ကလေးငယ်နှင့်ပေါင်ဒါ

ကလေးငယ်လေးတွေ ဆို ချီလိုက်ရင်မွှေးနေရင် ၊ ပေါင်ဒါနံ့သင်းသင်း လေးတွေရနေရင် ပို ချီချင်ကြ၊ လူပိုချစ်ကြပါတယ်။

ကလေးပေါင်ဒါလေးတွေက ဘာတွေအသုံးဝင်ပါသလဲ?

ကလေးပေါင်ဒါလေးတွေဟာ အစိုဓာတ်ကို ထိန်းပေးတယ်။ အသားခြင်းပွတ်တိုက်မှုကိုကာကွယ်ပေးတာကြောင့် အရေပြားရဲတာ၊ ယားတာတွေ လျှော့နည်းစေပါတယ်တဲ့။ တစ်ချို့ကလည်း ကလေး ကို သေးခံဝတ်ပေးထားတဲ့အချိန် အနံ့မထွက်အောင်၊ အရေပြား မနီအောင်ကလေးပေါင်ဒါ သုံးပေးတတ်ကြပါတယ်။ အသုံးဝင်တာတွေလည်းရှိပေမယ့် ကလေးပေါင်ဒါဟာ မဖြစ်မနေသုံးရမယ့်အထဲတော့မပါ ပါဘူး။

တစ်ချို့ဆို လည်ပင်းကြား၊ ဂျိုင်းကြား၊ ပေါင်ကြားတွေမှာ အခဲလိုက်ဖြစ်အောင် ပုံပြီး သုံးထားတော့ အရေပြား နုနုလေးတွေမှာပိုးဝင်သလို ယောင်လာတာ၊ အရေပြား နီရဲတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ သုံးမယ်ဆိုရင်လည်း အလွန်အကျွံမဖြစ်အောင် အမေရဲ့လက်ပေါ်မှာ အရင်ဖြုးပြီးမှ ကလေးပေါ်ကို သုံးပေးပါ။တကယ်တော့ အနံ့လေးကောင်းတဲ့ ကလေးပေါင်ဒါ လေးတွေလိမ်းလိုက်တဲ့အချိန်မှာ ပေါင်ဒါမှုန့်လေးတွေဟာ ကလေးရဲ့အသက်ရှုလမ်းကြောင်းကတစ်ဆင့် ကလေးရဲ့
နုနယ်တဲ့အဆုတ်ထဲရောက်သွားနိုင်ပါတယ်။

ဒီတော့ လမစေ့ဘဲမွေးတဲ့ကလေးတွေ၊ ရင်ကျပ်ဖြစ်ဖူးတဲ့ကလေးတွေ၊မွေးရာပါနှလုံးရောဂါရှိတဲ့ကလေးတွေဆိုရင် အဆုတ်နဲ့ ပတ်သက်တဲ့ပြသနာတွေ ကြုံတွေ့ရနိုင်ပါတယ်တဲ့။ဒီလိုကလေးမျိုးဆိုရင်တော့ ပေါင်ဒါ အမျိုးအစားမသုံးဘဲ လိုးရှင်းခရမ် သုံးတာက ပိုအဆင်ပြေစေမှာပါ။ကလေးပေါင်ဒါဝယ်မယ်ဆိုရင် ပေါင်ဒါဘူးပေါ်မှာပါတဲ့အညွှန်းကိုသေချာဖတ်ပါ။ပေါင်ဒါဘူးပေါ်မှာ ဓာတုပစ္စည်း၊ ဆိုးဆေး မပါတဲ့အမျိုးအစားကိုရွေးဝယ်ပါ။

မယ်တင်( ဆေး ၁)

ကေလးငယ္ႏွင့္ေပါင္ဒါ

ကေလးငယ္ေလးေတြ ဆို ခ်ီလိုက္ရင္ေမႊးေနရင္ ၊ ေပါင္ဒါနံ႔သင္းသင္း ေလးေတြရေနရင္ ပို ခ်ီခ်င္ၾက၊ လူပိုခ်စ္ၾကပါတယ္။

ကေလးေပါင္ဒါေလးေတြက ဘာေတြအသံုးဝင္ပါသလဲ?

ကေလးေပါင္ဒါေလးေတြဟာ အစိုဓာတ္ကို ထိန္းေပးတယ္။ အသားျခင္းပြတ္တိုက္မႈကိုကာကြယ္ေပးတာေၾကာင့္ အေရျပားရဲတာ၊ ယားတာေတြ ေလၽွာ့နည္းေစပါတယ္တဲ့။ တစ္ခ်ိဳ႕ကလည္း ကေလး ကို ေသးခံဝတ္ေပးထားတဲ့အခ်ိန္ အနံ႔မထြက္ေအာင္၊ အေရျပား မနီေအာင္ကေလးေပါင္ဒါ သံုးေပးတတ္ၾကပါတယ္။ အသံုးဝင္တာေတြလည္းရွိေပမယ့္ ကေလးေပါင္ဒါဟာ မျဖစ္မေနသံုးရမယ့္အထဲေတာ့မပါ ပါဘူး။

တစ္ခ်ိဳ႕ဆို လည္ပင္းၾကား၊ ဂ်ိဳင္းၾကား၊ ေပါင္ၾကားေတြမွာ အခဲလိုက္ျဖစ္ေအာင္ ပံုၿပီး သံုးထားေတာ့ အေရျပား ႏုႏုေလးေတြမွာပိုးဝင္သလို ေယာင္လာတာ၊ အေရျပား နီရဲတာေတြေတာင္ျဖစ္တတ္ပါေသးတယ္။ သံုးမယ္ဆိုရင္လည္း အလြန္အကၽြံမျဖစ္ေအာင္ အေမရဲ႕လက္ေပၚမွာ အရင္ျဖဳးၿပီးမွ ကေလးေပၚကို သံုးေပးပါ။တကယ္ေတာ့ အနံ႔ေလးေကာင္းတဲ့ ကေလးေပါင္ဒါ ေလးေတြလိမ္းလိုက္တဲ့အခ်ိန္မွာ ေပါင္ဒါမႈန္႔ေလးေတြဟာ ကေလးရဲ႕အသက္ရႈလမ္းေၾကာင္းကတစ္ဆင့္ ကေလးရဲ႕
ႏုနယ္တဲ့အဆုတ္ထဲေရာက္သြားႏိုင္ပါတယ္။

ဒီေတာ့ လမေစ့ဘဲေမြးတဲ့ကေလးေတြ၊ ရင္က်ပ္ျဖစ္ဖူးတဲ့ကေလးေတြ၊ေမြးရာပါႏွလံုးေရာဂါရွိတဲ့ကေလးေတြဆိုရင္ အဆုတ္နဲ႔ ပတ္သက္တဲ့ျပသနာေတြ ၾကံဳေတြ႕ရႏိုင္ပါတယ္တဲ့။ဒီလိုကေလးမ်ိဳးဆိုရင္ေတာ့ ေပါင္ဒါ အမ်ိဳးအစားမသံုးဘဲ လိုးရွင္းခရမ္ သံုးတာက ပိုအဆင္ေျပေစမွာပါ။ကေလးေပါင္ဒါဝယ္မယ္ဆိုရင္ ေပါင္ဒါဘူးေပၚမွာပါတဲ့အညႊန္းကိုေသခ်ာဖတ္ပါ။ေပါင္ဒါဘူးေပၚမွာ ဓာတုပစၥည္း၊ ဆိုးေဆး မပါတဲ့အမ်ိဳးအစားကိုေရြးဝယ္ပါ။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *