ကလေးငယ်ကို ခေါင်းလျှော်ပေးခြင်း

မေး – ကလေးငယ်လေးတွေကို တစ်ပတ်ဘယ်နကြိမ်ခေါင်းလျှော်ပေးမလဲ?

ဖြေ – ပုံမှန်အားဖြင့် တစ်ပတ်မှာ တစ်ကြိမ်ခေါင်းလျှော်ပေးလျှင် လုံလောက်ပါပြီ။ ခရီးထွက်ခြင်း၊ ရာသီဥတုအလွန်ပူပြီး ချွေးထွက်များခြင်း စတဲ့ အခြေအနေများမှာတော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် လျှော်ပေးနိုင်ပါတယ်။

မေး – ကလေးဘယ်အရွယ်ကစပြီး ကလေးခေါင်းလျှော်ရည် (shampoo) သုံးလို့ရပြီလဲ?

ဖြေ – အသက် ၂လပြည့်ပြီးမှသာ ကလေးခေါင်းလျှော်ရည်စသုံးသင့်ပါတယ်။

မေး – ကလေးကို ခေါင်းဘယ်လို လျှော်ပေးမလဲ?

ဖြေ – ကလေးကို ရေချိုးရင်း ခေါင်းလျှော်ပေးခြင်းထက် ခေါင်းလျှော်ဖို့ အချိန်သက်သက်ပေးခြင်းက ပိုသင့်လျော်ပါတယ်။ဆိုလိုတာကတော့ ခေါင်းလျှော်မယ်ဆိုလျှင် ကလေးကို အဝတ်အစားဝတ်ပေးထားပြီး ခေါင်းပဲသက်သက်လျှော်ပေးပါ။လေတိုက်တဲ့နေရာ အေးတဲ့နေရာမျိုးထက် ရေချိုးခန်းကဲ့သို့ ပုံမှန်အခန်းအပူချိန်ရှိတဲ့
နေရာမျိုးမှာ လျှော်ပေးပါ။

– ကလေးမျက်လုံးထဲ ရေ၊ ခေါင်းလျှော်စည် မဝင်စေရန် ကလေးကို ပေါင်ပေါ် (သို့)လက်ပေါ်တွင် ပက်လက်အနေအထားဖြင့် လျှော်ပေးပါ။(မျက်လုံးထဲ ရေ၊ခေါင်းလျှော်ရည်ဝင်ပြီး မျက်စိစပ်သွားပါက ကလေးသည် နောက်ပိုင်းတွင် ခေါင်းလျှော်ဖို့ ကြောက်သွားပါလိမ့်မည်။)

– ဦးစွာ မိခင်၏လက်ခုပ်ထဲတွင်ရေထည့်ပြီး ကလေးခေါင်းကို စိုစွတ်စေပါ။ထို့နောက် ရေမြှုပ်ကို ရေစွတ်ပြီး ကလေးခေါင်းကို အသာအယာပွတ်တိုက်ပြီးလျှော်ပေးပါ။

-ဆံပင်သာမက ဦးရေပြားပါ သန့်စက်အောင်လျှော်ပေးပါ။

-ခေါင်းလျှော်ချိန် မကြာပါစေနှင့်။

-ခေါင်းလျှော်ပြီးပါက မျက်နှာသုတ်ပုဝါဖြင့် အသာအယာသုတ်ပေးပြီး ခေါင်းခြောက်အောင်လုပ်ပါ။

မေး – ကလေးခေါင်းလျှော်တဲ့အခါ ဘာတွေ သတိထားရမလဲ?

-ကလေးဦးရေပြားသည် နုနယ်သဖြင့် လူကြီးတွေခေါင်းလျှော်သလို အတင်းပွတ်တိုက်ခြင်း၊ လက်သည်းဖြင့်ကုတ်ခြင်း မပြုအပ်ပါ။

-ကလေးဦးခေါင်းခွံသည် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် ဦးခေါင်းတွင် ပျော့နေသောနေရာများရှိပါသည်(ဥပမာ – ငယ်ထိပ်)။ ထိုနေရာများကို အတင်းဖိလျှော်ခြင်း မပြုသင့်ပါ။

-ကလေးခေါင်းလျှော်ရည်သာအသုံးပြုပါ။

-ကလေးကို ပက်လက်အနေအထားဖြင့် ခေါင်းလျှော်ရာတွင် ကလေးအား သက်တောင့်သက်သာရှိပါစေ။

-ကလေးကို အချိန်ကြာရှည်စွာ အအေးခံခြင်း မပြုသင့်ပါ။

ပိုင်နီမေ
ကေလးငယ္ကို ေခါင္းေလၽွာ္ေပးျခင္း

ေမး – ကေလးငယ္ေလးေတြကို တစ္ပတ္ဘယ္နႀကိမ္ေခါင္းေလၽွာ္ေပးမလဲ?

ေျဖ – ပံုမွန္အားျဖင့္ တစ္ပတ္မွာ တစ္ႀကိမ္ေခါင္းေလၽွာ္ေပးလွၽင္ လံုေလာက္ပါၿပီ။ ခရီးထြက္ျခင္း၊ ရာသီဥတုအလြန္ပူၿပီး ေခြ်းထြက္မ်ားျခင္း စတဲ့ အေျခအေနမ်ားမွာေတာ့ တစ္ပတ္လၽွင္ ႏွစ္ႀကိမ္ခန္႔ ေလၽွာ္ေပးႏိုင္ပါတယ္။

ေမး – ကေလးဘယ္အရြယ္ကစၿပီး ကေလးေခါင္းေလၽွာ္ရည္ (shampoo) သံုးလို႔ရၿပီလဲ?

ေျဖ – အသက္ ၂လျပည့္ၿပီးမွသာ ကေလးေခါင္းေလၽွာ္ရည္စသံုးသင့္ပါတယ္။

ေမး – ကေလးကို ေခါင္းဘယ္လို ေလၽွာ္ေပးမလဲ?

ေျဖ – ကေလးကို ေရခ်ိဳးရင္း ေခါင္းေလၽွာ္ေပးျခင္းထက္ ေခါင္းေလၽွာ္ဖို႔ အခ်ိန္သက္သက္ေပးျခင္းက ပိုသင့္ေလ်ာ္ပါတယ္။ဆိုလိုတာကေတာ့ ေခါင္းေလၽွာ္မယ္ဆိုလၽွင္ ကေလးကို အဝတ္အစားဝတ္ေပးထားၿပီး ေခါင္းပဲသက္သက္ေလၽွာ္ေပးပါ။ေလတိုက္တဲ့ေနရာ ေအးတဲ့ေနရာမ်ိဳးထက္ ေရခ်ိဳးခန္းကဲ့သို႔ ပံုမွန္အခန္းအပူခ်ိန္ရိွတဲ့
ေနရာမ်ိဳးမွာ ေလၽွာ္ေပးပါ။

– ကေလးမ်က္လံုးထဲ ေရ၊ ေခါင္းေလၽွာ္စည္ မဝင္ေစရန္ ကေလးကို ေပါင္ေပၚ (သို႔)လက္ေပၚတြင္ ပက္လက္အေနအထားျဖင့္ ေလၽွာ္ေပးပါ။(မ်က္လံုးထဲ ေရ၊ေခါင္းေလၽွာ္ရည္ဝင္ၿပီး မ်က္စိစပ္သြားပါက ကေလးသည္ ေနာက္ပိုင္းတြင္ ေခါင္းေလၽွာ္ဖို႔ ေၾကာက္သြားပါလိမ့္မည္။)

– ဦးစြာ မိခင္၏လက္ခုပ္ထဲတြင္ေရထည့္ၿပီး ကေလးေခါင္းကို စိုစြတ္ေစပါ။ထို႔ေနာက္ ေရျမႇဳပ္ကို ေရစြတ္ၿပီး ကေလးေခါင္းကို အသာအယာပြတ္တိုက္ၿပီးေလၽွာ္ေပးပါ။

-ဆံပင္သာမက ဦးေရျပားပါ သန္႔စက္ေအာင္ေလၽွာ္ေပးပါ။

-ေခါင္းေလၽွာ္ခ်ိန္ မၾကာပါေစႏွင့္။

-ေခါင္းေလၽွာ္ၿပီးပါက မ်က္ႏွာသုတ္ပုဝါျဖင့္ အသာအယာသုတ္ေပးၿပီး ေခါင္းေျခာက္ေအာင္လုပ္ပါ။

ေမး – ကေလးေခါင္းေလၽွာ္တဲ့အခါ ဘာေတြ သတိထားရမလဲ?

-ကေလးဦးေရျပားသည္ ႏုနယ္သျဖင့္ လူႀကီးေတြေခါင္းေလၽွာ္သလို အတင္းပြတ္တိုက္ျခင္း၊ လက္သည္းျဖင့္ကုတ္ျခင္း မျပဳအပ္ပါ။

-ကေလးဦးေခါင္းခြံသည္ အျပည့္အဝ မဖြံ႕ၿဖိဳးေသးသျဖင့္ ဦးေခါင္းတြင္ ေပ်ာ့ေနေသာေနရာမ်ားရွိပါသည္(ဥပမာ – ငယ္ထိပ္)။ ထိုေနရာမ်ားကို အတင္းဖိေလၽွာ္ျခင္း မျပဳသင့္ပါ။

-ကေလးေခါင္းေလၽွာ္ရည္သာအသံုးျပဳပါ။

-ကေလးကို ပက္လက္အေနအထားျဖင့္ ေခါင္းေလၽွာ္ရာတြင္ ကေလးအား သက္ေတာင့္သက္သာရွိပါေစ။

-ကေလးကို အခ်ိန္ၾကာရွည္စြာ အေအးခံျခင္း မျပဳသင့္ပါ။

ပိုင္နီေမ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…