ကလေးကျန်းမာရေးနဲ့ သွားရည်တွဲကျခြင်းအကြောင်းသိကောင်းစရာ

ကလေးတစ်ယောက်ဟာ.. ပုံမှန်အားဖြင့် အသက်တစ်နှစ်ကျော်ထိ သွားရည်လေးတွေ ကျနေတာ၊ အမြုပ်လေးတွေ စီနေတတ်တာမျိုး ရှိပါတယ်…ဒီလို သွားရည်တွေ ထွက်နေရခြင်းဟာ.. မွေးဖွားပြီးကာစမှာ ကလေးရဲ့ မျိုချနိုင်စွမ်းနဲ့ ပါးစပ်ကြွက်သားတွေ သန်မာမှု မရှိသေးတာကြောင့် ဖြစ်ပါတယ်..ဒါကြောင့် ကလေးအိပ်နေချိန်မျိုးတွေ သွားရည်လေးတွေ စီးကျနေတာမျိုး တွေ့ရတတ်ပါတယ်..

ဒီလို သွားရည်ထွက်နေခြင်းဟာလည်း ကလေးရဲ့ သွားလေးတွေ ပေါက်ဖို့ရာအတွက် အထောက်အကူ ပြုလို့ပါပဲ…
ဒါပြင်.. saliva ရဲ့ တခြား ကောင်းကျိုးတွေလဲ ရှိပါသေးတယ်..

– အစားစားရာမှာ ချော့မွေအောင် ပြုလုပ်ပေးခြင်း

– သင့်ကလေးရဲ့ ခံတွင်းကို စိုစွတ်နေစေခြင်း

– အစာမျိုချရာတွင် လွယ်ကူစေခြင်း

– သွားပိုးစားတာကို ကာကွယ်ပေးခြင်းတွေ အပြင် အစာကို ချေဖျက်စေနိုင်တဲ့ အစွမ်းသတ္တိလဲ ရှိပါသေးတယ်..

– အသက်တစ်လမှ သုံးလလောက်ထိ ကလေးဟာ လဲှလျောင်းနေတာ များတတ်လို့ သွားရည်တွဲကျခြင်းဟာ သိပ်မသိသာပါဘူး..သို့သော် ကလေးဝမ်းလျားမှောက်ပေးချိန်၊ အမှီနဲ့ ထိုင်ချိန်မှာတော့ သတိထားမိနိုင်ပါတယ်…

– အသက်ခြောက်လလောက်မှ ကလေးဟာ သွားရည်တွဲကျလြင်းကို အနည်းငယ်ထိန်းနိုင်လာပါပြီ..သို့သော် သွားစပေါက်ချင်နေချိန်မှာ အရုပ် အရာဝတ္ထုစသည်တို့ကို ကိုက်တာမျိုးတို့မှာဆိုရင်တော့ သွားရည်လေးတွေ ထွက်နေတတ်ပါသေးတယ်.

– အသက် ကိုးလောက်မှာ.. ကလေးဟာ ကိုယ်တိုင်မှောက်နိုင်ပြီး.. တွားသွားတတ်ပြီ… ဒီလို မှောက်လျက်သွားသော်ငြား သွားရည်တွဲကျခြင်းကိုတော့ ထိန်းနိုင်လာပါပြီ..

-အသက် ၁၅ လလောက်မှာ.. ကလေးဟာ လမ်းလျှောက်နိုင်ပြီ. ပြေးနိုင်ပြီဖြစ်ပြီး ဒီလို ချိန်မျိုးမှာ သွားရည်တွဲကျခြင်းဟာ ရှားသွားပါပြီ..သို့သော် fine motor activitiesလို့ခေါ်တဲ့ ကလေးနဲ့ ပတ်သတ်တဲ့ ဆော့ကစားနည်းလေးတွေမှာ အာရုံစိုက်နေတာမျိုးလုပ်ရတဲ့အခါမှာမျိုးမှာတော့ တခါတရံ တွဲကျတတ်ပါသေးတယ်.. ဒါပြင် သွားပေါက်ဖို့ရာ အတွက်လဲ သွားရည်လေးတွေဟာ ပိုတော့ ထွက်နေဆဲပါ…

– အသက် ၁၈ လလောက်မှာ.. ကလေးဟာ စားစရာ တစ်ခုကြောင့်. သို့မဟုတ် သူကြိုက်နှစ်သက်တဲ့အရာတစ်ခုကြောင့်သာ သွားရည်တွဲကျတာမျိုး ရှိတတ်ပါတော့တယ်..

အသက်၂ နှစ်လောက်မှာတော့ ဒီလို သွားရည်တွဲကျခြင်းဟာ အနည်းငယ်မျှ (သို့) လုံးဝ မရှိတော့ပါဘူး…

ဒါကြောင့် ကလေးငယ်လေးတွေ(toddlers)အတွက် သွားရည် တွဲကျခြင်း(saliva drooling)ဟာ ပုံမှန် ဖြစ်သလို ကြီးထွားမှုနဲ့လည်း သက်ဆိုင်ပြီး သွားပေါက်ဖို့ရာအတွက် အထောက်အကူပြုနိုင်ပါသေးတယ်..ဒါပြင် ကလေးအား အစားကျွေးဖို့ရာ ၊ အစာချေဖျက်ဖို့ရာ တွေမှာလဲ လွယ်ကူစေပါတယ်..

ပြောခဲ့သလို ကလေးအသက်အရွယ်အပိုင်းအခြားနဲ့လိုက်ပြီး သွားရည်တွဲကျခြင်းကို ထိန်းနိုင်စွမ်းရှိတာမို့.. မိဘတွေအတွေနဲ့ ကလေးရဲ့ နေထိုင်မှု ပုံစံကို ကြည့်ခြင်းအားဖြင့်.. ပုံမှန်လား… သာမန်ထပ် ပိုပြီး သွားရည်တွဲကျနေလားဆိုတာ သိနိုင်ပါတယ်..

ကလေးရဲ့ သွားရည်ထွက်တာ၊တွဲကျတာကို ဖြစ်စေနိုင်တဲ့အချက်တွေမှာ

– teething လို့အခေါ်တဲ့ ငယ်သွားစပေါက်ဖို အားယူနေချိန်

– Food အစားအသောက်ကို စိတ်ဝင်စားချိန်

– နှာပိတ်နေ၍ ပါးစပ်ဖြင့် အသက်ရှုနေတဲ့အချိန်

– အရုပ် (သို့) အရာဝတ္ထု တစ်ခုကို စိတ်ဝင်စားခြင်း

– အာရုံကြောဆိုင်ရာ ပြသနာ ရှိခြင်း

– ဆေးတမျိုးမျိုးနဲ့ ဓာတ်မတည့်ခြင်း..ဒါတွေကြောင့် အဓိက ဖြစ်ပါတယ်…

ဒါပြင် ကလေးရဲ့ သွားရည်တွဲကျတာကြောင့် ပါးစပ်အောက်နှုတ်ခမ်း၊လည်ပင်းနဲ့ ရင်ဘတ်တွေမှာ ယားယံတာမျိုးရှိပါက ဆရာဝန်ကို ပြသပြီး သင့်လျော်သော ဆေး လိမ်းတာမျိုး ပြုလုပ်နိုင်ပါတယ်….

ကလေးရဲ့ အသက်ဟာ လေးနှစ်ကျော်သွားထိ သွားရည်တွဲကျနေတာမျိုး ရှိနေမယ်… ဒါမှမဟုတ် ပြောခဲ့တဲ့ အချက်တွေနဲ့ မကိုက်ညီပဲ သွားရည်ပိုထွက်နေတယ်လို့ ခံစားရပါက ကလေးအထူးကု (သို့) နီးစပ်ရာ ဆေးရုံ ဆေးခန်းမှာ သွားရောက်ပြသပြီး ကုသမှုခံယူနိုင်ပါတယ်…

ကျန်းမာပျော်ရွှင်ပြီး သန်မြန် ဖျတ်လတ်သော သားသားမီးမီးများ ဖြစ်ကြပါစေလို့ တောင်းဆုမေတ္တာပြုလျက်….

ပိုင်နီမောင်






– သွားပိုးစားတာကို ကာကွယ်ေ​ပးခြင်း​တွေ အပြင်​ အစာကို ​ချေဖျက်​​စေနိုင်​တဲ့ အစွမ်းသတ္တိလဲ ရှိပါ​သေးတယ်​..

– အသက်​တစ်​လမှ သုံးလ​လောက်​ထိ က​လေးဟာ လှဲ​လျောင်း​နေတာ များတတ်​လို့ သွားရည်​တွဲကျခြင်းဟာ သိပ်​မသိသာပါဘူး..သို့​သော်​ က​လေး​ဝမ်းလျား​မှောက်​​​ပေးချိန်​၊ အမှီနဲ့ ထိုင်​ချိန်​မှာ​တော့ သတိထားမိနိုင်​ပါတယ်​…


















ပိုင်​နီ​မောင်

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…