BBQ အသားကင်၏ ကောင်းကျိုးဆိုးကျိုး

BBQ တွေကတော့ ခုခေတ်မှာ လူငယ်လူကြီး ကလေးတွေရော အကြိုက်ဆုံး အစားအစာ တစ်ခုပါ။ BBQ ဆိုင်တွေ မှိုလိုပေါက်နေပြီး ကိုးရီးယားအရသာ၊ ဂျပန်အရသာ၊ ထိုင်းအရသာ စသဖြင့် မျိုးစုံ ရှိပါတယ်။ လူတိုင်း လိုလို နှစ်သက်စွာ စားသုံးကြပြီး တချို့ဆို မကြာမကြာ စားတဲ့ အကျင့်ပါ ဖြစ်နေကြပါပြီ။ အသားကင်မှာ ကောင်းတာတွေရော မကောင်းတာတွေရော ရှိပါတယ်။ အကင်တွေကြောင့် ကင်ဆာဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ရှိနေတော့ ကျမတို့မှာ ကြောက်ကြောက်နဲ့ စားနေရသလို ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း မစားဘဲ မနေနိုင်တာကြောင့် ဆောင်ရန် ရှောင်ရန် လေးတွေကို မှတ်ပြီး ချင့်ချိန် စားကြဖို့မျှဝေလိုက်ရပါတယ်။

ကောင်းကျိုးလေးတွေကို အရင်ပြောပါမယ်။ အသားတွေကို ကင်လိုက်တဲ့ အခါ အဆီတွေက အပူကြောင့် အောက်ကို အရည်ပျော်ပြီး ကျသွားတာကြောင့် ကိုယ်စားလိုက်တဲ့ အသားက အဆီနည်းပါတယ်။ အဆီနည်းတဲ့ အသားစားတာက ကောင်းတဲ့ အချက်ပါ။ နောက်တစ်ခုကတော့ အသားကင်တဲ့ အခါ ကြော်တာ ထက် ဆီနည်းတဲ့ အတွက်လည်း ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဆီစားနည်းသွားတဲ့ အတွက်ပါ။ ကင်ထားတဲ့ အသားတွေဟာ ကြော်ချက်တာထက် အာဟာရ တန်ဖိုးပိုကောင်းပါတယ်။ နောက်တစ်ချက်ကတော့ အသားကင်စားရင် အိမ်မှာပဲ စားစား ဆိုင်မှာပဲစားစား အရွက်တွေ ပါစားဖို့ပါ။ ဒါဟာ BBQ ရဲ့ဆိုးကျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ အသားချည်းပဲ စားနေတာထက် အာလူး၊ ရုံးပတီသီး၊ ဆလတ် စတာတွေပါ မဖြစ်မနေ စားဖို့လိုပါတယ်။ ကင်တဲ့ အခါ မီးသွေးထက် Gas နဲ့ကင်တာက ကျန်းမာရေး နဲ့ပို ညီညွတ်ပါတယ်။ မီးသွေးကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

ကောင်းတာတွေ ပြီးရင် ဆိုးတာတွေ လာပါမယ်။ အသားတွေကို မီးသွေးနဲ့ကင်တဲ့ အခါ မြင့်မားတဲ့ အပူချိန်ကြောင့်် အသားမှ အဆီတွေ အရည်ပျော်ပြီး အောက်ကို ကျလာပါတယ်။ ဒီအဆီ တွေနဲ့ မီးသွေး မီးခိုးတွေနဲ့ အတူလောင်ကျွမ်းပြီး အပေါ်မှ အသားပေါ် သွားဖုံးအုပ်ပါတယ်။ ဒီမီးခိုးတွေမှာ Polycyclic Aromatic Hydrocarbons (PAHs) လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာတွေ ပါနေပါတယ်။ ဒါ့အပြင် အသားကင်တဲ့ အခါမှာ မီးပြင်းလွန်းတာကြောင့် အသားမှာ Hetrocyclic Amine လို့ခေါ်တဲ့ ဒြပ်ပေါင်းလည်း ဖြစ်ပေါ်လာပြီး ဒါကလည်း ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ တကြိမ်တခါ စားရုံနဲ့တော့ မဖြစ်ပေမယ့် မိမိရဲ့မျိုးရိုး၊ ပတ်ဝန်းကျင်၊ လူမှုဘ၀ နေထိုင်မှု တွေ အပြင် အစားအသောက်ပုံစံ နဲ့ ကိုယ်လက်လုှပ်ရှားမှု စတာတွေပေါ် မူတည်ပြီး ရောဂါ တော်တော် များများက ဖြစ်တာမို့ သတိထားသင့်ပါတယ်။ အသားကင် စားတဲ့ လူတိုင်းတော့ဖြစ်တာ မဟုတ်ပေမယ့် ဘယ်သူမဆို ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့် အသားကင် ကြိုက်တတ်တယ်ဆိုလည်း တခါတလေ မှ စားတာမျိုးက သင့်တော်ပြီး အသားကင် အပြင် အသီးအရွက်ပါ များများ စားသင့်ပြီး အချိုရည်တွေ တွဲဖက် သောက်မယ့် အစား လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်သောက်တာက ကိုယ့်ကို ကိုယ် ကာကွယ်ရာရောက်ပါတယ်။ ဖြစ်နိုင်ရင် Gas နဲ့ကင်တာ ပိုကောင်းပါတယ်။ အိမ်မှာ သန့်သန့်ရှင်းရှင်း လုပ်စားတာလည်း ပိုစိတ်ချရပါတယ်။ အသားကို နှပ်တဲ့ နေရာမှာပါဝင်တဲ့ အချိုမှုန့်၊ အသားမှုန့်၊ ဟင်းခတ်မှုန့်စတာတွေကလည်း ဖြစ်နိုင်ရင် ရှောင်သင့်တဲ့ အထဲပါတာမို့ မိမိ ကိုယ်တိုင်သာ ချင့်ချိန်ပြီး စားသုံးကြဖို့အကြံပြုလိုက်ရပါတယ်။
ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။

Dr. Jamine

BBQ အသားကင္၏ ေကာင္းကိ်ဳးဆိုးက်ိဳး

BBQ ေတြကေတာ့ ခုေခတ္မွာ လူငယ္လူၾကီး ကေလးေတြေရာ အၾကိဳက္ဆံုး အစားအစာ တစ္ခုပါ။ BBQ ဆိုင္ေတြ မွိဳလိုေပါက္ေနျပီး ကိုးရီးယားအရသာ၊ ဂ်ပန္အရသာ၊ ထိုင္းအရသာ စသျဖင့္ မ်ိဳးစံု ရွိပါတယ္။ လူတိုင္း လိုလို နွစ္သက္စြာ စားသံုးၾကျပီး တခ်ိ္ဳ ့ဆို မၾကာမၾကာ စားတဲ့ အက်င့္ပါ ျဖစ္ေနၾကပါျပီ။ အသားကင္မွာ ေကာင္းတာေတြေရာ မေကာင္းတာေတြေရာ ရွိပါတယ္။ အကင္ေတြေၾကာင့္ ကင္ဆာျဖစ္တယ္ဆိုတဲ့ အခ်က္ကလည္း ရိွေနေတာ့ က်မတို ့မွာ ေၾကာက္ေၾကာက္နဲ ့ စားေနရသလို ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း မစားဘဲ မေနနိုင္တာေၾကာင့္ ေဆာင္ရန္ ေရွာင္ရန္ ေလးေတြကို မွတ္ျပီး ခ်င့္ခိ်န္ စားၾကဖို ့မ်ွေ၀လိုက္ရပါတယ္။

ေကာင္းကိ်ဳးေလးေတြကို အရင္ေျပာပါမယ္။ အသားေတြကို ကင္လိုက္တဲ့ အခါ အဆီေတြက အပူေၾကာင့္ ေအာက္ကို အရည္ေပ်ာ္ျပီး က်သြားတာေၾကာင့္ ကိုယ္စားလိုက္တဲ့ အသားက အဆီနည္းပါတယ္။ အဆီနည္းတဲ့ အသားစားတာက ေကာင္းတဲ့ အခ်က္ပါ။ ေနာက္တစ္ခုကေတာ့ အသားကင္တဲ့ အခါ ေၾကာ္တာ ထက္ ဆီနည္းတဲ့ အတြက္လည္း ပိုေကာင္းပါတယ္။ က်န္းမာေရးနဲ ့ညီညြတ္ပါတယ္။ ဆီစားနည္းသြားတဲ့ အတြက္ပါ။ ကင္ထားတဲ့ အသားေတြဟာ ေၾကာ္ခ်က္တာထက္ အာဟာရ တန္ဖိုးပိုေကာင္းပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အသားကင္စားရင္ အိမ္မွာပဲ စားစား ဆိုင္မွာပဲစားစား အရြက္ေတြ ပါစားဖို ့ပါ။ ဒါဟာ BBQ ရဲ ့ဆိုးက်ိဳးေတြကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။ အသားခ်ည္းပဲ စားေနတာထက္ အာလူး၊ ရုံးပတီသီး၊ ဆလတ္ စတာေတြပါ မျဖစ္မေန စားဖို ့လိုပါတယ္။ ကင္တဲ့ အခါ မီးေသြးထက္ Gas နဲ ့ကင္တာက က်န္းမာေရး နဲ ့ပို ညီညြတ္ပါတယ္။ မီးေသြးေၾကာင့္ မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြ ရရွိနိုင္ပါတယ္။

ေကာင္းတာေတြ ျပီးရင္ ဆိုးတာေတြ လာပါမယ္။ အသားေတြကို မီးေသြးနဲ ့ကင္တဲ့ အခါ ျမင့္မားတဲ့ အပူခိ်န္ေၾကာင့္္ အသားမွ အဆီေတြ အရည္ေပ်ာ္ျပီး ေအာက္ကို က်လာပါတယ္။ ဒီအဆီ ေတြနဲ ့ မီးေသြး မီးခိုးေတြနဲ ့ အတူေလာင္ကၽြမ္းျပီး အေပၚမွ အသားေပၚ သြားဖံုးအုပ္ပါတယ္။ ဒီမီးခိုးေတြမွာ Polycyclic Aromatic Hydrocarbons (PAHs) လို ့ေခၚတဲ့ ကင္ဆာျဖစ္ေစတဲ့ အရာေတြ ပါေနပါတယ္။ ဒါ့အျပင္ အသားကင္တဲ့ အခါမွာ မီးျပင္းလြန္းတာေၾကာင့္ အသားမွာ Hetrocyclic Amine လို ့ေခၚတဲ့ ျဒပ္ေပါင္းလည္း ျဖစ္ေပၚလာျပီး ဒါကလည္း ကင္ဆာျဖစ္ေစနိုင္တဲ့ အေၾကာင္းရင္း တစ္ခု ျဖစ္ပါတယ္။ တၾကိမ္တခါ စားရုံနဲ ့ေတာ့ မျဖစ္ေပမယ့္ မိမိရဲ ့မ်ိဳးရိုး၊ ပတ္၀န္းက်င္၊ လူမွုဘ၀ ေနထိုင္မွဳ ေတြ အျပင္ အစားအေသာက္ပံုစံ နဲ ့ ကိုယ္လက္လုွပ္ရွားမွဳ စတာေတြေပၚ မူတည္ျပီး ေရာဂါ ေတာ္ေတာ္ မ်ားမ်ားက ျဖစ္တာမို ့ သတိထားသင့္ပါတယ္။ အသားကင္ စားတဲ့ လူတိုင္းေတာ့ျဖစ္တာ မဟုတ္ေပမယ့္ ဘယ္သူမဆို ၾကိဳတင္ကာကြယ္တာ အေကာင္းဆံုး ျဖစ္ပါတယ္။

ဒါေၾကာင့္ အသားကင္ ၾကိဳက္တတ္တယ္ဆိုလည္း တခါတေလ မွ စားတာမ်ိဳးက သင့္ေတာ္ျပီး အသားကင္ အျပင္ အသီးအရြက္ပါ မ်ားမ်ား စားသင့္ျပီး အခ်ိဳရည္ေတြ တြဲဖက္ ေသာက္မယ့္ အစား လတ္လတ္ဆတ္ဆတ္ အသီးေဖ်ာ္ရည္ေသာက္တာက ကိုယ့္ကို ကိုယ္ ကာကြယ္ရာေရာက္ပါတယ္။ ျဖစ္နိုင္ရင္ Gas နဲ ့ကင္တာ ပိုေကာင္းပါတယ္။ အိမ္မွာ သန္ ့သန္ ့ရွင္းရွင္း လုပ္စားတာလည္း ပိုစိတ္ခ်ရပါတယ္။ အသားကို နွပ္တဲ့ ေနရာမွာပါ၀င္တဲ့ အခ်ိဳမွဳန္ ့၊ အသားမွဳန္ ့၊ ဟင္းခတ္မွဳန္ ့စတာေတြကလည္း ျဖစ္နိုင္ရင္ ေရွာင္သင့္တဲ့ အထဲပါတာမို ့ မိမိ ကိုယ္တိုင္သာ ခ်င့္ခ်ိန္ျပီး စားသံုးၾကဖို ့အၾကံျပဳလိုက္ရပါတယ္။
က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။

Dr. Jamine

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *