ကလေးငယ်များတွင် ဆံပင်ကျွတ်ခြင်း

သင့်ရင်သွေးလေး ဆံပင်တွေ ကျွတ်တယ်ဆိုပြီး စိုးရိမ်နေပါသလား ။ မပူပါနဲ့ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ ။ အသက် ခြောက်လ အတောအတွင်း ကလေးငယ်များမှာ ဆံပင်ကျွတ်ခြင်းဟာ ဖြစ်ပွားလေ့ရှိပါတယ် ။

အကြောင်းရင်းကတော့ ဒီလိုပါ ။ ဆံပင်ပေါက်ခြင်းမှာ ဆံပင်သန်စွမ်းရှည်လျားခြင်းနဲ့ငြိမ်နေခြင်းဆိုတဲ့ အချိန်နှစ်ခုရှိပါတယ် ။ သန်စွမ်းရှည်လျားခြင်းဟာ သုံးလအထိ ကြာသလို ငြိမ်သက်နေတဲ့ကာလဟာလဲ သုံးလခန့်ကြာပါတယ် ။ ငြိမ်သက်နေတဲ့ကာလများမှာ ဆံပင်ဟာ ဆံပင်အရင်းတွင်းရှိ အဆီအိတ်လေးတွေမှာ သန်စွမ်းရှည်လျားချိန်မရောက်မီ ငြိမ်သက်နေတာပါ ။

လူရဲ့ဆံပင်စုစုပေါင်းရဲ့ ၅ % ကနေ ၁၅% လောက်ထိဟာ ငြိမ်သက်ခြင်း ကာလမှာ ရှိနေတာပါ ။ ဒါပေမယ့် စိတ်ဖိစီးမှုတွေ ၊ ဒါမှမဟုတ် ဟော်မုန်းအပြောင်းအလဲတွေက ဆံပင်တွေပေါက်ဖွားသန်စွမ်းရှည်လျားမှုကို တားဆီးစေနိုင်ပါတယ် ။ ဆံပင်ကျွတ်ခြင်းဟာ နောက်သုံးလအကြာမှ သန်စွမ်းရှည်လျားခြင်းကာလမှာ ဖြစ်တာပါ ။

မွေးကင်းစ ကလေးငယ်တွေမှာ ဟော်မုန်းပမာဏက ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် မွေးရာပါ ဆံပင်လေးတွေဟာ ကျွတ်ကုန်ရခြင်းဖြစ်ပါတယ် ။ ( ဒါကြောင့်လဲ တချို့အမေတွေမှာလဲ ကလေးမီးဖွားပြီး ဆံပင်အဆုပ်လိုက်ကျွတ်ခြင်းမျိုးဖြစ်ပွားရခြင်းဖြစ်ပါတယ် )

တချို့မိဘတွေဆို သူတို့ရင်သွေးလေးဟာ မွေးတုန်းက ဆံပင်အရောင် ဆံသားတွေဟာ အရွယ်ရောက်လာချိန် ကျွတ်ကုန်ပြီး ပုံစံမတူတဲ့ အရောင် ဆံသားတွေထွက်လာတာတွေကိုပါ တွေ့ရှိရပါတယ် ။ တချို့ကလေးတွေမှာ မွေးကင်းစအရွယ် မိဘတွေနဲ့မတူဘဲ မဲမှောင်နေပြီး မွေးပြီးသိပ်မကြာခင်မှာမှ မိဘတွေနဲ့ တူတဲ့ ဆံသားအသစ်ထွက်လာတာမျိုးတွေ တွေ့ရပါတယ် ။

အောက်ပါအချက်တွေကတော့ ကလေးငယ်တွေမှာ ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းတွေပါပဲ

* အနီသို့မဟုတ် အမဲရောင် အကွက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့ရခြင်း

* ဒဏ်ရာရခြင်း – အထူးသဖြင့် အလွန်တင်းတဲ့ ကြက်တောင်စီးမျိုး စီးပေးခြင်း

* ကလေးငယ်မှ မိမိဆံပင်ကို အတင်းဆွဲခြင်း ၊ နှုတ်ခြင်း

* အကယ်၍သင့်ကလေးမှာ ချောပြောင်ပြီး လုံးဝထိပ်ပြောင်နေတဲ့ အနေအထားမျိုးတွေ့ရှိရပါက သင့်ကလေးရဲ့ခုခံအားက ဆံပင်အမြစ်တွေကို တိုက်ခိုက်နေလို့ပဲဖြစ်ပါတယ် ။ ဒီလိုမျိုးအခြေအနေကို အကွက်လိုက် ဒါမှမဟုတ် တစ်ခေါင်းလုံးမှာ တွေ့ရှိနိုင်ပါတယ် ။

* တချို့သော ရောဂါအခြေအနေတွေဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်း ရောဂါအခြေအနေတွေမျိုးမှာလဲ တစ်ခေါင်းလုံး ဆံပင်ကျွတ်ခြင်းမျိုးဖြစ်ပွားနိုင်ပါတယ် ။

ကျွန်တော် ကျွန်မတို့ ကလေး ဆံပင်ကျွတ်ရင် ဘာလုပ်ပေးလို့ရမလဲ ?

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ရတဲ့ ဆံပင်ကျွတ်ခြင်း အခြေအနေတွေမှာ မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ စောင့်ကြည့်ပေးနိုင်ပါတယ် ။

အကယ်၍ ဆံပင်ကျွတ်ခြင်းဟာ အိပ်စက်ချိန် အနေအထားတစ်ခုထဲမှာ အချိန်ကြာကြာရှိနေတာမျိုးကြောင့် ဖြစ်ပွားနေသည်ဟု ယူဆရလျှင် ကလေး တရေးတမော အိပ်စက်ချိန် ၊ ညအိပ်ချိန်တွေမှာ ပုံစံပြောင်း သိပ်ပေးပါ ။

ကလေးအရွယ်ခြောက်လကျော်သည်အထိ ဆံပင်ကျွတ်ခြင်း ဆက်လက်ဖြစ်ပွားနေပါက ဆရာဝန်နှင့် ပြသပါ ။ သို့မှသာ ဆရာဝန်မှ စမ်းသပ်ကြည့်ရှုပြီး ပုံမှန်ဟုတ်မဟုတ် ရောဂါအခြေအနေတစ်ခုရှိမရှိ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ် ။ ဥပမာ သံရှိနေခြင်းကြောင့် သွေးအားနည်းပြီး ဆံပင်ကျွတ်ခြင်း အခြေအနေမျိုးတွေ့ရှိပါက သံချဖို့ ညွှန်ကြားပေးနိုင်ပါတယ် ။

အကယ်၍ ရှားပါး ဦးရေပြားရောဂါလက္ခဏာမျိုးတွေ့ရှိပါက အရေပြားအထူးကုဆရာဝန်ထံ လိုအပ်သော ကုထုံးများ ဆက်လက်လုပ်ဆောင်နိုင်ရန် လွှဲပြောင်းပေးမှာဖြစ်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

ကေလးငယ္မ်ားတြင္ ဆံပင္ကြၽတ္ျခင္း

သင့္ရင္ေသြးေလး ဆံပင္ေတြ ကြၽတ္တယ္ဆိုၿပီး စိုးရိမ္ေနပါသလား ။ မပူပါနဲ႔ ဒါဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာတစ္ခုပါ ။ အသက္ ေျခာက္လ အေတာအတြင္း ကေလးငယ္မ်ားမွာ ဆံပင္ကြၽတ္ျခင္းဟာ ျဖစ္ပြားေလ့ရွိပါတယ္ ။

အေၾကာင္းရင္းကေတာ့ ဒီလိုပါ ။ ဆံပင္ေပါက္ျခင္းမွာ ဆံပင္သန္စြမ္းရွည္လ်ားျခင္းနဲ႔ၿငိမ္ေနျခင္းဆိုတဲ့ အခ်ိန္ႏွစ္ခုရွိပါတယ္ ။ သန္စြမ္းရွည္လ်ားျခင္းဟာ သုံးလအထိ ၾကာသလို ၿငိမ္သက္ေနတဲ့ကာလဟာလဲ သုံးလခန႔္ၾကာပါတယ္ ။ ၿငိမ္သက္ေနတဲ့ကာလမ်ားမွာ ဆံပင္ဟာ ဆံပင္အရင္းတြင္းရွိ အဆီအိတ္ေလးေတြမွာ သန္စြမ္းရွည္လ်ားခ်ိန္မေရာက္မီ ၿငိမ္သက္ေနတာပါ ။

လူရဲ႕ဆံပင္စုစုေပါင္းရဲ႕ ၅ % ကေန ၁၅% ေလာက္ထိဟာ ၿငိမ္သက္ျခင္း ကာလမွာ ရွိေနတာပါ ။ ဒါေပမယ့္ စိတ္ဖိစီးမႈေတြ ၊ ဒါမွမဟုတ္ ေဟာ္မုန္းအေျပာင္းအလဲေတြက ဆံပင္ေတြေပါက္ဖြားသန္စြမ္းရွည္လ်ားမႈကို တားဆီးေစႏိုင္ပါတယ္ ။ ဆံပင္ကြၽတ္ျခင္းဟာ ေနာက္သုံးလအၾကာမွ သန္စြမ္းရွည္လ်ားျခင္းကာလမွာ ျဖစ္တာပါ ။

ေမြးကင္းစ ကေလးငယ္ေတြမွာ ေဟာ္မုန္းပမာဏက ႐ုတ္တရက္ ေျပာင္းလဲသြားတဲ့အတြက္ ေမြးရာပါ ဆံပင္ေလးေတြဟာ ကြၽတ္ကုန္ရျခင္းျဖစ္ပါတယ္ ။ ( ဒါေၾကာင့္လဲ တခ်ိဳ႕အေမေတြမွာလဲ ကေလးမီးဖြားၿပီး ဆံပင္အဆုပ္လိုက္ကြၽတ္ျခင္းမ်ိဳးျဖစ္ပြားရျခင္းျဖစ္ပါတယ္ )

တခ်ိဳ႕မိဘေတြဆို သူတို႔ရင္ေသြးေလးဟာ ေမြးတုန္းက ဆံပင္အေရာင္ ဆံသားေတြဟာ အ႐ြယ္ေရာက္လာခ်ိန္ ကြၽတ္ကုန္ၿပီး ပုံစံမတူတဲ့ အေရာင္ ဆံသားေတြထြက္လာတာေတြကိုပါ ေတြ႕ရွိရပါတယ္ ။ တခ်ိဳ႕ကေလးေတြမွာ ေမြးကင္းစအ႐ြယ္ မိဘေတြနဲ႔မတူဘဲ မဲေမွာင္ေနၿပီး ေမြးၿပီးသိပ္မၾကာခင္မွာမွ မိဘေတြနဲ႔ တူတဲ့ ဆံသားအသစ္ထြက္လာတာမ်ိဳးေတြ ေတြ႕ရပါတယ္ ။

ေအာက္ပါအခ်က္ေတြကေတာ့ ကေလးငယ္ေတြမွာ ဆံပင္ကြၽတ္ေစတဲ့ အေၾကာင္းအရင္းေတြပါပဲ

* အနီသို႔မဟုတ္ အမဲေရာင္ အကြက္ေတြ ဟိုတစ္ကြက္ ဒီတစ္ကြက္ေတြ႕ရျခင္း

* ဒဏ္ရာရျခင္း – အထူးသျဖင့္ အလြန္တင္းတဲ့ ၾကက္ေတာင္စီးမ်ိဳး စီးေပးျခင္း

* ကေလးငယ္မွ မိမိဆံပင္ကို အတင္းဆြဲျခင္း ၊ ႏႈတ္ျခင္း

* အကယ္၍သင့္ကေလးမွာ ေခ်ာေျပာင္ၿပီး လုံးဝထိပ္ေျပာင္ေနတဲ့ အေနအထားမ်ိဳးေတြ႕ရွိရပါက သင့္ကေလးရဲ႕ခုခံအားက ဆံပင္အျမစ္ေတြကို တိုက္ခိုက္ေနလို႔ပဲျဖစ္ပါတယ္ ။ ဒီလိုမ်ိဳးအေျခအေနကို အကြက္လိုက္ ဒါမွမဟုတ္ တစ္ေခါင္းလုံးမွာ ေတြ႕ရွိႏိုင္ပါတယ္ ။

* တခ်ိဳ႕ေသာ ေရာဂါအေျခအေနေတြျဖစ္တဲ့ သိုင္း႐ြိဳက္ေဟာ္မုန္း ေရာဂါအေျခအေနေတြမ်ိဳးမွာလဲ တစ္ေခါင္းလုံး ဆံပင္ကြၽတ္ျခင္းမ်ိဳးျဖစ္ပြားႏိုင္ပါတယ္ ။

ကြၽန္ေတာ္ ကြၽန္မတို႔ ကေလး ဆံပင္ကြၽတ္ရင္ ဘာလုပ္ေပးလို႔ရမလဲ ?

ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္ရတဲ့ ဆံပင္ကြၽတ္ျခင္း အေျခအေနေတြမွာ မိဘေတြအေနနဲ႔ စိုးရိမ္မေနဘဲ ေစာင့္ၾကည့္ေပးႏိုင္ပါတယ္ ။

အကယ္၍ ဆံပင္ကြၽတ္ျခင္းဟာ အိပ္စက္ခ်ိန္ အေနအထားတစ္ခုထဲမွာ အခ်ိန္ၾကာၾကာရွိေနတာမ်ိဳးေၾကာင့္ ျဖစ္ပြားေနသည္ဟု ယူဆရလွ်င္ ကေလး တေရးတေမာ အိပ္စက္ခ်ိန္ ၊ ညအိပ္ခ်ိန္ေတြမွာ ပုံစံေျပာင္း သိပ္ေပးပါ ။

ကေလးအ႐ြယ္ေျခာက္လေက်ာ္သည္အထိ ဆံပင္ကြၽတ္ျခင္း ဆက္လက္ျဖစ္ပြားေနပါက ဆရာဝန္ႏွင့္ ျပသပါ ။ သို႔မွသာ ဆရာဝန္မွ စမ္းသပ္ၾကည့္ရႈၿပီး ပုံမွန္ဟုတ္မဟုတ္ ေရာဂါအေျခအေနတစ္ခုရွိမရွိ ဆုံးျဖတ္ေပးႏိုင္မွာျဖစ္ပါတယ္ ။ ဥပမာ သံရွိေနျခင္းေၾကာင့္ ေသြးအားနည္းၿပီး ဆံပင္ကြၽတ္ျခင္း အေျခအေနမ်ိဳးေတြ႕ရွိပါက သံခ်ဖို႔ ၫႊန္ၾကားေပးႏိုင္ပါတယ္ ။

အကယ္၍ ရွားပါး ဦးေရျပားေရာဂါလကၡဏာမ်ိဳးေတြ႕ရွိပါက အေရျပားအထူးကုဆရာဝန္ထံ လိုအပ္ေသာ ကုထုံးမ်ား ဆက္လက္လုပ္ေဆာင္ႏိုင္ရန္ လႊဲေျပာင္းေပးမွာျဖစ္ပါတယ္ ။

အားလုံးက်န္းမာၾကပါေစ

ေဒါက္ပီ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…