” ပန်းကလေးများ နွေမှာမနွမ်းစေဖို့ “
ပြတင်းပေါက်ကတစ်ဆင့် ဆေးရုံအပြင်ကိုတစ်ချက်လှမ်းအငေး…
အို ဘယ့်….ပူပြင်းလိုက်တဲ့ နွေဥတုပါတကား…
ဆေးရုံရှေ့တစ်လျှောက်လမ်းပေါ်မှာ သွားလာနေတဲ့ လူကြီးလူငယ်အသွယ်သွယ်လည်း ထီး/ဦးထုပ် ကိုယ်စီနဲ့…
မျက်နှာလေးတွေကြည့်လိုက်တော့လည်း လန်းလန်းဆန်းဆန်း မရှိကြ….နေလောင်ပန်းသကဲ့သို့ နွမ်းလျလျ…..
အချို့ဆို နေလောင်ဒဏ်ကြောင့် မျက်နှာတွေ၊အသားတွေ ရဲရဲထနေတယ်….
ဒီနွေ ဒီပူပုံမျိုးနဲ့…. اللاعب سواريز လူကြီးတွေတောင် ဒီလောက်ခံရရင်…
ကလေးသူငယ်ရဲ့ အသားအရည်နုနုနယ်နယ်လေးတွေဆို ဘာပြောကောင်းမလဲ….
မိခင်တွေအနေနဲ့ မိမိကလေးတွေကို ဒီလိုရာသီမှာ ဒီလိုလေးတွေ ဂရုစိုက်ပေးနိုင်မှ တော်ကာကျပေမယ် :
နေပူတာနဲ့အမျှ ကလေးတို့လည်း ချွေးထွက်များပါလိမ့်မယ်။
တစ်နေ့ကို တစ်ကြိမ်တော့ပုံမှန်ရေချိုးပေးဖို့လိုပါတယ်။
ကလေးရဲ့ ပေါင်ကြား၊ချိုင်းကြားစတဲ့ ချွေးအောင်းနိုင်တဲ့ နေရာတွေ ရေလောင်းဆပ်ပြာတိုက်ဖို့မကျန်ခဲ့ပါစေနဲ့။
နေပူတယ်ဆိုပြီး ကလေးကို ခေါက်ခေါက်အခါခါရေချိုးပေးဖို့တော့မလို။ကလေးက ရေချိုးရလည်းမခက်ဘူး၊ဂျစ်မတိုက်ဘူးဆိုရင် မနက်တစ်ကြိမ် ညနေတစ်ကြိမ်ချိုးပေးနိုင်ပါတယ်။
ရေချိုးပြီးလျှင် တစ်ကိုယ်လုံးရေခြောက်အောင်သုတ်ပေးပါ။
1)ကလေးနေရသက်သာစေပြီး လေဝင်လေထွက်ကောင်းစေမယ့် ချည်သားအကျီၤ ချောင်ချောင်ချိချိဝတ်ပေးပါ။
2) ကလေးလိုးရှင်းတွေ လိမ်းနေကြအတိုင်းလိမ်းပေးနိုင်ပါတယ်။ Oil massage လည်း လုပ်နိုင်ပါတယ်။
3) ပေါင်ဒါလည်းလိမ်းပေးပါ။သို့သော် လိုတာထက်တော့ ပိုမလိမ်းစေချင်ပါ။
ချွေးထွက်တိုင်း ထပ်ခါထပ်ခါလိမ်းပေးမယ်ဆိုရင် ကလေးချွေးပေါက်ပိတ်နိုင်လို့ တန်သင့်ရုံပဲလိမ်းပါ။
4) နေ့လည်နေ့ခင်း အပူချိန်မြင့်ချိန်တွေမှ ကလေးနှင့်အပြင်ထွက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
မဖြစ်မနေသွားစရာရှိလာခဲ့ရင် ကလေးကို
- အသားအေးတဲ့ အကျီၤလက်ရှည် ချောင်ချောင်ချိချိ အပေါ်ကထပ်ဝတ်ပေးပါ။
- ထီး၊ဦးထုပ် ပါပါစေ။အလေးချွေးထွက်များလျှင်လဲပေးရန် အဝတ်အစားအပိုထည့်သွားပါ။
- ကလေးနေရောင်ကာခရင်မ်(Sun cream,Sun Lotion,Sun Spray) သုံးပေးပါ။
ဒီအချက်လေးတွေ သေချာလိုက်နာမယ်ဆိုရင် မေမေတို့ရဲ့ ပန်းကလေးတွေ မနွမ်းလျတော့ဘူးပေါ့။
မေ (ဆေး ၂)
1)ကလေးနေရသက်သာစေပြီး လေဝင်လေထွက်ကောင်းစေမယ့် ချည်သားအကျီင်္ ချောင်ချောင်ချိချိဝတ်ပေးပါ။
- အသားအေးတဲ့ အကျီင်္လက်ရှည် ချောင်ချောင်ချိချိ အပေါ်ကထပ်ဝတ်ပေးပါ။
မေ (ဆေး ၂)