ကျောအောင့်ခြင်း

ဆရာဝန်တွေအမြဲကြုံတွေ့ရတဲ့ပြဿနာ လူအတော်များများခံစားရတဲ့ဝေဒနာကတော့ ကျောပြင်အောင့်ခြင်းပါပဲ။ ဖြစ်ဖူးကြမှာပါ ကျောကအောင့်အောင့်နေတာ မသက်သာဘူး ဆေးခန်းလေးဘာလေးပြရမလား ဓါတ်မှန်ပဲပြေးရိုက်ရမလားဆိုပြီးတော့ပေါ့လေ။ ဟုတ်ပြီ ဒီတော့ကျောကဘာလို့အောင့်ရသလဲဆိုတာကို အကြောင်းအရင်းများစွာရှိတဲ့အနက် အဖြစ်များတဲ့အရာတွေကိုအဓိကပြောကြားသွားပါ့မယ်။

အောက်ပါအကြောင်းအရာများကြောင့် ကျောအောင့်နိုင်ပါတယ်-

၁။အဖြစ်များဆုံးအနေနဲ့ကတော့ ကျောပြင်ကြွက်သားများဒဏ်ဖြစ်ခြင်းကြောင့်ဖြစ်ပါတယ်။အလေးအပင် မ ရာတွင်ပုံစံမမှန်ခြင်း(သို့)အလေးများလွန်းခြင်း၊ကိုယ်ခန္ဓာအနေအထားမမှန်ခြင်း၊နောက်ကျောကြွက်သားများအလုပ်လွန်ကဲ၍ဝန်ပိခြင်းတို့ကြောင့် ကျောပြင်ကြွက်သားများအပေါ်ဒဏ်ပိစေနိုင်ပါတယ်။

၂။ခါးဆစ်ရိုးများဒဏ်ဖြစ်ခြင်း၊ခါးဆစ်ရိုးအရွတ်ပြားများဒဏ်ဖြစ်ခြင်း။ခါးဆစ်ရိုးကြားအရွတ်ပြားများကျွံခြင်းမှာတော့ ကျောအောင့်ခြင်းသာမကပဲ အာရုံကြောဖိမိတဲ့အခါ ခြေထောက်တွေထုံတာကျင်တာတွေသာမက ဆီး၊ဝမ်းမထိန်းနိုင်ခြင်းတို့ပါ ဖြစ်နိုင်ပါတယ်။

၃။အရိုးကျီးပေါင်းတက်ခြင်း။အသက်ကြီးတဲ့လူတွေနဲ့ ကာယလုပ်သားတွေမှာ ပိုဖြစ်တတ်လေ့ရှိပါတယ်။

၄။အရိုးပွခြင်း။အသက်ကြီးတဲ့လူတွေ၊သွေးဆုံးပြီးအမျိုးသမီးတွေ၊ဆေးလိပ် အရက်သောက်သူတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

၅။အဖြစ်နည်းတာတွေအနေနဲ့ကတော့ ခါးဆစ်ရိုးကျွံခြင်း၊အရိုးတီဘီ၊ကျောရိုးဆစ်ကင်ဆာနဲ့ ကျောက်ကပ်ကျောက်တည်ခြင်း/ရောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ကျောဘယ်လိုအောင့်သလဲ…

ထိုးပြီးတစ်နေရာထဲအောင့်တာ၊ဆစ်ခနဲ ဆစ်ခနဲ ဓါးလေးနဲ့ထိုးသလိုအောင့်တာ၊တစ်ခါတစ်ခါကျ ခြေထောက်တွေပါလိုက်အောင့်လာတာ၊ကျောပြင်မကွေး/လမ်းမလျှောက်နိုင်လောက်အောင် အောင့်တာ အို စုံလို့ပါပဲ။ပုံမှန်ဆိုရင်ကိုပဲ ကျောအောင့်တာက ရက်သတ္တပတ်နဲ့ကြာတတ်ပါတယ်။(၃)လထက်ကျော်ရင်တော့ နာတာရှည်ဖြစ်သွားပါပြီ။(၂)ပတ်ထက်ကျော်ပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူသင့်ပါပြီ။

အောက်ပါအခြေအနေများထဲမှ တစ်ခုခုဖြစ်နေရင်လဲ ဆရာဝန်နှင့်အမြန်ဆုံးပြသသင့်ပါတယ်-

၁။ဆီး၊ဝမ်း မထိန်းနိုင်လျှင်။

၂။ခြေထောက်များထုံ၊ကျင်၊အားနည်းလာလျှင်။

၃။ကျောအောင့်ခြင်းမစမီတွင် လိမ့်ကျခြင်း၊ကျောနှင့်ခါးကို ထိခိုက်မှုများရှိခဲ့လျှင်။

၄။ညဘက်တွင်တောက်လျှောက်မခံမရပ်နိုင်အောင်နာနေလျှင်။

၅။ဖျားလာလျှင်။

၆။ကိုယ်အလေးချိန်လျော့ကျလာလျှင်။

အထက်ပါအခြေအနေများသည် ပြင်းထန်သောရောဂါတစ်ခုခုနှင့်တွဲစပ်နေနိုင်သော ကျောအောင့်ခြင်းဖြစ်နိုင်ပါသည်။

ဘယ်လိုလူတွေမှာ ကျောအောင့်ခြင်းပိုဖြစ်တတ်သလဲ…

၁။အထိုင်များသောသူများ။

၂။ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မရှိသောသူများ။

၃။သွေးပူ၊အကြောလျှော့မလုပ်ပဲ ပြင်းထန်သောကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်တဲ့လူများ။

၄။အသက်အရွယ်ကြီးရင့်သူများ။

၅။ဆေးလိပ်သောက်သူများ။

၆၊၊အဝလွန်သူများ။

၇။အလေးအပင် မ ရသော ကာယလုပ်သားများ။

ဘယ်လိုကုသမလဲ…

ဆရာဝန်နှင့်ပြသ၍ လိုအပ်သောစမ်းသပ်စစ်ဆေးမှုများခံယူကုသခြင်းဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဆေးဝါးများမလိုပဲ ကျောပြင်အောင့်ခြင်းကိုသက်သာစေသောနည်းလမ်းလေးတွေကို လုပ်ဆောင်ခြင်းဖြင့်လဲ အထိုက်အလျောက်သက်သာစေနိုင်ပါတယ်…

၁။ရေခဲကို ပုဝါအပါးလေးနဲ့ပတ်၍ ကပ်ပေးခြင်း၊ရေနွေးအိတ်ကပ်ခြင်း။

၂။ထိုင်လျှင်မတ်မတ်ထိုင်ခြင်း၊ပုံစံမှန်ကန်စွာ အလေးအပင် မ ခြင်း၊အကြောလျှော့ခြင်း။

၃။သဘာဝအဆီများ(Capsaicin-ငရုတ်ကောင်းမှရသောအဆီ)လိမ်းပေးခြင်း။
၄။ဒဏ်ကြေဆေးများလိမ်းခြင်း။

ကျောပြင်အောင့်ခြင်းကို ဘယ်လိုကာကွယ်မလဲ…

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့်ကာကွယ်နိုင်ပါတယ်…

၁။မနိုင်သောဝန်များမခြင်း၊ခါးကုန်း၍ပုံစံမမှန်အလေးမခြင်းကို ရှောင်ကြဉ်ပါ။

၂။သွားလာလှုပ်ရှား၊အထိုင်အထပြုလုပ်ရာတွင် ပုံစံမှန်မှန် ခါးမတ်မတ်နေထိုင်ပြုမူပါ။

၃။နေ့စဉ် အကြောလျော့လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

၄။ဒေါက်မြင့်ဖိနပ်များ အမြဲစီးခြင်းကိုရှောင်ပါ။တစ်လက်မအမြင့်ထက်မပိုသော ဒေါက်ကိုသာစီးသင့်ပါတယ်။

အရေးကြီးတာကတော့ ကျောအောင့်လာလျှင်ကြိတ်မှိတ်ကုသမနေပဲ နီးစပ်ရာဆရာဝန်နှင့်ပြသ၍ကုသမှုခံယူသင့်ပါကြောင်းအကြံပြုပြောကြားလိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

dr.ye’lwin mm

ေက်ာေအာင့္ျခင္း

ဆရာဝန္ေတြအၿမဲၾကံဳေတြ႕ရတဲ့ျပႆနာ လူအေတာ္မ်ားမ်ားခံစားရတဲ့ေဝဒနာကေတာ့ ေက်ာျပင္ေအာင့္ျခင္းပါပဲ။ ျဖစ္ဖူးၾကမွာပါ ေက်ာကေအာင့္ေအာင့္ေနတာ မသက္သာဘူး ေဆးခန္းေလးဘာေလးျပရမလား ဓါတ္မွန္ပဲေျပး႐ိုက္ရမလားဆိုၿပီးေတာ့ေပါ့ေလ။ ဟုတ္ၿပီ ဒီေတာ့ေက်ာကဘာလို႕ေအာင့္ရသလဲဆိုတာကို အေၾကာင္းအရင္းမ်ားစြာရွိတဲ့အနက္ အျဖစ္မ်ားတဲ့အရာေတြကိုအဓိကေျပာၾကားသြားပါ့မယ္။

ေအာက္ပါအေၾကာင္းအရာမ်ားေၾကာင့္ ေက်ာေအာင့္ႏိုင္ပါတယ္-

၁။အျဖစ္မ်ားဆံုးအေနနဲ႕ကေတာ့ ေက်ာျပင္ႂကြက္သားမ်ားဒဏ္ျဖစ္ျခင္းေၾကာင့္ျဖစ္ပါတယ္။အေလးအပင္ မ ရာတြင္ပံုစံမမွန္ျခင္း(သို႕)အေလးမ်ားလြန္းျခင္း၊ကိုယ္ခႏၶာအေနအထားမမွန္ျခင္း၊ေနာက္ေက်ာႂကြက္သားမ်ားအလုပ္လြန္ကဲ၍ဝန္ပိျခင္းတို႕ေၾကာင့္ ေက်ာျပင္ႂကြက္သားမ်ားအေပၚဒဏ္ပိေစႏိုင္ပါတယ္။

၂။ခါးဆစ္႐ိုးမ်ားဒဏ္ျဖစ္ျခင္း၊ခါးဆစ္႐ိုးအရြတ္ျပားမ်ားဒဏ္ျဖစ္ျခင္း။ခါးဆစ္႐ိုးၾကားအရြတ္ျပားမ်ားကၽြံျခင္းမွာေတာ့ ေက်ာေအာင့္ျခင္းသာမကပဲ အာရံုေၾကာဖိမိတဲ့အခါ ေျခေထာက္ေတြထံုတာက်င္တာေတြသာမက ဆီး၊ဝမ္းမထိန္းႏိုင္ျခင္းတို႕ပါ ျဖစ္ႏိုင္ပါတယ္။

၃။အ႐ိုးက်ီးေပါင္းတက္ျခင္း။အသက္ႀကီးတဲ့လူေတြနဲ႕ ကာယလုပ္သားေတြမွာ ပိုုျဖစ္တတ္ေလ့ရွိပါတယ္။

၄။အ႐ိုးပြျခင္း။အသက္ႀကီးတဲ့လူေတြ၊ေသြးဆံုးၿပီးအမ်ဳိးသမီးေတြ၊ေဆးလိပ္ အရက္ေသာက္သူေတြမွာ ပိုျဖစ္ေလ့ရွိပါတယ္။

၅။အျဖစ္နည္းတာေတြအေနနဲ႕ကေတာ့ ခါးဆစ္႐ိုးကၽြံျခင္း၊အ႐ိုးတီဘီ၊ေက်ာ႐ိုးဆစ္ကင္ဆာနဲ႔ ေက်ာက္ကပ္ေက်ာက္တည္ျခင္း/ေရာင္ျခင္းတို႕ပဲ ျဖစ္ပါတယ္။

ေက်ာဘယ္လိုေအာင့္သလဲ…

ထိုးၿပီးတစ္ေနရာထဲေအာင့္တာ၊ဆစ္ခနဲ ဆစ္ခနဲ ဓါးေလးနဲ႔ထိုးသလိုေအာင့္တာ၊တစ္ခါတစ္ခါက် ေျခေထာက္ေတြပါလိုက္ေအာင့္လာတာ၊ေက်ာျပင္မေကြး/လမ္းမေလွ်ာက္ႏိုင္ေလာက္ေအာင္ ေအာင့္တာ အို စံုလို႕ပါပဲ။ပံုမွန္ဆိုရင္ကိုပဲ ေက်ာေအာင့္တာက ရက္သတၱပတ္နဲ႕ၾကာတတ္ပါတယ္။(၃)လထက္ေက်ာ္ရင္ေတာ့ နာတာရွည္ျဖစ္သြားပါၿပီ။(၂)ပတ္ထက္ေက်ာ္ၿပီး မသက္သာရင္ေတာ့ ဆရာဝန္နဲ႕ျပသၿပီး စစ္ေဆးကုသမႈခံယူသင့္ပါၿပီ။

ေအာက္ပါအေျခအေနမ်ားထဲမွ တစ္ခုခုျဖစ္ေနရင္လဲ ဆရာဝန္ႏွင့္အျမန္ဆံုးျပသသင့္ပါတယ္-

၁။ဆီး၊ဝမ္း မထိန္းႏိုင္လွ်င္။

၂။ေျခေထာက္မ်ားထံု၊က်င္၊အားနည္းလာလွ်င္။

၃။ေက်ာေအာင့္ျခင္းမစမီတြင္ လိမ့္က်ျခင္း၊ေက်ာႏွင့္ခါးကို ထိခိုက္မွဳမ်ားရွိခဲ့လွ်င္။

၄။ညဘက္တြင္ေတာက္ေလွ်ာက္မခံမရပ္ႏိုင္ေအာင္နာေနလွ်င္။

၅။ဖ်ားလာလွ်င္။

၆။ကိုယ္အေလးခ်ိန္ေလ်ာ့က်လာလွ်င္။

အထက္ပါအေျခအေနမ်ားသည္ ျပင္းထန္ေသာေရာဂါတစ္ခုခုႏွင့္တြဲစပ္ေနႏိုင္ေသာ ေက်ာေအာင့္ျခင္းျဖစ္ႏိုင္ပါသည္။

ဘယ္လိုလူေတြမွာ ေက်ာေအာင့္ျခင္းပိုျဖစ္တတ္သလဲ…

၁။အထိုင္မ်ားေသာသူမ်ား။

၂။ကိုယ္လက္လႈပ္ရွားမႈ ပံုမွန္မရွိေသာသူမ်ား။

၃။ေသြးပူ၊အေၾကာေလွ်ာ့မလုပ္ပဲ ျပင္းထန္ေသာကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္တဲ့လူမ်ား။

၄။အသက္အရြယ္ႀကီးရင့္သူမ်ား။

၅။ေဆးလိပ္ေသာက္သူမ်ား။

၆၊၊အဝလြန္သူမ်ား။

၇။အေလးအပင္ မ ရေသာ ကာယလုပ္သားမ်ား။

ဘယ္လိုကုသမလဲ…

ဆရာဝန္ႏွင့္ျပသ၍ လိုအပ္ေသာစမ္းသပ္စစ္ေဆးမွဳမ်ားခံယူကုသျခင္းဟာ အသင့္ေတာ္ဆံုးျဖစ္ပါတယ္။ ေဆးဝါးမ်ားမလိုပဲ ေက်ာျပင္ေအာင့္ျခင္းကိုသက္သာေစေသာနည္းလမ္းေလးေတြကို လုပ္ေဆာင္ျခင္းျဖင့္လဲ အထိုက္အေလ်ာက္သက္သာေစႏိုင္ပါတယ္…

၁။ေရခဲကို ပုဝါအပါးေလးနဲ႔ပတ္၍ ကပ္ေပးျခင္း၊ေရေႏြးအိတ္ကပ္ျခင္း။

၂။ထိုင္လွ်င္မတ္မတ္ထိုင္ျခင္း၊ပံုစံမွန္ကန္စြာ အေလးအပင္ မ ျခင္း၊အေၾကာေလွ်ာ့ျခင္း။

၃။သဘာဝအဆီမ်ား(Capsaicin-င႐ုတ္ေကာင္းမွရေသာအဆီ)လိမ္းေပးျခင္း။
၄။ဒဏ္ေၾကေဆးမ်ားလိမ္းျခင္း။

ေက်ာျပင္ေအာင့္ျခင္းကို ဘယ္လိုကာကြယ္မလဲ…

ေအာက္ပါအခ်က္မ်ားကို လိုက္နာျခင္းျဖင့္ကာကြယ္ႏိုင္ပါတယ္…

၁။မႏိုင္ေသာဝန္မ်ားမျခင္း၊ခါးကုန္း၍ပံုစံမမွန္အေလးမျခင္းကို ေရွာင္ၾကဥ္ပါ။

၂။သြားလာလႈပ္ရွား၊အထိုင္အထျပဳလုပ္ရာတြင္ ပံုစံမွန္မွန္ ခါးမတ္မတ္ေနထိုင္ျပဳမူပါ။

၃။ေန႔စဥ္ အေၾကာေလ်ာ့ေလ့က်င့္ခန္းျပဳလုပ္ေပးပါ။

၄။ေဒါက္ျမင့္ဖိနပ္မ်ား အၿမဲစီးျခင္းကိုေရွာင္ပါ။တစ္လက္မအျမင့္ထက္မပိုေသာ ေဒါက္ကိုသာစီးသင့္ပါတယ္။

အေရးႀကီးတာကေတာ့ ေက်ာေအာင့္လာလွ်င္ႀကိတ္မွိတ္ကုသမေနပဲ နီးစပ္ရာဆရာဝန္ႏွင့္ျပသ၍ကုသမွဳခံယူသင့္ပါေၾကာင္းအၾကံျပဳေျပာၾကားလိုက္ပါတယ္။

အားလံုးပဲ က်န္းမာခ်မ္းသာၾကပါေစ။

dr.ye’lwin mm

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…