ခံတွင်းရနံ့ဆိုးစေတဲ့ အချက် ( ၁၀) ချက်
ကျွန်မတို့ လူအချင်းချင်း ပြောဆို ဆက်ဆံတဲ့နေရာမှာ ခံတွင်းရနံ့ဆိုးနေမယ်ဆိုရင် မိမိကိုယ်ကို ယုံကြည်မှုကျဆင်းစေပါတယ်။
ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိူရင်တော့ ဒီခံတွင်းရနံ့ဆိုးတာဟာ ကျန်းမာရေးပြသနာ တစ်စုံတစ်ခုဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
ခံတွင်းရနံ့ဆိုးစေတဲ့ အချက် ( ၁၀) ချက်ကို ကြည့်ကြရအောင်လား။
၁) သွားမှာ ပြသနာရှိနေလို့
သွားပိုးစားနေမယ်၊ စားကြွင်းစားကျန်တွေဟာ ကြဲနေတဲ့သွားတွေကြား ညှပ်နေမယ်ဆိုရင် ဒီကျန်နေတဲ့ အစားအစာနွေက တစ်ဆင့် ခံတွင်းရနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေတာပါ။ နောက်တစ်ခုကတော့ သွားဖုံးယောင်လို့ပါတဲ့။ သွားမှာကျောက်တည် နေမယ်ဆိုရင် သွားဖုံးယောင်ပြီး ခံတွင်းနံ့ဆိုးစေတတ်ပါတယ်။
၂) အစာအိမ်ပြသနာကြောင့်
အစာအိမ်က အစာတွေဖြိုခွဲပြီးထွက်လာတဲ့ ဂတ်စ်( Gas) အနံ့ကလည်း အကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အရက်၊ ငရုတ်သီးတို့ စားပြီးရင် ခံတွင်းနံ့ ပိုနံတာမျိုးဖြစ်နိုင်ပါတယ်။
၃) အာသီးရောင်ခြင်း
အာသီးရောင်နေတဲ့ အချိန်မှာလည်း အထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးကြောင့် ခံတွင်းရနံ့ ပုံမှန်အချိန်ထက်ဆိုးနေတတ်ပါတယ်။
၄) နာတာရှည်နှာစီးခြင်း၊ ထိပ်ခပ်နာရှိခြင်း
နာတာရှည် ( ၃) ပတ်ထက်ကျော်အောင်နှာစေးနေမယ်၊ ထိပ်ခပ်နာခံစားနေရမယ်ဆိုရင် ထွက်လာတဲ့ သလိပ်တွေကြောင့် ခံတွင်းရနံ့ ဆိုးစေပါတယ်။
၅) အဆုတ်မကောင်းခြင်း( တီဘီ နှင့် လေပြွန်ယောင်ခြင်း)
အဆုတ်ယောင်တဲ့အခါမှာ ခန္တာကိုယ်က သလိပ်အများအပြားထွက်စေပါတယ်။ ဒီသလိပ်တွေကြောင့် ခံတွင်းရနံ့ဆိုးစေပါတယ်။
၆) ကင်ဆာရောဂါခံစားနေရခြင်း
အဓိကအားဖြင့် ကိုယ်တွင်းကလီစာ ( အစာအိမ်၊ အစာမြိုပြွန်စသည်တို့) မှာ ကင်ဆာရောဂါဖြစ်ပွားနေလျှင်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါကြောင့်ဆိုရင်တော့ အစားအသောက်ပျက်တာ၊ ပုံမှန်ကိုယ်အလေးချိန်ထက် တစ်ဝက်နီးပါးပိန်သွားတာတို့နဲ့ တွဲဖြစ်တတ်ပါတယ်။
၇) ဆီးချိုရှိခြင်း
ဆီးချိုရှိတဲ့အခါ သွားတွေယိုင်နဲ့တာ ၊ ပိုးစားတာတွေနဲ့တွဲဖြစ်တတ်လို့ ခံတွင်းရနံ့ဆိုးစေတာပါ။
၈) အသည်းမကောင်းခြင်း
အသည်းမကောင်းတဲ့အခါ ခံတွင်းရနံ့ဆိုးလာတာအပြင် အသားဝါတာ၊ ဗိုက်ဖောင်းလာတာတွေပါ တွဲပြီးဖြစ်လေ့ရှိပါတယ်။
၉) ကျောက်ကပ်မကောင်းခြင်း
ကျောက်ကပ်မကောင်းတဲ့အခါ ဆီး နည်းတာ၊ ဆီးထဲ အနည်ပါတာ၊ အမြှပ်ထတာတွေနဲ့အတူ ခံတွင်းရနံ့ဆိုးလာတတ်ပါတယ်။
၁၀) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်သူတိုင်းကတော့ စကားပြောလိုက်ရင် ဆေးလိပ်အနံ့ရစေတော့ ခံတွင်းရနံ့ဆိုးစေပါတယ်။
ဒီ ( ၁၀) ချက်ကို ကြည့်ပြီး ကိုယ်ဘာလို့ ခံတွင်းရနံ့ဆိုးတာလည်း အဖြေထုတ်ကြည့်ပါဦးနော်။
မယ်တင်( ဆေး ၁)
ခံတြင္းရနံ႔ဆိုးေစတဲ့ အခ်က္ ( ၁၀) ခ်က္
ကၽြန္မတို႔ လူအခ်င္းခ်င္း ေျပာဆို ဆက္ဆံတဲ့ေနရာမွာ ခံတြင္းရနံ႔ဆိုးေနမယ္ဆိုရင္ မိမိကိုယ္ကို ယံုၾကည္မႈက်ဆင္းေစပါတယ္။
က်န္းမာေရးရႈေထာင့္ကေနၾကည့္မယ္ဆိူရင္ေတာ့ ဒီခံတြင္းရနံ႔ဆိုးတာဟာ က်န္းမာေရးျပသနာ တစ္စံုတစ္ခုျဖစ္ေနတာေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။
ခံတြင္းရနံ႔ဆိုးေစတဲ့ အခ်က္ ( ၁၀) ခ်က္ကို ၾကည့္ၾကရေအာင္လား။
၁) သြားမွာ ျပသနာရွိေနလို႔
သြားပိုးစားေနမယ္၊ စားႂကြင္းစားက်န္ေတြဟာ ၾကဲေနတဲ့သြားေတြၾကား ညႇပ္ေနမယ္ဆိုရင္ ဒီက်န္ေနတဲ့ အစားအစာေႏြက တစ္ဆင့္ ခံတြင္းရနံ႔ဆိုးျခင္းကို ျဖစ္ေပၚေစတာပါ။ ေနာက္တစ္ခုကေတာ့ သြားဖံုးေယာင္လို႔ပါတဲ့။ သြားမွာေက်ာက္တည္ ေနမယ္ဆိုရင္ သြားဖံုးေယာင္ၿပီး ခံတြင္းနံ႔ဆိုးေစတတ္ပါတယ္။
၂) အစာအိမ္ျပသနာေၾကာင့္
အစာအိမ္က အစာေတြျဖဳိခြဲၿပီးထြက္လာတဲ့ ဂတ္စ္( Gas) အနံ႔ကလည္း အေၾကာင္းရင္းတစ္ခုပါပဲ။ ဒါေၾကာင့္ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ အရက္၊ ငရုတ္သီးတို႔ စားၿပီးရင္ ခံတြင္းနံ႔ ပိုနံတာမ်ိဳးျဖစ္ႏိုင္ပါတယ္။
၃) အာသီးေရာင္ျခင္း
အာသီးေရာင္ေနတဲ့ အခ်ိန္မွာလည္း အထဲမွာရွိေနတဲ့ ဘက္တီးရီးယားပိုးေၾကာင့္ ခံတြင္းရနံ႔ ပံုမွန္အခ်ိန္ထက္ဆိုးေနတတ္ပါတယ္။
၄) နာတာရွည္ႏွာစီးျခင္း၊ ထိပ္ခပ္နာရွိျခင္း
နာတာရွည္ ( ၃) ပတ္ထက္ေက်ာ္ေအာင္ႏွာေစးေနမယ္၊ ထိပ္ခပ္နာခံစားေနရမယ္ဆိုရင္ ထြက္လာတဲ့ သလိပ္ေတြေၾကာင့္ ခံတြင္းရနံ႔ ဆိုးေစပါတယ္။
၅) အဆုတ္မေကာင္းျခင္း( တီဘီ ႏွင့္ ေလႁပြန္ေယာင္ျခင္း)
အဆုတ္ေယာင္တဲ့အခါမွာ ခနၱာကိုယ္က သလိပ္အမ်ားအျပားထြက္ေစပါတယ္။ ဒီသလိပ္ေတြေၾကာင့္ ခံတြင္းရနံ႔ဆိုးေစပါတယ္။
၆) ကင္ဆာေရာဂါခံစားေနရျခင္း
အဓိကအားျဖင့္ ကိုယ္တြင္းကလီစာ ( အစာအိမ္၊ အစာၿမိဳႁပြန္စသည္တို႔) မွာ ကင္ဆာေရာဂါျဖစ္ပြားေနလၽွင္လည္း ခံတြင္းနံ႔ဆိုးတတ္ပါတယ္။ ဒါေပမယ့္ ကင္ဆာေရာဂါေၾကာင့္ဆိုရင္ေတာ့ အစားအေသာက္ပ်က္တာ၊ ပံုမွန္ကိုယ္အေလးခ်ိန္ထက္ တစ္ဝက္နီးပါးပိန္သြားတာတို႔နဲ႔ တြဲျဖစ္တတ္ပါတယ္။
၇) ဆီးခ်ိဳရွိျခင္း
ဆီးခ်ိဳရွိတဲ့အခါ သြားေတြယိုင္နဲ႔တာ ၊ ပိုးစားတာေတြနဲ႔တြဲျဖစ္တတ္လို႔ ခံတြင္းရနံ႔ဆိုးေစတာပါ။
၈) အသည္းမေကာင္းျခင္း
အသည္းမေကာင္းတဲ့အခါ ခံတြင္းရနံ႔ဆိုးလာတာအျပင္ အသားဝါတာ၊ ဗိုက္ေဖာင္းလာတာေတြပါ တြဲၿပီးျဖစ္ေလ့ရွိပါတယ္။
၉) ေက်ာက္ကပ္မေကာင္းျခင္း
ေက်ာက္ကပ္မေကာင္းတဲ့အခါ ဆီး နည္းတာ၊ ဆီးထဲ အနည္ပါတာ၊ အျမႇပ္ထတာေတြနဲ႔အတူ ခံတြင္းရနံ႔ဆိုးလာတတ္ပါတယ္။
၁၀) ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္သူတိုင္းကေတာ့ စကားေျပာလိုက္ရင္ ေဆးလိပ္အနံ႔ရေစေတာ့ ခံတြင္းရနံ႔ဆိုးေစပါတယ္။
ဒီ ( ၁၀) ခ်က္ကို ၾကည့္ၿပီး ကိုယ္ဘာလို႔ ခံတြင္းရနံ႔ဆိုးတာလည္း အေျဖထုတ္ၾကည့္ပါဦးေနာ္။
မယ္တင္( ေဆး ၁)