ဒေါက်တာစုနှင့် တီတီတာတာလေးများ(၁)
“အိပ်ရာထဲ သေးပေါက်တတ်သောကလေး”
ဆေးခန်း ပိတ်ခါနီး အချိန်လောက် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက် ၃ နှစ်အရွယ်ကလေးလေး လက်ဆွဲကာ ဆေးခန်းထဲသို့ဝင်လာသည်

အမေကို ကြည့်ရတာ စိတ်ညစ်နေပုံ၊ ကလေးကြည့်တော့လဲ လန်းလန်းဆန်းဆန်း။ ဖျားနာ သည့်ပုံ လုံးဝမပေါ် ၊ ဒေါက်တာစုတစ်ယောက် စဉ်းစားရပင် ခက်သွားသည်၊ ကလေးအမေက စမ်းသပ်ခန်းတွင်းရောက်သည်နှင့်

” ဆရာမ ကျွန်မ သားလေးက ညဘက် အိပ်ရာထဲ သေးပေါက်ချလို့ ကျွန်မနှင့်အတူအိပ်တာ ဘယ်လို ဆုံးမ၊ ရိုက်ပြီးပြောလဲ မရဘူး၊ ညတိုင်းနီးပါးပေါက်ချတော့ ကျွန်မမှာ ညဘက်ဆိုသေးစိုတွေ ထလဲ ၊အိပ်ရာခင်းထလဲ ရတော့ကောင်းကောင်း အိပ်မရဘူး ဆရာမရယ်”

” ကျွန်မတော့ တော်တော် စိတ်ညစ်လာပြီ”

အော် ဒါကြောင့်ကိုး ဒေါက်တာစု တစ်ယောက် အဖြေရှာတွေ့သွားသည်ပြသနာက ကလေးကစပြီး အမေပါ စိတ်ညစ်နေရသည်

” ဟုတ်ပါပြီ မေမေ ရယ် ကျွန်မတို့ ဒီပြသနာကို တူတူဖြေရှင်းကြည့်ကြတာပေါ့”

” မေ့မေ့ အနေနှင့် သတိပြုမိဖို့ကတော့ ဒီပြသနာက အတင်းအကျပ်ဖြေရှင်းလို့မရဘူး အချိန်ယူပြီး ကလေးကို သေချာလေ့ကျင့်ပြီး ဖြေရှင်းရမယ်ဆိုတာပါ”

” မေ့မေ့ကို ဒီပြသနာဘာကြောင့်ဖြစ်ရလဲ အရင်ရှင်းပြမယ်နော်”

” ညဘက် အိပ်ရာထဲဆီးသွားတယ်ဆိုတာ ဆေးပညာတွေ့ရှိချက်တွေအရ အသက်၃နှစ်အောက်ကလေး တစ်ဝက် လောက်က အိပ်ရာထဲဆီးသွားတတ်ကြတယ်၊ ကလေးအသက်ကြီးလာပြီး အိမ်သာသွားတဲ့အလေ့အထကောင်း မွန်လာတာနှင့်အမျှ အိပ်ရာထဲဆီးသွားတဲ့ အလေ့အကျင့်ပျောက်သွားတတ်ကြတယ်”

” ခုက သားသားက ၃ နှစ်ပဲ ရှိသေးတာမို့ အရမ်းကြီးစိတ်မပူစေချင်သေးဘူး”

“ဆရာမရယ် ကျွန်မကြားဖူးတာက ဒီလိုဆီးသွားရင် ကလေးဉာဏ်ရည် မဖွံ့ဖြိုးတာ၊ ကလေးပေါကြီးဖြစ်တတ်တယ် ကြားဖူးလို့ စိတ်ပူတယ်ဆရာမရယ်”

” အိပ်ရာထဲ ဆီးသွားရတဲ့ အကြောင်းအရင်းတွေကတော့ အဓိကအားဖြင့်
(၁) ကလေးရဲ့ ဆီးအိမ်သေးလို့ သိုလှောင်စွမ်းမရှိ ခဏခဏသွားတာ
(၂) မျိုးရိုးလိုက်တာ
နောက်ဆုံး အဖြစ်အနည်းဆုံးအကြောင်းကတော့ ကလေးမှာ စိတ်ဖိစီးမှုများတာမျိုး (ဥပမာ_ အမေက ကလေးငယ်မွေးတာမျိုး မူကြိုစထားတဲ့အချိန်မျိုး) အဲ့လိုအကြောင်းတွေကြောင့် ဖြစ်တတ်ပါတယ်”

” ဆရာမရယ် ကျွန်မကတော့ မြန်မြန်ပျောက်စေခြင်လှပြီ ၊ ကျွန်မ ဘာဆေးတွေ တိုက်ရမလဲ”

” ဟုတ်ပြီ အမရေ မေ့မေ့ ရဲ့ အခန်း ကဏ္ဃက ကျွန်မတို့ထက်ပို အရေးကြီးတယ် , သေချာနားထောင်နော်”

” မေ့မေ့အနေနှင့် ပြုလုပ်သင့်တာတွေက *ကလေး အိပ်ရာထဲ သေးမပေါက်တဲ့ ရက်တွေဆို တော်ကြောင်း၊လိမ္မာကြောင်း ချီးမွမ်းပါ* *ကလေး သေးပေါက်ချတဲ့နေ့မျိုးတွေမှာဆိုရင်တော့ ကလေးကို ဆူပူခြင်းမလုပ်ဘဲ ‘ဒါ ဖြစ်တတ်ပါတယ်၊ သားသားနောက်နေ့တွေ မပေါက်ဖြစ်အောင် မေမေတို့ အတူကြိုးစားတာပေါ့’ ဆိုတဲ့ အားပေးစကားမျိုးပြောပေးပါ ကလေးကို စိတ်ဓာတ်ခွန်အားပေးတာဟာလဲ ဆေးတစ်မျိုးပါပဲ”

“မေမေ အနေနှင့် မလုပ်သင့်တာကတော့ ကလေးကို ဆူပူတာ၊ ညစာစားပြီး ရေမသောက်ခိုင်းတာ၊ မီးဖွင့်အိပ်ခိုင်းတာတို့၊ မလုပ်သင့်ပါဘူး”

“ကလေးကို မအိပ်ခင် သေချာ ဆီးတည် ၊ ခုပြောတဲ့ အတိုင်း ကြိုးစားကြည့်မယ်ဆိုရင် အဆင်ပြေလာပါလိမ့်မယ်”

ဒေါက်တာစု ရှင်းပြ အပြီးတွင် ထိုကလေး မေမေလည်း ပြန်သွားသည်၊ ဒေါက်တာစု တစ်ယောက်တော့ ဆေးခန်းလာ ပြီး ဆွေးနွေးဖော်ရသော ကလေးအမေကို စိတ်ထဲက ကျိတ်ကျေးဇူးတင်နေမိသည်

မယ်တင်(ဆေး ၁)

ေဒါက္တာစုႏွင့္ တီတီတာတာေလးမ်ား(၁)
“အိပ္ရာထဲ ေသးေပါက္တတ္ေသာကေလး”
ေဆးခန္း ပိတ္ခါနီး အခ်ိန္ေလာက္ လူလတ္ပိုင္း အမ်ိဳးသမီးတစ္ေယာက္ ၃ ႏွစ္အရြယ္ကေလးေလး လက္ဆြဲကာ ေဆးခန္းထဲသို႔ဝင္လာသည္

အေမကို ၾကည့္ရတာ စိတ္ညစ္ေနပံု၊ ကေလးၾကည့္ေတာ့လဲ လန္းလန္းဆန္းဆန္း။ ဖ်ားနာ သည့္ပံု လံုးဝမေပၚ ၊ ေဒါက္တာစုတစ္ေယာက္ စဥ္းစားရပင္ ခက္သြားသည္၊ ကေလးအေမက စမ္းသပ္ခန္းတြင္းေရာက္သည္ႏွင့္

” ဆရာမ ကၽြန္မ သားေလးက ညဘက္ အိပ္ရာထဲ ေသးေပါက္ခ်လို႔ ကၽြန္မႏွင့္အတူအိပ္တာ ဘယ္လို ဆံုးမ၊ ရိုက္ၿပီးေျပာလဲ မရဘူး၊ ညတိုင္းနီးပါးေပါက္ခ်ေတာ့ ကၽြန္မမွာ ညဘက္ဆိုေသးစိုေတြ ထလဲ ၊အိပ္ရာခင္းထလဲ ရေတာ့ေကာင္းေကာင္း အိပ္မရဘူး ဆရာမရယ္”

” ကၽြန္မေတာ့ ေတာ္ေတာ္ စိတ္ညစ္လာၿပီ”

ေအာ္ ဒါေၾကာင့္ကိုး ေဒါက္တာစု တစ္ေယာက္ အေျဖရွာေတြ႕သြားသည္ျပသနာက ကေလးကစၿပီး အေမပါ စိတ္ညစ္ေနရသည္

” ဟုတ္ပါၿပီ ေမေမ ရယ္ ကၽြန္မတို႔ ဒီျပသနာကို တူတူေျဖရွင္းၾကည့္ၾကတာေပါ့”

” ေမ့ေမ့ အေနႏွင့္ သတိျပဳမိဖို႔ကေတာ့ ဒီျပသနာက အတင္းအက်ပ္ေျဖရွင္းလို႔မရဘူး အခ်ိန္ယူၿပီး ကေလးကို ေသခ်ာေလ့က်င့္ၿပီး ေျဖရွင္းရမယ္ဆိုတာပါ”

” ေမ့ေမ့ကို ဒီျပသနာဘာေၾကာင့္ျဖစ္ရလဲ အရင္ရွင္းျပမယ္ေနာ္”

” ညဘက္ အိပ္ရာထဲဆီးသြားတယ္ဆိုတာ ေဆးပညာေတြ႕ရွိခ်က္ေတြအရ အသက္၃ႏွစ္ေအာက္ကေလး တစ္ဝက္ ေလာက္က အိပ္ရာထဲဆီးသြားတတ္ၾကတယ္၊ ကေလးအသက္ႀကီးလာၿပီး အိမ္သာသြားတဲ့အေလ့အထေကာင္း မြန္လာတာႏွင့္အမၽွ အိပ္ရာထဲဆီးသြားတဲ့ အေလ့အက်င္ ့ေပ်ာက္သြားတတ္ၾကတယ္”

” ခုက သားသားက ၃ ႏွစ္ပဲ ရွိေသးတာမို႔ အရမ္းႀကီးစိတ္မပူေစခ်င္ေသးဘူး”

“ဆရာမရယ္ ကၽြန္မၾကားဖူးတာက ဒီလိုဆီးသြားရင္ ကေလးဥာဏ္ရည္ မဖြံ႕ၿဖိဳးတာ၊ ကေလးေပါႀကီးျဖစ္တတ္တယ္ ၾကားဖူးလို႔ စိတ္ပူတယ္ဆရာမရယ္”

” အိပ္ရာထဲ ဆီးသြားရတဲ့ အေၾကာင္းအရင္းေတြကေတာ့ အဓိကအားျဖင့္
(၁) ကေလးရဲ႕ ဆီးအိမ္ေသးလို႔ သိုေလွာင္စြမ္းမရွိ ခဏခဏသြားတာ
(၂) မ်ိဳးရိုးလိုက္တာ
ေနာက္ဆံုး အျဖစ္အနည္းဆံုးအေၾကာင္းကေတာ့ ကေလးမွာ စိတ္ဖိစီးမႈမ်ားတာမ်ိဳး (ဥပမာ_ အေမက ကေလးငယ္ေမြးတာမ်ိဳး မူႀကိဳစထားတဲ့အခ်ိန္မ်ိဳး) အဲ့လိုအေၾကာင္းေတြေၾကာင့္ ျဖစ္တတ္ပါတယ္”

” ဆရာမရယ္ ကၽြန္မကေတာ့ ျမန္ျမန္ေပ်ာက္ေစျခင္လွၿပီ ၊ ကၽြန္မ ဘာေဆးေတြ တိုက္ရမလဲ”

” ဟုတ္ၿပီ အမေရ ေမ့ေမ့ ရဲ႕ အခန္း ကဏၣက ကၽြန္မတို႔ထက္ပို အေရးႀကီးတယ္ , ေသခ်ာနားေထာင္ေနာ္”

” ေမ့ေမ့အေနႏွင့္ ျပဳလုပ္သင့္တာေတြက *ကေလး အိပ္ရာထဲ ေသးမေပါက္တဲ့ ရက္ေတြဆို ေတာ္ေၾကာင္း၊လိမၼာေၾကာင္း ခ်ီးမြမ္းပါ* *ကေလး ေသးေပါက္ခ်တဲ့ေန႔မ်ိဳးေတြမွာဆိုရင္ေတာ့ ကေလးကို ဆူပူျခင္းမလုပ္ဘဲ ‘ဒါ ျဖစ္တတ္ပါတယ္၊ သားသားေနာက္ေန႔ေတြ မေပါက္ျဖစ္ေအာင္ ေမေမတို႔ အတူႀကိဳးစားတာေပါ့’ ဆိုတဲ့ အားေပးစကားမ်ိဳးေျပာေပးပါ ကေလးကို စိတ္ဓာတ္ခြန္အားေပးတာဟာလဲ ေဆးတစ္မ်ိဳးပါပဲ”

“ေမေမ အေနႏွင့္ မလုပ္သင့္တာကေတာ့ ကေလးကို ဆူပူတာ၊ ညစာစားၿပီး ေရမေသာက္ခိုင္းတာ၊ မီးဖြင့္အိပ္ခိုင္းတာတို႔၊ မလုပ္သင့္ပါဘူး”

“ကေလးကို မအိပ္ခင္ ေသခ်ာ ဆီးတည္ ၊ ခုေျပာတဲ့ အတိုင္း ႀကိဳးစားၾကည့္မယ္ဆိုရင္ အဆင္ေျပလာပါလိမ့္မယ္”

ေဒါက္တာစု ရွင္းျပ အၿပီးတြင္ ထိုကေလး ေမေမလည္း ျပန္သြားသည္၊ ေဒါက္တာစု တစ္ေယာက္ေတာ့ ေဆးခန္းလာ ၿပီး ေဆြးေႏြးေဖာ္ရေသာ ကေလးအေမကို စိတ္ထဲက က်ိတ္ေက်းဇူးတင္ေနမိသည္

မယ္တင္(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *