မဗိုက်တစ်ယောက်ခါးနာနေလျှင်

ကိုယ်ဝန်ဆောင်တွေမှာ ခါးနာတာဟာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ခါးနာရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့..

  • ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တက်လာခြင်း
  • ဗိုက်ထဲက ကလေးကြီးထွားလာတာနဲ့အမျှ ကိုယ်ခန္ဓာအနေအထား ပြောင်းလဲခြင်း
  • ကိုယ်ဝန်ဆောင်စဉ်စိတ်ပူပန်မှုနှင့်စိတ်ဖိစီးမှုတို့ကြောင့် ခါးနှင့်အနီးတဝိုက်ရှိကြွက်သားများ တောင့်တင်းလာခြင်း
  • ဟော်မုန်းအပြောင်းအလဲများခြင်း… စတဲ့ အကြောင်းရင်းတွေပါ။

ခါးနာသက်သာအောင် ဘယ်လိုကာကွယ်ကြမလဲ?

  • ကိုယ်ဝန်ဆောင်စဉ် ဖိနပ်အမြင့်စီးခြင်းကိုရှောင်ကြဉ်ပါ။ (ဖိနပ်အပါးပဲ စီးပါ။)
  • ပက်လက်အိပ်ခြင်းကိုရှောင်ကြဉ်ပါ။ (ဘေးစောင်းအိပ်ခြင်း၊ ဘေးစောင်းအိပ်စဉ် နောက်ကျောတွင် ဖက်ခေါင်းအုံး ခုအိပ်ခြင်း၊ဘေးစောင်းအိပ်စဉ် ဖက်ခေါင်းအုံးကို ခြေထောက်နှစ်ခုကြားခွအိပ်ခြင်း စသည်တို့ပြုလုပ်ပါ။)
  • ကြမ်းပြင်ပေါ်မှ ပစ္စည်းတစ်ခုခု ကောက်ယူစရာရှိလျှင် ခါးကုန်းပြီး ကောက်ယူမည့်အစား ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ချပြီးမှယူပါ။
  • နောက်ကျောဘက်လှည့်ကြည့်လျှင် ခါးလှည့်၍ကြည့်မည့်အစား ခြေထောက်ရောတစ်ကိုယ်လုံးလှည့်သည့်အနေအထားဖြင့် လှည့်ကြည့်ပါ။
    ခါးမတ်မတ်ထိုင်ပါ။အမှီပါသောခုံတွင်ထိုင်ပါ။

ခါးနာလာလျှင် ဘာလုပ်ရမလဲ?

  • ကိုယ်ဝန်ဆောင်များအတွက်သင့်လျော်သော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ။
  • ခါးကို ရေခဲအိပ်ကပ်ခြင်း၊ရေနွေးအိပ်ကပ်ခြင်းပြုလုပ်နိုင်ပါတယ်။ (ခါးဘက်ကိုသာကပ်ပါ၊ဝမ်းဗိုက်ဘက်မကပ်ရ။)
  • ပါရာစီတမောသောက်နိုင်ပါတယ်။ (အခြားသော အကိုက်အခဲပျောက်ဆေးများကို ဆရာဝနိညွှန်ကြားမှသာလျှင် သောက်သုံးပါ။)

ဘယ်အချိန်မှာ ဆေးခန်းပြမလဲ?

  • ခါးနာတာ အရမ်းဆိုးလာလျှင်
  • ရုတ်တရက်ခါးအရမ်းနာလာလျှင်
  • ဆီးပူ၊ဆီးကျင်၊ဆီးသွားရခက်ခဲလျှင်

မေ (ဆေး ၂)

မဗိုက္တစ္ေယာက္ခါးနာေနလ်ွင္

ကိုယ္ဝန္ေဆာင္ေတြမွာ ခါးနာတာဟာ ျဖစ္ေလ့႐ွိတဲ့ လကၡဏာတစ္မ်ိဳးပဲျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္ ခါးနာရျခင္းရဲ႕ အဓိကအေၾကာင္းရင္းေတြကေတာ့..

  • ကိုယ္ဝန္ေဆာင္စဥ္ ကိုယ္အေလးခ်ိန္တက္လာျခင္း
  • ဗိုက္ထဲက ကေလးႀကီးထြားလာတာနဲ႔အမ်ွ ကိုယ္ခႏၶာအေနအထား ေျပာင္းလဲျခင္း
  • ကိုယ္ဝန္ေဆာင္စဥ္စိတ္ပူပန္မႈႏွင့္စိတ္ဖိစီးမႈတို႔ေၾကာင့္ ခါးႏွင့္အနီးတဝိုက္႐ွိႂကြက္သားမ်ား ေတာင့္တင္းလာျခင္း
  • ေဟာ္မုန္းအေျပာင္းအလဲမ်ားျခင္း… စတဲ့ အေၾကာင္းရင္းေတြပါ။

ခါးနာသက္သာေအာင္ ဘယ္လိုကာကြယ္ၾကမလဲ?

  • ကိုယ္ဝန္ေဆာင္စဥ္ ဖိနပ္အျမင့္စီးျခင္းကိုေ႐ွာင္ၾကဥ္ပါ။ (ဖိနပ္အပါးပဲ စီးပါ။)
  • ပက္လက္အိပ္ျခင္းကိုေ႐ွာင္ၾကဥ္ပါ။ (ေဘးေစာင္းအိပ္ျခင္း၊ ေဘးေစာင္းအိပ္စဥ္ ေနာက္ေက်ာတြင္ ဖက္ေခါင္းအံုး ခုအိပ္ျခင္း၊ေဘးေစာင္းအိပ္စဥ္ ဖက္ေခါင္းအံုးကို ေျခေထာက္ႏွစ္ခုၾကားခြအိပ္ျခင္း စသည္တို႔ျပဳလုပ္ပါ။)
  • ၾကမ္းျပင္ေပၚမွ ပစၥည္းတစ္ခုခု ေကာက္ယူစရာ႐ွိလ်ွင္ ခါးကုန္းၿပီး ေကာက္ယူမည့္အစား ျဖည္းျဖည္းခ်င္း ေဆာင့္ေၾကာင့္ထိုင္ခ်ၿပီးမွယူပါ။
  • ေနာက္ေက်ာဘက္လွည့္ၾကည့္လ်ွင္ ခါးလွည့္၍ၾကည့္မည့္အစား ေျခေထာက္ေရာတစ္ကိုယ္လံုးလွည့္သည့္အေနအထားျဖင့္ လွည့္ၾကည့္ပါ။
    ခါးမတ္မတ္ထိုင္ပါ။အမွီပါေသာခံုတြင္ထိုင္ပါ။

ခါးနာလာလ်ွင္ ဘာလုပ္ရမလဲ?

  • ကိုယ္ဝန္ေဆာင္မ်ားအတြက္သင့္ေလ်ာ္ေသာ ေလ့က်င့္ခန္းမ်ားကို ပံုမွန္ျပဳလုပ္ပါ။
  • ခါးကို ေရခဲအိပ္ကပ္ျခင္း၊ေရေႏြးအိပ္ကပ္ျခင္းျပဳလုပ္ႏိုင္ပါတယ္။ (ခါးဘက္ကိုသာကပ္ပါ၊ဝမ္းဗိုက္ဘက္မကပ္ရ။)
  • ပါရာစီတေမာေသာက္ႏိုင္ပါတယ္။ (အျခားေသာ အကိုက္အခဲေပ်ာက္ေဆးမ်ားကို ဆရာဝနိၫႊန္ၾကားမွသာလ်ွင္ ေသာက္သံုးပါ။)

ဘယ္အခ်ိန္မွာ ေဆးခန္းျပမလဲ?

  • ခါးနာတာ အရမ္းဆိုးလာလွ်င္
  • ႐ုတ္တရက္ခါးအရမ္းနာလာလွ်င္
  • ဆီးပူ၊ဆီးက်င္၊ဆီးသြားရခက္ခဲလွ်င္

ေမ (ေဆး ၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *