မွေးစကလေးနှင့် သနပ်ခါးပြဿနာ

မြန်မာလူမျိုးများနှင့် သနပ်ခါးမှာ ခွဲခြားလို့မရပါဘူး။ ရှေးခေတ်အဆက်ဆက်တည်းက မြန်မာအမျိုးသမီးလေးတွေ ခေါင်းစခြေဆုံး အမြတ်တနိုး လိမ်းချယ်လေ့ရှိတဲ့ ရိုးရာသနပ်ခါးလည်းဖြစ်ပါတယ်။ မိမိတို့ တန်ဖိုးထားလိမ်းချယ်ကြတဲ့ သနပ်ခါးကို မိမိတို့ရဲ့ သားလှရတနာလေးတွေကိုလည်း လိမ်းချယ်ပေးလေ့ရှိကြပါတယ်။

တကယ်တော့ သနပ်ခါးကို မွေးစအရွယ် ကလေးငယ်တွေကို လိမ်းချယ်ပေးတာက ကောင်းတဲ့အမူအကျင့်တော့ မဟုတ်ပါဘူး။ အသားပေါ်မှာ သနပ်ခါးခြောက်သွေ့လာတဲ့အခါ ဖွာထွက်လာတဲ့ အမှုန်တွေက ကလေးငယ်ရဲ့ အသက်ရှူလမ်းကြောင်းကို အန္တရာယ်ပြုနိုင်လို့ပဲ ဖြစ်ပါတယ်။ သနပ်ခါးခြောက်သွေ့လာတဲ့အခါ ထွက်လာတဲ့ အမှုန်ငယ်လေးတွေက ဖွံဖြိုးကျန်းမာတဲ့ လူကြီးအဆုတ်နဲ့ အသက်ရှူလမ်းကြောင်းအတွက် အန္တရာယ်တစ်စုံတစ်ရာ မဖြစ်နိုင်ပေမဲ့ မွေးစကလေးငယ်တွေမှာတော့ သေးငယ်ပြီးနုနယ်တဲ့ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ပိုင်ဆိုင်တာကြောင့် အသက်ရှူလမ်းကြောင်းမှာ အမှုန်တွေနဲ့ပိတ်ဆို့တာ၊ ပိုးဝင်တာ၊ အသက်ရှူကြပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သနပ်ခါးတင်မဟုတ်ဘဲ အမှုန်ဖွာနိုင်တဲ့ ပေါင်ဒါလိုအရာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ပေါင်မပြည့်၊ လမစေ့မွေးဖွားသောကလေးများ၊ မွေးရာပါ နှလုံးရောဂါသည်ကလေးများ၊ ပန်းနာရင်ကြပ် ဝေဒနာသည်ကလေးများ၊ အဆုတ်အားနည်းသော ကလေးများ စတဲ့ ကလေးတွေမှာ ပုံမှန်ကလေးတွေထက် အားနည်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လွယ်တာကြောင့် သနပ်ခါး၊ ပေါင်ဒါ လိမ်းခြင်းကို ပိုပြီး ကြပ်ကြပ်မတ်မတ် ရှောင်ရှားသင့်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…