All Articlesကင်ဆာစားသောက်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

အကင်တွေအစားများခြင်းရဲ့နောက်ဆက်တွဲအန္တရာယ်..

1 Mins read
အကင်တွေအစားများခြင်းရဲ့နောက်ဆက်တွဲအန္တရာယ်..
ယခုလို တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ လူတွေစားသုံးဖို့ အစားအစာတွေ၊ ဆိုင်တွေဟာလည်း မှိုလိုပေါက်များပြားလာပါတယ်။ အနံ့တမွှေးမွှေးနဲ့ ဆွဲဆောင်နေတဲ့ BBQ ဆိုင်တွေ၊ လမ်းဘေးအကင်ဆိုင်တွေလည်း များစွာရှိလာခဲ့တယ်။ ဒီလို အကင်တွေဟာ စားသုံးလို့ တော်တော်အရသာရှိတာမှန်ပေမယ့် ဒီအကင်တွေကနေ ရမယ့် အူမကြီးကင်ဆာအန္တရာယ်ကိုတော့ လူတွေက သတိမထား မိကြပါဘူး။
️♀️ အကင်တွေစားသုံးတာအပြင် အူမကြီးကင်ဆာဟာ ဘာတွေနဲ့ဆက်စပ်နေလဲဆိုရင်…
♒ အူမကြီးကင်ဆာမျိုးရိုးရှိတာ
♒ နာတာရှည်အူရောင်ရောဂါရှိတာ
♒ Gene ပုံမှန်မဟုတ်တဲ့ပြဿနာတွေရှိနေတာ
♒ အူမကြီးမှာ polyp အလုံးတွေရှိနေတာ
♒ Fiber စားတာနည်းပြီး အဆီတွေစားတာများတာ
♒ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်သောက်တာ
♒ ကိုယ်လက်လှုပ်ရှားမှုနည်းတာ
♒ ဆီးချိုရောဂါရှိတာ၊ အဝလွန်တာ
♒ တခြားကင်ဆာရောဂါကိုကုသဖို့အတွက် ဓာတ်ရောင်ခြည်ကုထုံးခံယူဖူးတာ တွေနဲ့လည်းဆက်စပ်နေတတ်ပါတယ်။
ဒီအူမကြီးကင်ဆာဟာ အသက်ကြီးတဲ့သူတွေမှာဖြစ်တာများတတ်ပေမယ့် အသက်အရွယ်
မရွေးလည်းဖြစ်တတ်ပါတယ်။ တော်တော်များများက စစချင်းမှာ ရောဂါလက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့်ရောဂါလက္ခဏာပြပြီဆိုရင်တော့….
♒ ဝမ်းချုပ်လိုက်၊ ဝမ်းပျော့ဆေးသောက်လိုက်တဲ့အခါ ဝမ်းသွားလိုက် စတာတွေဖြစ်လာတာ
♒ တဖြည်းဖြည်းနဲ့ဝမ်းပျော့ဆေးသောက်ရတဲ့ dose ဟာများများလာတာ
♒ ဝမ်းထဲသွေးပါတာ
♒ ဝမ်းသွားပြီးရင်ဝမ်းကျန်နေသလို ခံစားရတာ
♒ ဗိုက်အောင့်သလို လေခံနေသလိုခံစားရတာ
♒ သိသိသာသာ ကိုယ်အလေးချိန်ကျဆင်းလာတာ
♒ အားနည်းနုံးချိနေတာ စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။
တကယ်လို့ သင့်မှာ ဒီအူမကြီးကင်ဆာလက္ခဏာတွေဖြစ်ပေါ်နေပြီဆိုရင်တော့ အူလမ်းကြောင်းမှန်ပြောင်းကြည့်ရတာ၊ အူမကြီးကင်ဆာရဲ့ အဆင့်ဘယ်လောက်ရောက်နေပြီလဲဆိုတာသိနိုင်ဖို့ Utrasound/ CT စတာတွေပါပြုလုပ်လာရနိုင်ပါတယ်။
ကုသနည်းအနေနဲ့ကတော့….
ခွဲစိတ်တာ
ဓာတ်ရောင်ခြည်ကုထုံးခံယူတာ
Chemo ဆေးသွင်းတာ စတဲ့ကုသနည်းတွေရှိပါတယ်။
ဒေါက်တာလရိပ်
Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…