ကလေးဝမ်းလျားမှောက်ခြင်းအကြောင်း သိကောင်းစရာ

“ဒယ့်ရေ ဒီမှာကြည့် သဲသဲ မိချောင်းကြီး ဖြစ်သွားပြီ”

ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်ရင်း တွန့်လိမ်တွန့်လိမ်သွားနေတဲ့ သုံးနှစ်ပြည့်တော့မဲ့ သမီးလေးကို ကြည့်ရင်း ဒီကလေးလေး ပထမဆုံး ဝမ်းလျားစမှောက်တဲ့ နေ့တွေကို ပြန်သတိရသွားမိသည်။

ကောင်းစွာ လမ်းလျှောက်ပြေးလွှားနိုင်တဲ့ ဒီအရွယ်အတွက်တော့ ဝမ်းလျားမှောက်တယ် တွားသွားတယ်ဆိုတာ ထူးဆန်းတဲ့ ပြောလောက်စရာ ကိစ္စမဟုတ်ပေမဲ့ မွေးကင်းစအရွယ် ကိုယ့်ကိုယ်ကို မနိုင်နင်းသည့် ကလေးငယ်လေးတွေအတွက်တော့ ပြောစရာတွေရှိလာပေပြီ။

– ကလေးတွေဘယ်အချိန်မှာ စမှောက်တတ်သလဲ

၂လသား အရွယ်ခန့်တွင် ခေါင်းကလေးထောင်၍ ကမ္ဘာလောကကြီးကို စတင်စူးစမ်းလာနိုင်ပြီဖြစ်သော ကလေးတစ်ယောက်သည် အသက် ၆လ မှ ၇ လအတွင်းတွင် မိမိဖာသာ မှောက်ခြင်း ပက်လက်ပြန်လှန်ခြင်းကို လုပ်နိုင်ရမည်ဟု လက်ခံထားကြ၏။

ထိုမှတစ်ဆင့် ၉လ အရွယ်တွင် စတင် တွားသွား၍ သူသွားလိုရာ ဆော့လိုရာကို ကိုင်ဆွဲမတ်တပ်ရပ် ဆော့ကစားနိုင်ပြီဆိုလျှင် ကလေးတစ်ယောက်၏ ဝမ်းလျားမှောက်ခြင်း ခရီးစဉ် အတော်ခရီးရောက်ပြီဟု ဆိုနိုင်ပေမည်။

– ကလေးမှောက်ခြင်း နှင့် Sudden Infant Death Syndrome

မွေးကင်းစကလေးကို အမြဲတမ်း ပက်လက်အနေအထားဖြင့်သာ သိပ်ရမည်ဟု ဆရာဝန်တိုင်းမှာကြသည်။

မိမိဦးခေါင်းကို မိမိကောင်းစွာမနိုင်သေးသည့်အတွက် အသက်ရှူလမ်းကြောင်းပိတ်၍ တစ်နှစ်အောက်ကလေးများ ပုခက်အတွင်း အိပ်ယာအတွင်း ရုတ်တရက် သေဆုံးမှုနှုန်းသည် ယခင် ခေတ်ကာလများတွင် အလွန်ကြောက်မက်ဖွယ်များခဲ့၍ပင်။

1994တွင် အမေရိကမှ စတင်ခဲ့သည့် ကလေးထိန်းပက်လက်သိပ်ရန်ဆိုသည့် Safe to Sleep(Back to Sleep) ကမ်ပိန်း၏ အကျိုးကျေးဇူးကြောင့် ယင်းမွေးကင်းစသေနှုန်းကို ထက်ဝက်မက လျှော့ချနိုင်ခဲ့ပေသည်။

သေနှုန်းလျော့ကျလာသော်လည်း အခြားတဖက်အတွက် မြင့်တက်လာသည်ကား ပက်လက်အနေများရင်း နုနယ်သည့် ကလေးဦးခေါင်းခွံ နောက်ပိုင်းပြားလာသည့် Positional Plagiocephaly (Flat spot syndrome) ပြဿနာဖြစ်၏။

ဝမ်းလျားအမှောက်နည်းသည့် ကလေးများတွင် ဖြစ်လာတတ်သည့် ယင်း ပြဿနာအတွက် မိမိကလေးတွင် သတိထားမိလျှင် ကလေးဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးကုသရမည် ဖြစ်သကဲ့သို့ ကြိုတင်ကာကွယ်ရန်အတွက်ကား ကလေးကို မွေးစကတည်းက ဝမ်းလျားမှောက် လေ့ကျင့်ပေးခြင်းသည် အလွန်အရေးကြီးလှပေသည်။

-ဝမ်းလျားမှောက်ဖို့လေ့ကျင့်ပေးကြမယ် (Tummy Time)

ဘယ်အချိန်စ လေ့ကျင့်မလဲ ဘယ်လိုလေ့ကျင့်မလဲ

American Academy of Pediatrics ကတော့ စောနိုင်သမျှစောပါဟု ဆို၏။ အချို့ကား မွေးပြီးရက်ပိုင်းအတွင်းပင် စလေ့ကျင့်ကြပေသည်။

ထူးထူးဆန်းဆန်းမဟုတ်။

ကလေးကို ပျော့ပျောင်းခိုင်မာသည့် ကြမ်းခင်းတစ်ခုပေါ်တွင် ကလေးနိုးနိုးကြားကြားရှိနေခိုက်တွင် တဖြုတ်ဝမ်းလျားမှောက်ပေးခြင်းပင်ဖြစ်သည်။
အိပ်ရာနိုးစ အချိန် အနှီးလှဲချိန်များတွင် ဆိုလျှင် ပိုကောင်း၏။

ကလေးထိန်းသူပါ နိုးနိုးကြားကြား မျက်ခြေမပြတ်စောင့်ကြည့်ပေးရန် အထူးလိုအပ်၏။
အမေဗိုက်ပေါ်တွင် မှောက်ပေးချိန်မျိုးတွင်မူ ကလေးရော အမေရော အိပ်ပျော်သွားတတ်၍ အလွန်အန္တရာယ်ကြီးသည်ဖြစ်ရာ အင်မတန်သတိထားရပေသည်။

ပထမဆုံးအကြိမ်များသည်ကား ခေါင်းမခိုင်သေးသော ကလေးအတွက် စိတ်ညစ်ညူးစရာ ကြောက်စရာအခြေအနေဖြစ်၍ ကြိုက်မည်မဟုတ်ပေ။

နောက်ပိုင်းတွင် တဖြည်းဖြည်း နေသားကျလာမည်ဖြစ်ပြီး လောကကြီးကို အမြဲပက်လက်မြင်ကွင်းသာကြည့်မြင်နေရသော ကလေးလည်း ဝမ်းလျားမှောက်ရင်းမြင်ရသော မြင်ကွင်းအသစ်များတွင် ပျော်ရွှင်စရာကို ရှာဖွေတတ်လာပေမည်။

ကလေးရှေ့လက်တစ်ကမ်းစာ မမှီ့တမှီအကွာအဝေးတွင် ကလေးစိတ်ဝင်စားမည့် ရောင်စုံကစားစရာ အရုပ်လေးများထားပေးခြင်းဖြင့်လည်း ကလေးပိုမို တိုးတက်လာအောင် လှုံ့ဆော်ပေးနိုင်ပေသည်။

ဝမ်းလျားမှောက်ပေးခြင်းဖြင့် ကလေး၏ ကြွက်သားအုပ်စုများ ပိုမိုသန်မာလာစေရုံမက လေနာထခြင်းကိုပါ သက်သာစေနိုင်ပေမည်။

တဖြည်းဖြည်း အကြိမ်ရေနှင့် အချိန် တိုးယူရင်း ကလေး သုံးလေးလအရွယ်တွင် တနေကုန် စုစုပေါင်း မိနစ်နှစ်ဆယ်မှ နာရီဝက်လောက်ရသည်အထိ ရည်မှန်းလေ့ကျင့်ရပေမည်။

သို့မှသာ တဖြည်းဖြည်း ကလေးငယ်၏ လည်ပင်းကြွက်သား၊ ပုခုံးကြွက်သား၊ ဝမ်းဗိုက်နှင့် ပေါင်ကြွက်သားများ ပိုမိုသန်စွမ်းလာရင်း ခြောက်လ ခုနစ်လအရွယ်တွင် လူကြီးအကူအညီမပါဘဲ လှန်လိုလှန် မှောက်လိုမှောက် လုပ်နိုင်သည့် လူစွမ်းကောင်း ပိစိကွေးလေးများဖြစ်လာနိုင်မည် ဖြစ်ပေတော့သည်။

Dr ဖြိုးဝေလင်း
13.2.19

ကေလးဝမ္းလ်ားေမွာက္ျခင္းအေၾကာင္း သိေကာင္းစရာ

“ဒယ့္ေရ ဒီမွာၾကည့္ သဲသဲ မိေခ်ာင္းႀကီး ျဖစ္သြားၿပီ”

ၾကမ္းျပင္ေပၚဝမ္းလ်ားေမွာက္ရင္း တြန္႔လိမ္တြန္႔လိမ္သြားေနတဲ့ သံုးနွစ္ျပည့္ေတာ့မဲ့ သမီးေလးကို ၾကည့္ရင္း ဒီကေလးေလး ပထမဆံုး ဝမ္းလ်ားစေမွာက္တဲ့ ေန႔ေတြကို ျပန္သတိရသြားမိသည္။

ေကာင္းစြာ လမ္းေလ်ွာက္ေျပးလႊားႏိုင္တဲ့ ဒီအရြယ္အတြက္ေတာ့ ဝမ္းလ်ားေမွာက္တယ္ တြားသြားတယ္ဆိုတာ ထူးဆန္းတဲ့ ေျပာေလာက္စရာ ကိစၥမဟုတ္ေပမဲ့ ေမြးကင္းစအရြယ္ ကိုယ့္ကိုယ္ကို မႏိုင္နင္းသည့္ ကေလးငယ္ေလးေတြအတြက္ေတာ့ ေျပာစရာေတြ႐ွိလာေပၿပီ။

– ကေလးေတြဘယ္အခ်ိန္မွာ စေမွာက္တတ္သလဲ

၂လသား အရြယ္ခန္႔တြင္ ေခါင္းကေလးေထာင္၍ ကမၻာေလာကႀကီးကို စတင္စူးစမ္းလာႏိုင္ၿပီျဖစ္ေသာ ကေလးတစ္ေယာက္သည္ အသက္ ၆လ မွ ၇ လအတြင္းတြင္ မိမိဖာသာ ေမွာက္ျခင္း ပက္လက္ျပန္လွန္ျခင္းကို လုပ္ႏိုင္ရမည္ဟု လက္ခံထားၾက၏။

ထိုမွတစ္ဆင့္ ၉လ အရြယ္တြင္ စတင္ တြားသြား၍ သူသြားလိုရာ ေဆာ့လိုရာကို ကိုင္ဆြဲမတ္တပ္ရပ္ ေဆာ့ကစားႏိုင္ၿပီဆိုလ်ွင္ ကေလးတစ္ေယာက္၏ ဝမ္းလ်ားေမွာက္ျခင္း ခရီးစဥ္ အေတာ္ခရီးေရာက္ၿပီဟု ဆိုႏိုင္ေပမည္။

– ကေလးေမွာက္ျခင္း ႏွင့္ Sudden Infant Death Syndrome

ေမြးကင္းစကေလးကို အျမဲတမ္း ပက္လက္အေနအထားျဖင့္သာ သိပ္ရမည္ဟု ဆရာဝန္တိုင္းမွာၾကသည္။

မိမိဦးေခါင္းကို မိမိေကာင္းစြာမႏိုင္ေသးသည့္အတြက္ အသက္ရွဴလမ္းေၾကာင္းပိတ္၍ တစ္ႏွစ္ေအာက္ကေလးမ်ား ပုခက္အတြင္း အိပ္ယာအတြင္း ႐ုတ္တရက္ ေသဆံုးမႈနႇဳန္းသည္ ယခင္ ေခတ္ကာလမ်ားတြင္ အလြန္ေၾကာက္မက္ဖြယ္မ်ားခဲ့၍ပင္။

1994တြင္ အေမရိကမွ စတင္ခဲ့သည့္ ကေလးထိန္းပက္လက္သိပ္ရန္ဆိုသည့္ Safe to Sleep(Back to Sleep) ကမ္ပိန္း၏ အက်ိဳးေက်းဇူးေၾကာင့္ ယင္းေမြးကင္းစေသႏႈန္းကို ထက္ဝက္မက ေလ်ွာ့ခ်ႏိုင္ခဲ့ေပသည္။

ေသနွဳန္းေလ်ာ့က်လာေသာ္လည္း အျခားတဖက္အတြက္ ျမင့္တက္လာသည္ကား ပက္လက္အေနမ်ားရင္း ႏုနယ္သည့္ ကေလးဦးေခါင္းခြံ ေနာက္ပိုင္းျပားလာသည့္ Positional Plagiocephaly (Flat spot syndrome) ျပႆနာျဖစ္၏။

ဝမ္းလ်ားအေမွာက္နည္းသည့္ ကေလးမ်ားတြင္ ျဖစ္လာတတ္သည့္ ယင္း ျပႆနာအတြက္ မိမိကေလးတြင္ သတိထားမိလ်ွင္ ကေလးဆရာဝန္မ်ားႏွင့္ တိုင္ပင္ေဆြးေႏြးကုသရမည္ ျဖစ္သကဲ့သို႔ ႀကိဳတင္ကာကြယ္ရန္အတြက္ကား ကေလးကို ေမြးစကတည္းက ဝမ္းလ်ားေမွာက္ ေလ့က်င့္ေပးျခင္းသည္ အလြန္အေရးႀကီးလွေပသည္။

-ဝမ္းလ်ားေမွာက္ဖို ့ေလ့က်င့္ေပးၾကမယ္ (Tummy Time)

ဘယ္အခ်ိန္စ ေလ့က်င့္မလဲ ဘယ္လိုေလ့က်င့္မလဲ

American Academy of Pediatrics ကေတာ့ ေစာႏိုင္သမ်ွေစာပါဟု ဆို၏။ အခ်ိဳ႕ကား ေမြးၿပီးရက္ပိုင္းအတြင္းပင္ စေလ့က်င့္ၾကေပသည္။

ထူးထူးဆန္းဆန္းမဟုတ္။

ကေလးကို ေပ်ာ့ေပ်ာင္းခိုင္မာသည့္ ၾကမ္းခင္းတစ္ခုေပၚတြင္ ကေလးႏိုးႏိုးၾကားၾကား႐ွိေနခိုက္တြင္ တျဖဳတ္ဝမ္းလ်ားေမွာက္ေပးျခင္းပင္ျဖစ္သည္။
အိပ္ရာႏိုးစ အခ်ိန္ အႏွီးလွဲခ်ိန္မ်ားတြင္ ဆိုလွ်င္ ပိုေကာင္း၏။

ကေလးထိန္းသူပါ ႏိုးႏိုးၾကားၾကား မ်က္ေျခမျပတ္ေစာင့္ၾကည့္ေပးရန္ အထူးလိုအပ္၏။
အေမဗိုက္ေပၚတြင္ ေမွာက္ေပးခ်ိန္မ်ိဳးတြင္မူ ကေလးေရာ အေမေရာ အိပ္ေပ်ာ္သြားတတ္၍ အလြန္အႏၱရာယ္ႀကီးသည္ျဖစ္ရာ အင္မတန္သတိထားရေပသည္။

ပထမဆံုးအႀကိမ္မ်ားသည္ကား ေခါင္းမခိုင္ေသးေသာ ကေလးအတြက္ စိတ္ညစ္ညဴးစရာ ေၾကာက္စရာအေျခအေနျဖစ္၍ ႀကိဳက္မည္မဟုတ္ေပ။

ေနာက္ပိုင္းတြင္ တျဖည္းျဖည္း ေနသားက်လာမည္ျဖစ္ၿပီး ေလာကၾကီးကို အျမဲပက္လက္ျမင္ကြင္းသာၾကည့္ျမင္ေနရေသာ ကေလးလည္း ဝမ္းလ်ားေမွာက္ရင္းျမင္ရေသာ ျမင္ကြင္းအသစ္မ်ားတြင္ ေပ်ာ္ရႊင္စရာကို ႐ွာေဖြတတ္လာေပမည္။

ကေလးေ႐ွ႕လက္တစ္ကမ္းစာ မမီွ႕တမီွအကြာအေဝးတြင္ ကေလးစိတ္ဝင္စားမည့္ ေရာင္စံုကစားစရာ အ႐ုပ္ေလးမ်ားထားေပးျခင္းျဖင့္လည္း ကေလးပိုမို တိုးတက္လာေအာင္ လွံဳ႕ေဆာ္ေပးႏိုင္ေပသည္။

ဝမ္းလ်ားေမွာက္ေပးျခင္းျဖင့္ ကေလး၏ ႂကြက္သားအုပ္စုမ်ား ပိုမိုသန္မာလာေစရံုမက ေလနာထျခင္းကိုပါ သက္သာေစႏိုင္ေပမည္။

တျဖည္းျဖည္း အႀကိမ္ေရႏွင့္ အခ်ိန္ တိုးယူရင္း ကေလး သံုးေလးလအရြယ္တြင္ တေနကုန္ စုစုေပါင္း မိနစ္ႏွစ္ဆယ္မွ နာရီဝက္ေလာက္ရသည္အထိ ရည္မွန္းေလ့က်င့္ရေပမည္။

သို႔မွသာ တျဖည္းျဖည္း ကေလးငယ္၏ လည္ပင္းႂကြက္သား၊ ပုခံုးႂကြက္သား၊ ဝမ္းဗိုက္ႏွင့္ ေပါင္ႂကြက္သားမ်ား ပိုမိုသန္စြမ္းလာရင္း ေျခာက္လ ခုနစ္လအရြယ္တြင္ လူႀကီးအကူအညီမပါဘဲ လွန္လိုလွန္ ေမွာက္လိုေမွာက္ လုပ္ႏိုင္သည့္ လူစြမ္းေကာင္း ပိစိေကြးေလးမ်ားျဖစ္လာႏိုင္မည္ ျဖစ္ေပေတာ့သည္။

Dr ၿဖိဳးေဝလင္း
13.2.19

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…