ကလေးနှင့် ဆပ်ပြာ
ကလေးငယ်လေးတွေမှာ ကိုယ်ခန္ဓာထုထည်နှင့် အချိုးချလျှင် ကိုယ်ခန္ဓာကိုဖုံးအုပ်ထားတဲ့ အရေပြားရဲ့ ပမာဏဟာ လူကြီးတွေထက် ပိုများပါတယ်။ ဒါပေမဲ့ Dermis လို့ခေါ်တဲ့ အရေပြားလွှာကတော့ လူကြီးတွေထက် ပိုပါးလွှာပါတယ်။ ရေဓာတ်မြင့်မားတဲ့ အသားအရေကို ပိုင်ဆိုင်ကြပြီး အသားအရေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကလည်း မကျစ်လစ်သေးပါဘူး။ လူပျို၊ အပျိုမဖြစ်မီ အချိန်အထိ အဆီဂလမ်းတွေရဲ့ ဖွံ့ဖြိုးမှု၊ အသားအရေ အဆီပြန်နှုန်းကလည်း လျော့နည်းနေအုံးမှာပါ။
အထက်ပါအချက်တွေကြောင့် ကလေးငယ်လေးတွေရဲ့ အသားအရေဟာ အလွန်နူးညံ့ပြီး အသားအရေပေါ် ကပ်တင်လာတဲ့ အရာများကို စုပ်ယူနိုင်စွမ်း အလွန်မြင့်မားနေပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးလူကြီးများ အသုံးပြုတဲ့ ဆပ်ပြာ၊ မျက်နှာသစ်ဆေး၊ ချေးချွတ်သန့်စင်ဆေးရည် စတဲ့ အရာမှန်သမျှဟာ ကလေးငယ်တွေအတွက် မသင့်တော်ပါဘူး။ အဆိုပါအရာတွေမှာ ထည့်သွင်းအသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေဟာ လူကြီးတွေမှာ ပြဿနာတစ်စုံတစ်ရာ မရှိနိုင်ပေမဲ့ ကလေးငယ်တွေမှာတော့ စုပ်ယူနိုင်စွမ်း အလွန်ကောင်းတာကြောင့် အရေပြားလောင်ခြင်း၊ ပွန်းပဲ့ခြင်း၊ နီရဲသော အင်ပြင်ကွက်များ ဖြစ်ပေါ်ခြင်း၊ စပ်ဖျင်းသော ခံစားချက်များ ဖြစ်ပေါ်ခြင်း စတာတွေ ဖြစ်စေနိုင်ပြီး နူးညံ့တဲ့ အသားအရေလေးတွေ ပျက်စီးနိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အရေပြားပိုးဝင်ခြင်းတွေပါ ဖြစ်နိုင်ပါသေးတယ်။ ဆပ်ပြာတွေအပြင် လူကြီးများအသုံးပြုတဲ့ ရေမွှေးများ၊ lotion, cream စတဲ့ မည်သည့်ပစ္စည်းများမဆို ကလေးအသားအရေပေါ် အသုံးမပြုသင့်ပါဘူး။ ဒါ့အပြင် ကလေးငယ်တွေရဲ့ အသားအရေဟာ လူကြီးတွေထက် နေလောင်ခြင်းနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ပိုမိုဖြစ်တတ်တာကြောင့် နေပူထဲ အချိန်ကြာမြင့်စွာ သွားလာခြင်းကိုလည်း မပြုစေသင့်ပါဘူး။
ဒီလို နူးညံ့ပြီး ထိခိုက်လွယ်တဲ့ ကလေးငယ်လေးတွေရဲ့ အသားအရေပေါ် ကလေးငယ်များအတွက် အထူးထုတ်လုပ်ထားတဲ့ baby shower, baby soap နှင့် baby lotion ကလေးသုံးဆပ်ပြာများနှင့် ကိုယ်လိမ်းခရင်များကိုသာ အသုံးပြုသင့်ပါတယ်။ အမွှေးရနံ့လွန်ကဲတဲ့ ဆပ်ပြာရည်တွေကိုလည်း အသုံးမပြုသင့်ပါဘူး။ မိမိတို့ကလေးငယ်တွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှုများ ပြုလုပ်နိုင်ပါစေ။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကေလးႏွင့္ ဆပ္ျပာ
ကေလးငယ္ေလးေတြမွာ ကိုယ္ခႏၶာထုထည္ႏွင့္ အခ်ိဳးခ်လ်ွင္ ကိုယ္ခႏၶာကိုဖံုးအုပ္ထားတဲ့ အေရျပားရဲ႕ ပမာဏဟာ လူႀကီးေတြထက္ ပိုမ်ားပါတယ္။ ဒါေပမဲ့ Dermis လို႔ေခၚတဲ့ အေရျပားလႊာကေတာ့ လူႀကီးေတြထက္ ပိုပါးလႊာပါတယ္။ ေရဓာတ္ျမင့္မားတဲ့ အသားအေရကို ပိုင္ဆိုင္ၾကၿပီး အသားအေရရဲ႕ ဖြဲ႔စည္းတည္ေဆာက္ပံုကလည္း မက်စ္လစ္ေသးပါဘူး။ လူပ်ိဳ၊ အပ်ိဳမျဖစ္မီ အခ်ိန္အထိ အဆီဂလမ္းေတြရဲ႕ ဖြံ႔ၿဖိဳးမႈ၊ အသားအေရ အဆီျပန္ႏႈန္းကလည္း ေလ်ာ့နည္းေနအံုးမွာပါ။
အထက္ပါအခ်က္ေတြေၾကာင့္ ကေလးငယ္ေလးေတြရဲ႕ အသားအေရဟာ အလြန္ႏူးညံ့ၿပီး အသားအေရေပၚ ကပ္တင္လာတဲ့ အရာမ်ားကို စုပ္ယူႏိုင္စြမ္း အလြန္ျမင့္မားေနပါတယ္။ ဒါေၾကာင့္ အရြယ္ေရာက္ၿပီးလူျကီးမ်ား အသံုးျပဳတဲ့ ဆပ္ျပာ၊ မ်က္ႏွာသစ္ေဆး၊ ေခ်းခြၽတ္သန္႔စင္ေဆးရည္ စတဲ့ အရာမွန္သမ်ွဟာ ကေလးငယ္ေတြအတြက္ မသင့္ေတာ္ပါဘူး။ အဆိုပါအရာေတြမွာ ထည့္သြင္းအသံုးျပဳတဲ့ ပါဝင္ပစၥည္းေတြဟာ လူႀကီးေတြမွာ ျပႆနာတစ္စံုတစ္ရာ မရိွႏိုင္ေပမဲ့ ကေလးငယ္ေတြမွာေတာ့ စုပ္ယူႏိုင္စြမ္း အလြန္ေကာင္းတာေၾကာင့္ အေရျပားေလာင္ျခင္း၊ ပြန္းပဲ့ျခင္း၊ နီရဲေသာ အင္ျပင္ကြက္မ်ား ျဖစ္ေပၚျခင္း၊ စပ္ဖ်င္းေသာ ခံစားခ်က္မ်ား ျဖစ္ေပၚျခင္း စတာေတြ ျဖစ္ေစႏိုင္ၿပီး ႏူးညံ့တဲ့ အသားအေရေလးေတြ ပ်က္စီးႏိုင္ပါတယ္။ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ အေရျပားပိုးဝင္ျခင္းေတြပါ ျဖစ္ႏိုင္ပါေသးတယ္။ ဆပ္ျပာေတြအျပင္ လူႀကီးမ်ားအသံုးျပဳတဲ့ ေရေမႊးမ်ား၊ lotion, cream စတဲ့ မည္သည့္ပစၥည္းမ်ားမဆို ကေလးအသားအေရေပၚ အသံုးမျပဳသင့္ပါဘူး။ ဒါ့အျပင္ ကေလးငယ္ေတြရဲ႕ အသားအေရဟာ လူႀကီးေတြထက္ ေနေလာင္ျခင္းနဲ႔ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ပိုမိုျဖစ္တတ္တာေၾကာင့္ ေနပူထဲ အခ်ိန္ၾကာျမင့္စြာ သြားလာျခင္းကိုလည္း မျပဳေစသင့္ပါဘူး။
ဒီလို ႏူးညံ့ၿပီး ထိခိုက္လြယ္တဲ့ ကေလးငယ္ေလးေတြရဲ႕ အသားအေရေပၚ ကေလးငယ္မ်ားအတြက္ အထူးထုတ္လုပ္ထားတဲ့ baby shower, baby soap ႏွင့္ baby lotion ကေလးသံုးဆပ္ျပာမ်ားႏွင့္ ကိုယ္လိမ္းခရင္မ်ားကိုသာ အသံုးျပဳသင့္ပါတယ္။ အေမႊးရနံ႔လြန္ကဲတဲ့ ဆပ္ျပာရည္ေတြကိုလည္း အသံုးမျပဳသင့္ပါဘူး။ မိမိတို႔ကေလးငယ္ေတြအတြက္ မွန္ကန္တဲ့ ေရြးခ်ယ္မႈမ်ား ျပဳလုပ္ႏိုင္ပါေစ။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)