လွဲမှားသော အုပ်ထိန်းမှု
ဖေမေမေမေအားလုံးဟာ ကိုယ့်သားသမီးလေးတွေကို အကောင်းမွန်ဆုံး ဖြစ်စေချင်တတ်ကြပါတယ်… ဒါပေမယ့် အကောင်းတကာ့ အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရာကနေ ကလေးရဲ့စိတ်ကို မထည့်တွက်မိတာ၊ သတိလက်လွတ်ပြုမိတာ၊ချုပ်ချယ်တာတွေ ရှိတတ်ပါတယ်… ဒါကြောင့် မိမိရဲ့ အုပ်ထိန်းမှုသာ လွဲမှားခဲ့မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေကို ပြောပြချင်ပါတယ်..
၁- သင့်ကလေး သင့်အပေါ် ကလန်ကဆန်လုပ်နေတာဟာ လုံလောက်တဲ့ ကြင်နာမှု မပေးလို့ပါ
၂ – သင့်ကလေး အရင်ထက် ပိုပြီး လိမ်ညာပြောတတ်လာဟာ သင် သူ့ရဲ့အမှားသေးသေးလေးတွေအပေါ် လွန်လွန်ကဲကဲ အပြစ်တင်ဖူးလို့ပါ
၃ – သင့်ကလေး အားငယ်တတ်လွန်းတာဟာ သင် သူ့ကိုနွေးထွေးဖေးမတာထက် အကြံလောက်ပဲ ပေးပီး လုပ်ခိုင်းနေလို့ပါ
၄ – သင့်ကလေး မိမိကိုယ်ကိုယုံကြည်မှုနည်းခြင်းဟာ သင် သူငယ်ငယ်တုန်းက လူကြားသူကြားထဲ အော်ငေါက်ဆဲဆို ပြစ်ဒဏ်ချမှတ်ဖူးလို့ပါ
၅- သင့်ကလေးကို လိုလေသေးမရှိဝယ်ပေးနေတဲ့ကြားက သူများပစ္စည်းတွေ ယူတတ်နေတာဟာ သူတို့ကြိုက်တာ သူတို့ကို ရွေးချယ်ခွင့်မပေးလို့ပါ
၆ – သင့်ကလေး ကြောက်တတ်လွန်းနေတာဟာ သင် ဘာမဆို အမြဲလိုက်ကူညီပေးနေလို့ပါ။သူတို့တွေ့တဲ့ အခက်အခဲတိုင်း ကူညီမပေးသင့်ပါ
၇ – သင့်ကလေး မနာလိုဝန်တိုတတ်လာခြင်းဟာ သင် သူတို့ကို သူများတွေနဲ့ အမြဲယှဉ်ပြောတတ်လွန်းလို့ပါ
၈ – သင့်ကလေး အလွယ်တကူ စိတ်ဆိုးတတ်တာဟာ သင် သူ့ကို လုံလုံလောက်လောက်မချီးမွန်းလို့ တလွဲဒေါသထွက်ပြကြတာပါ
၉ – သင့်ကလေး သူတစ်ပါးခံစားချက်ကို အလေးမထားတတ်တာဟာ သင်ကိုယ်တိုင်က သူများခံစားချက်ကို အရေးမကြီးဖူးလို့ ထင်အောင် တလွဲဆုံးမထားလို့ပါ
၁၀ – သင့်ကလေး မပြောရဲမဆိုရဲလျှိုဝှက်လွန်းတာဟာ သင် ဘာကိစ္စမဆို သူ့ကို ပြစ်တင်ပြောဆိုတတ်လွန်းလို့ပါ
၁၁ – သင့်ကလေး ရိုင်းစိုင်းတတ်လာတာဟာ မိဘတွေ(သို့)တခြားသူတွေရဲ့ တလွဲအမူအကျင့်တွေကို အမှန်ထင်နေလို့ပါ
၁၂- မိမိကလေးကို ဂရုစိုက်နိုင်နွေးထွေးမှုပေးနိုင်ပြီး သေချာပျိုးထောင်ပေးပါက စည်းကမ်းရှိ၍လိမ္မာသော ကလေးများ ဖြစ်လာပြီး မိမိကိုယ်တိုင်က ဂရုမစိုက် တာဝန်မယူပါက ကလေးဆိုးလေးများ ဖြစ်လာနိုင်ပါတယ်
ခုဆိုရင် ခေတ်စနစ်ပြောင်းလာတာနဲ့အမျှ ကလေးတွေးရဲ့ ဉာဏ်ရည်တွေးခေါ်မှုဟာလည်း မြင့်တက်လာတယ်၊ ခေတ်နဲ့ လိုက်ပီး တွေးခေါ်လာတယ် .. ဒီလိုအခါမှာ ဖေဖေမေမေတို့ကလဲ သူတို့လေးတွေရဲ့ စိတ်ဖြစ်တည်ပြောင်းလဲမှုကို သေချာစောင့်ကြည့်ရမယ်. ပြုပြင်ထိန်းကျောင်းရပါမယ်…
ဒါဆိုရင် အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ဖေဖေမေမေ ဖြစ်ဖို့…. သေချာကောင်းမွန်တဲ့ အုပ်ထိန်းမှုတော့ လိုပီပေါ့..
ပိုင်နီမောင်
Reference :curejoy
:12 signs of bad parenting
:Are you one of them?
လဲြမွားေသာ အုပ္ထိန္းမႈ
ေဖေမေမေမအားလံုးဟာ ကုိယ့္သားသမီးေလးေတြကို အေကာင္းမြန္ဆံုး ျဖစ္ေစခ်င္တတ္ၾကပါတယ္… ဒါေပမယ့္ အေကာင္းတကာ့ အေကာင္းဆံုး ျဖစ္ေအာင္ ျပဳလုပ္ရာကေန ကေလးရဲ႕စိတ္ကို မထည့္တြက္မိတာ၊ သတိလက္လြတ္ျပဳမိတာ၊ခ်ဳပ္ခ်ယ္တာေတြ ႐ွိတတ္ပါတယ္… ဒါေၾကာင့္ မိမိရဲ႕ အုပ္ထိန္းမႈသာ လဲြမွားခဲ့မယ္ဆိုရင္ ျဖစ္လာႏိုင္တဲ့ အက်ိဳးဆက္ေလးေတြကို ေျပာျပခ်င္ပါတယ္..
၁- သင့္ကေလး သင့္အေပၚ ကလန္ကဆန္လုပ္ေနတာဟာ လံုေလာက္တဲ့ ၾကင္နာမႈ မေပးလို႔ပါ
၂ – သင့္ကေလး အရင္ထက္ ပိုျပီး လိမ္ညာေျပာတတ္လာဟာ သင္ သူ႔ရဲ႕အမွားေသးေသးေလးေတြအေပၚ လြန္လြန္ကဲကဲ အျပစ္တင္ဖူးလို႔ပါ
၃ – သင့္ကေလး အားငယ္တတ္လြန္းတာဟာ သင္ သူ႔ကိုေႏြးေထြးေဖးမတာထက္ အၾကံေလာက္ပဲ ေပးပီး လုပ္ခိုင္းေနလို႔ပါ
၄ – သင့္ကေလး မိမိကုိယ္ကိုယံုၾကည္မႈနည္းျခင္းဟာ သင္ သူငယ္ငယ္တုန္းက လူၾကားသူၾကားထဲ ေအာ္ေငါက္ဆဲဆို ျပစ္ဒဏ္ခ်မွတ္ဖူးလို႔ပါ
၅- သင့္ကေလးကို လိုေလေသးမ႐ွိဝယ္ေပးေနတဲ့ၾကားက သူမ်ားပစၥည္းေတြ ယူတတ္ေနတာဟာ သူတို႔ႀကိဳက္တာ သူတို႔ကို ေရြးခ်ယ္ခြင့္မေပးလို႔ပါ
၆ – သင့္ကေလး ေၾကာက္တတ္လြန္းေနတာဟာ သင္ ဘာမဆို အျမဲလိုက္ကူညီေပးေနလို႔ပါ။သူတို႔ေတြ႕တဲ့ အခက္အခဲတိုင္း ကူညီမေပးသင့္ပါ
၇ – သင့္ကေလး မနာလိုဝန္တိုတတ္လာျခင္းဟာ သင္ သူတို႔ကို သူမ်ားေတြနဲ႔ အျမဲယွဥ္ေျပာတတ္လြန္းလို႔ပါ
၈ – သင့္ကေလး အလြယ္တကူ စိတ္ဆိုးတတ္တာဟာ သင္ သူ႔ကို လံုလံုေလာက္ေလာက္မခ်ီးမြန္းလို႔ တလဲြေဒါသထြက္ျပၾကတာပါ
၉ – သင့္ကေလး သူတစ္ပါးခံစားခ်က္ကို အေလးမထားတတ္တာဟာ သင္ကိုယ္တိုင္က သူမ်ားခံစားခ်က္ကို အေရးမႀကီးဖူးလို႔ ထင္ေအာင္ တလဲြဆံုးမထားလို႔ပါ
၁၀ – သင့္ကေလး မေျပာရဲမဆိုရဲလွ်ိဳဝွက္လြန္းတာဟာ သင္ ဘာကိစၥမဆို သူ႔ကို ျပစ္တင္ေျပာဆိုတတ္လြန္းလို႔ပါ
၁၁ – သင့္ကေလး ႐ိုင္းစိုင္းတတ္လာတာဟာ မိဘေတြ(သို႔)တျခားသူေတြရဲ႕ တလဲြအမူအက်င့္ေတြကို အမွန္ထင္ေနလို႔ပါ
၁၂- မိမိကေလးကို ဂ႐ုစိုက္ႏိုင္ေႏြးေထြးမႈေပးႏိုင္ၿပီး ေသခ်ာပ်ိဳးေထာင္ေပးပါက စည္းကမ္း႐ွိ၍လိမၼာေသာ ကေလးမ်ား ျဖစ္လာျပီး မိမိကိုယ္တိုင္က ဂ႐ုမစိုက္ တာဝန္မယူပါက ကေလးဆိုးေလးမ်ား ျဖစ္လာႏိုင္ပါတယ္
ခုဆိုရင္ ေခတ္စနစ္ေျပာင္းလာတာနဲ႔အမွ် ကေလးေတြးရဲ႕ ဥာဏ္ရည္ေတြးေခၚမႈဟာလည္း ျမင့္တက္လာတယ္၊ ေခတ္နဲ႔ လိုက္ပီး ေတြးေခၚလာတယ္ .. ဒီလိုအခါမွာ ေဖေဖေမေမတို႔ကလဲ သူတို႔ေလးေတြရဲ႕ စိတ္ျဖစ္တည္ေျပာင္းလဲမႈကို ေသခ်ာေစာင့္ၾကည့္ရမယ္. ျပဳျပင္ထိန္းေက်ာင္းရပါမယ္…
ဒါဆိုရင္ အနာဂတ္ၾကယ္ပြင့္ေလးေတြရဲ႕ ေဖေဖေမေမ ျဖစ္ဖို႔…. ေသခ်ာေကာင္းမြန္တဲ့ အုပ္ထိန္းမႈေတာ့ လိုပီေပါ့..
ပိုင္နီေမာင္
Reference :curejoy
:12 signs of bad parenting
:Are you one of them?