မေ့မေ့ မှတ်စု (၃) သားသားလေး သွားပေါက်နောက်ကျ နေပါသလား?
မေမေ့ ခေါင်းထဲ အတွေးတစ်ခု ဝင်နေသည်၊ သွားငုတ်တုတ် လူငုတ်တုတ်ဖြစ်ရမယ့် သားသားတစ်ယောက် လူကတော့ ထိုင်နေပြီ သွားကမထွက်သေး၊ သွားပေါက်များ နောက်ကျနေတာလား? စိတ်ပူစရာများရှိသလား?
ဒီလိုအတွေး မေမေ တစ်ချို့တွေးကောင်းတွေးမိ လိမ့်မည်၊ ထို့ကြောင့် သွားပေါက်သောအရွယ် လေးကို ဇယားလေးနှင့် ဖော်ပြလိုက်ပါသည်။
သွားအမျိုးအစား | သွားပေါက်သော ကလေးအသက် | သွားကျိုးနိုင်သော ကလေးအသက် |
---|---|---|
ရှေ့သွား ၂ချောင်း(အပေါ်) | ၈လ မှ ၁၂လ | ၆နှစ် မှ ၇ နှစ် |
ရှေ့သွား ၂ချောင်း(အောက်) | ၆လမှ ၁၀လ | ၆နှစ်မှ ၇နှစ် |
အစွယ်သွား (အပေါ်) | ၁၆လ မှ ၂၂လ | ၁၀နှစ် မှ ၁၂နှစ် |
အစွယ်သွား (အောက်) | ၁၀လမှ ၁၆လ | ၇နှစ်မှ ၈နှစ် |
ပထမ အံသွား(အပေါ်) | ၁၃လမှ ၁၉လ | ၉နှစ်မှ ၁၁နှစ် |
ပထမ အံသွား (အောက်) | ၁၇လ မှ ၂၃လ | ၉နှစ်မှ ၁၂နှစ် |
ဒုတိယ အံသွား(အပေါ်) | ၂၃ လမှ ၃၁လ | ၁၀နှစ်မှ ၁၂နှစ် |
ဒုတိယ အံသွား (အောက်) | ၂၅လ မှ ၃၁လ | ၁၀နှစ်မှ ၁၂နှစ် |
မယ်တင် (ဆေး ၁)
---|---|---|
မယ်တင် (ဆေး ၁)