လိုပါတယ် ။ အထူးသဖြင့် ဘီယာသောက်သုံးတာကို တတ်နိုင်သလောက်လျှော့ချခြင်းဟာ ပထမဆုံးခြေလှမ်းပါပဲ ။ နောက်ပြီးရင် ကျန်းမာတဲ့အစားအစာမျိုးတွေ ကြိုတင်စားသုံးထားတာကလဲ ဆီကြော်အမြည်းတွေကို အများကြီးစားမိခြင်းမှ ကာကွယ်ပေးပါတယ် ။
လေ့ကျင့်ခန်းလုပ်ရင် ပျောက်သွားမလား ?
ဘယ်ရီရိုက်တာမျိုးတွေလို ဝမ်းဗိုက်အသားပေး လေ့ကျင့်ခန်းတွေက ဗိုက်ကြွက်သားတွေကိုသန်မာစေပြီး အဆီအနည်းငယ်ကျစ်သွားတာကလွဲရင် ဘီယာဗိုက်ကြီးက ပျောက်မသွားပါဘူး ။ လုံးဝပျောက်သွားဖို့အတွက် အဖြေကတော့ ဝိတ်ချခြင်းပဲ ဖြစ်ပါတယ် ။
အေရိုးဗစ် လေ့ကျင့်ခန်းတွေ ရေကူးတာတွေ စက်ဘီးစီးတာတွေ က ဝိတ်ကျစေပါတယ် အစားလျှော့စားခြင်းတစ်ခုထဲထက် လေ့ကျင့်ခန်းတွဲလုပ်ခြင်းက ပိုမိုပြီးဝိတ်ကျစေပါတယ် ။
သတင်းကောင်းကတော့ သင်ဝိတ်စချပြီဆိုတာနဲ့ ဗိုက်အနားတစ်ဝိုက်ကအဆီတွေဟာ ကျန်တဲ့နေရာတွေထက် အရင်ဆုံးလောင်ကျွမ်းပါတယ်တဲ့ ။
ကဲ ဒီနေ့ကစပြီး ဘီယာဗိုက်ကြီးကို ဖျောက်ပစ်ကြရအောင်
ဒေါက်တာရှိန်းသူဟန်
ဘီယာဗိုက္ဗိုက္မ်ား
ႏွစ္ေပါင္းမ်ားစြာ ေသာက္လာခ့ဲသမွ်ဘီယာေတြေၾကာင့္ သင့္ဗိုက္စူစ ျပဳေနၿပီလား ?
မပူပါနဲ႔ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး ။ ေလ့လာေတြ႕ရွိခ်က္ေတြအရ ဘီယာေသာက္သံုးသူ အမ်ားစုဟာ အသက္ႀကီးလာေလ အထူးသျဖင့္ အမ်ဳိးသားေတြဟာ ဘီယာဗိုက္ထြက္လာၾကေလ့ရွိပါတယ္ ။
ဒါေပမယ့္ ဘယ္အရာေတြက ဘီယာဗိုက္ကို ျဖစ္ေစသလဲ… ဘီယာေသာက္တ့ဲလူတိုင္း ဘီယာဗိုက္မထြက္ၾကပါဘူး ။ ဒါဆို ဘာေၾကာင့္မ်ား ဒီဘီယာဗိုက္ထြက္လာသလဲ
ဘယ္အရာေတြက ဘီယာဗိုက္ ထြက္လာေစသလဲ ?
အဓိက ဘီယာမွမဟုတ္ပါဘူး အရမ္းမ်ားတ့ဲကယ္လိုရီေတြက သင့္ခါးကို ေဘာင္းဘီအျပင္လွ်ံထြက္ေစတ့ဲ ဘီယာဗိုက္ေတြ ျဖစ္လာေစတာပါ ။ ကယ္လိုရီပါတ့ဲ အစားအစာ ယမကာေတြဟာ သင့္ကို ဗိုက္ပူလာေစမွာပါ ။ ဒါေပမယ့္ အရက္နဲ႔ဆက္စပ္တ့ဲ အရာေတြကေတာ့ ဗိုက္နားတဝိုက္ကို ပိုဝေစပါတယ္ ။
ေနာက္ၿပီး ဘီယာေသာက္တ့ဲအခါ အတူတူတြဲစားတ့ဲအျမည္းေတြကလဲ ကယ္လိုရီ မနည္းလွပါဘူး ။ ဘားေတြ ပါတီေတြမယ္ဆိုရင္ လြယ္လင့္တကူရတ့ဲ ဆီေၾကာ္အျမည္းေတြက သင့္ဗိုက္ကို ပိုပိုဆူလာေစမွာပါ ။
ဘာလို႔ ဒီဗိုက္မွာမွ စုရသလဲ ?
က်ေနာ္တို႔ တစ္ေန႔တာ လိုအပ္တာထက္ ပိုမိုစားမိတ့ဲ ကယ္လိုရီေတြဟာ အဆီအျဖစ္ ခႏၶာကိုယ္ကသိုေလွာင္ထားပါတယ္ ။ ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းေတြမွာ သိုေလွာင္ထားလဲဆိုတာေတာ့ တစ္ဦးနဲ႔ တစ္ဦး မတူညီပါဘူး ။
အမ်ဳိးသမီးေတြဟာ အေရျပားေအာက္အဆီလႊာပိုမ်ားၿပီး အ့ဲေနရာေတြမယ္ အဆီအမ်ားစု စုေလ့ရွိတာေၾကာင့္ သူတို႔ရဲ႕ လက္ေမာင္းေတြ ေပါင္ေတြ တင္ပါးေတြမယ္ပိုမိုၿပီး စုတတ္ပါတယ္ ။ အမ်ဳိးသားေတြမွာေတာ့ အေရျပားေအာက္အဆီလႊာနည္းေသာေၾကာင့္ ဗိုက္မွာပဲ ပိုစုတာေတြ႕ရပါတယ္ ။ေနာက္ၿပီး အသက္အရြယ္ျကီးတ့ဲသူေတြမွာဆိုရင္လဲ လႈပ္ရွားမႈနည္းေသာေၾကာင့္ ပိုမိုၿပီး ဘီယာဗိုက္ျဖစ္ဖို႔ အခြင့္အလမ္းမ်ားပါတယ္ ။
ဘီယာဗိုက္ ထြက္တာ ဘာျဖစ္သလဲ ?
ဘီယာဗိုက္ထြက္ျခင္းေၾကာင့္ သင့္အဝတ္အစားေတြ ၾကပ္ထုပ္သြားတာထက္ ဆိုးတ့ဲ က်န္းမာေရးဆိုးက်ဳိးေတြရွိပါတယ္ အထူးသျဖင့္ ဆီးခ်ဳိအမ်ဳိးအစား ၂ ၊ ေသြးတိုးေရာဂါ ၊ ႏွလံုးႏွင့္ေသြးေၾကာဆိုင္ရာေရာဂါေတြပိုအျဖစ္မ်ားလာပါတယ္ ။ေနာက္ၿပီး ခႏၶာကိုယ္က ဒီလို ဗိုက္အေလးႀကီးကို သယ္ထားရတ့ဲအတြက္ ဒူးနာျခင္းလိုေတြျဖစ္ေစတတ္ပါတယ္
ဒါဆို ဒီဘီယာဗိုက္ကို ဘယ္လိုေဖ်ာက္မလဲ ?
မ်က္လွည့္ျပသလို အလြယ္တကူေဖ်ာက္ပစ္ဖို႔ေတာ့ မလြယ္ပါဘူး ကိုယ္လက္လႈပ္ရွားမ်ားမ်ား လုပ္ေပးဖို႔လိုပါတယ္ ။ အထူးသျဖင့္ ဘီယာေသာက္သံုးတာကို တတ္ႏိုင္သေလာက္ေလွ်ာ့ခ်ျခင္းဟာ ပထမဆံုးေျခလွမ္းပါပဲ ။ ေနာက္ၿပီးရင္ က်န္းမာတ့ဲအစားအစာမ်ဳိးေတြ ႀကိဳတင္စားသံုးထားတာကလဲ ဆီေၾကာ္အျမည္းေတြကို အမ်ားႀကီးစားမိျခင္းမွ ကာကြယ္ေပးပါတယ္ ။
ေလ့က်င့္ခန္းလုပ္ရင္ ေပ်ာက္သြားမလား ?
ဘယ္ရီ႐ိုက္တာမ်ဳိးေတြလို ဝမ္းဗိုက္အသားေပး ေလ့က်င့္ခန္းေတြက ဗိုက္ႂကြက္သားေတြကိုသန္မာေစၿပီး အဆီအနည္းငယ္က်စ္သြားတာကလြဲရင္ ဘီယာဗိုက္ႀကီးက ေပ်ာက္မသြားပါဘူး ။ လံုးဝေပ်ာက္သြားဖို႔အတြက္ အေျဖကေတာ့ ဝိတ္ခ်ျခင္းပဲ ျဖစ္ပါတယ္ ။
ေအ႐ိုးဗစ္ ေလ့က်င့္ခန္းေတြ ေရကူးတာေတြ စက္ဘီးစီးတာေတြ က ဝိတ္က်ေစပါတယ္ အစားေလွ်ာ့စားျခင္းတစ္ခုထဲထက္ ေလ့က်င့္ခန္းတြဲလုပ္ျခင္းက ပိုမိုၿပီးဝိတ္က်ေစပါတယ္ ။
သတင္းေကာင္းကေတာ့ သင္ဝိတ္စခ်ၿပီဆိုတာနဲ႔ ဗိုက္အနားတစ္ဝိုက္ကအဆီေတြဟာ က်န္တ့ဲေနရာေတြထက္ အရင္ဆံုးေလာင္ကြၽမ္းပါတယ္တ့ဲ ။
ကဲ ဒီေန႔ကစၿပီး ဘီယာဗိုက္ႀကီးကို ေဖ်ာက္ပစ္ၾကရေအာင္
ေဒါက္တာရွိန္းသူဟန္