ကလေးငယ်များတွင် ဆံပင်ကျွတ်ခြင်း
သင့်ရင်သွေးလေး ဆံပင်တွေ ကျွတ်တယ်ဆိုပြီး စိုးရိမ်နေပါသလား ။ မပူပါနဲ့ ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ ။ အသက် ခြောက်လ အတောအတွင်း ကလေးငယ်များမှာ ဆံပင်ကျွတ်ခြင်းဟာ ဖြစ်ပွားလေ့ရှိပါတယ် ။
အကြောင်းရင်းကတော့ ဒီလိုပါ ။ ဆံပင်ပေါက်ခြင်းမှာ ဆံပင်သန်စွမ်းရှည်လျားခြင်းနဲ့ငြိမ်နေခြင်းဆိုတဲ့ အချိန်နှစ်ခုရှိပါတယ် ။ သန်စွမ်းရှည်လျားခြင်းဟာ သုံးလအထိ ကြာသလို ငြိမ်သက်နေတဲ့ကာလဟာလဲ သုံးလခန့်ကြာပါတယ် ။ ငြိမ်သက်နေတဲ့ကာလများမှာ ဆံပင်ဟာ ဆံပင်အရင်းတွင်းရှိ အဆီအိတ်လေးတွေမှာ သန်စွမ်းရှည်လျားချိန်မရောက်မီ ငြိမ်သက်နေတာပါ ။
လူရဲ့ဆံပင်စုစုပေါင်းရဲ့ ၅ % ကနေ ၁၅% လောက်ထိဟာ ငြိမ်သက်ခြင်း ကာလမှာ ရှိနေတာပါ ။ ဒါပေမယ့် စိတ်ဖိစီးမှုတွေ ၊ ဒါမှမဟုတ် ဟော်မုန်းအပြောင်းအလဲတွေက ဆံပင်တွေပေါက်ဖွားသန်စွမ်းရှည်လျားမှုကို တားဆီးစေနိုင်ပါတယ် ။ ဆံပင်ကျွတ်ခြင်းဟာ နောက်သုံးလအကြာမှ သန်စွမ်းရှည်လျားခြင်းကာလမှာ ဖြစ်တာပါ ။
မွေးကင်းစ ကလေးငယ်တွေမှာ ဟော်မုန်းပမာဏက ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် မွေးရာပါ ဆံပင်လေးတွေဟာ ကျွတ်ကုန်ရခြင်းဖြစ်ပါတယ် ။ ( ဒါကြောင့်လဲ တချို့အမေတွေမှာလဲ ကလေးမီးဖွားပြီး ဆံပင်အဆုပ်လိုက်ကျွတ်ခြင်းမျိုးဖြစ်ပွားရခြင်းဖြစ်ပါတယ် )
တချို့မိဘတွေဆို သူတို့ရင်သွေးလေးဟာ မွေးတုန်းက ဆံပင်အရောင် ဆံသားတွေဟာ အရွယ်ရောက်လာချိန် ကျွတ်ကုန်ပြီး ပုံစံမတူတဲ့ အရောင် ဆံသားတွေထွက်လာတာတွေကိုပါ တွေ့ရှိရပါတယ် ။ တချို့ကလေးတွေမှာ မွေးကင်းစအရွယ် မိဘတွေနဲ့မတူဘဲ မဲမှောင်နေပြီး မွေးပြီးသိပ်မကြာခင်မှာမှ မိဘတွေနဲ့ တူတဲ့ ဆံသားအသစ်ထွက်လာတာမျိုးတွေ တွေ့ရပါတယ် ။
အောက်ပါအချက်တွေကတော့ ကလေးငယ်တွေမှာ ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းတွေပါပဲ
* အနီသို့မဟုတ် အမဲရောင် အကွက်တွေ ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့ရခြင်း
* ဒဏ်ရာရခြင်း – အထူးသဖြင့် အလွန်တင်းတဲ့ ကြက်တောင်စီးမျိုး စီးပေးခြင်း
* ကလေးငယ်မှ မိမိဆံပင်ကို အတင်းဆွဲခြင်း ၊ နှုတ်ခြင်း
* အကယ်၍သင့်ကလေးမှာ ချောပြောင်ပြီး လုံးဝထိပ်ပြောင်နေတဲ့ အနေအထားမျိုးတွေ့ရှိရပါက သင့်ကလေးရဲ့ခုခံအားက ဆံပင်အမြစ်တွေကို တိုက်ခိုက်နေလို့ပဲဖြစ်ပါတယ် ။ ဒီလိုမျိုးအခြေအနေကို အကွက်လိုက် ဒါမှမဟုတ် တစ်ခေါင်းလုံးမှာ တွေ့ရှိနိုင်ပါတယ် ။
* တချို့သော ရောဂါအခြေအနေတွေဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်း ရောဂါအခြေအနေတွေမျိုးမှာလဲ တစ်ခေါင်းလုံး ဆံပင်ကျွတ်ခြင်းမျိုးဖြစ်ပွားနိုင်ပါတယ် ။
ကျွန်တော် ကျွန်မတို့ ကလေး ဆံပင်ကျွတ်ရင် ဘာလုပ်ပေးလို့ရမလဲ ?
ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်ရတဲ့ ဆံပင်ကျွတ်ခြင်း အခြေအနေတွေမှာ မိဘတွေအနေနဲ့ စိုးရိမ်မနေဘဲ စောင့်ကြည့်ပေးနိုင်ပါတယ် ။
အကယ်၍ ဆံပင်ကျွတ်ခြင်းဟာ အိပ်စက်ချိန် အနေအထားတစ်ခုထဲမှာ အချိန်ကြာကြာရှိနေတာမျိုးကြောင့် ဖြစ်ပွားနေသည်ဟု ယူဆရလျှင် ကလေး တရေးတမော အိပ်စက်ချိန် ၊ ညအိပ်ချိန်တွေမှာ ပုံစံပြောင်း သိပ်ပေးပါ ။
ကလေးအရွယ်ခြောက်လကျော်သည်အထိ ဆံပင်ကျွတ်ခြင်း ဆက်လက်ဖြစ်ပွားနေပါက ဆရာဝန်နှင့် ပြသပါ ။ သို့မှသာ ဆရာဝန်မှ စမ်းသပ်ကြည့်ရှုပြီး ပုံမှန်ဟုတ်မဟုတ် ရောဂါအခြေအနေတစ်ခုရှိမရှိ ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ် ။ ဥပမာ သံရှိနေခြင်းကြောင့် သွေးအားနည်းပြီး ဆံပင်ကျွတ်ခြင်း အခြေအနေမျိုးတွေ့ရှိပါက သံချဖို့ ညွှန်ကြားပေးနိုင်ပါတယ် ။
အကယ်၍ ရှားပါး ဦးရေပြားရောဂါလက္ခဏာမျိုးတွေ့ရှိပါက အရေပြားအထူးကုဆရာဝန်ထံ လိုအပ်သော ကုထုံးများ ဆက်လက်လုပ်ဆောင်နိုင်ရန် လွှဲပြောင်းပေးမှာဖြစ်ပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ကေလးငယ္မ်ားတြင္ ဆံပင္ကြၽတ္ျခင္း
သင့္ရင္ေသြးေလး ဆံပင္ေတြ ကြၽတ္တယ္ဆိုၿပီး စိုးရိမ္ေနပါသလား ။ မပူပါနဲ႔ ဒါဟာ ျဖစ္ေလ့ျဖစ္ထရွိတ့ဲ အရာတစ္ခုပါ ။ အသက္ ေျခာက္လ အေတာအတြင္း ကေလးငယ္မ်ားမွာ ဆံပင္ကြ်တ္ျခင္းဟာ ျဖစ္ပြားေလ့ရွိပါတယ္ ။
အေၾကာင္းရင္းကေတာ့ ဒီလိုပါ ။ ဆံပင္ေပါက္ျခင္းမွာ ဆံပင္သန္စြမ္းရွည္လ်ားျခင္းနဲ႔ၿငိမ္ေနျခင္းဆိုတ့ဲ အခ်ိန္ႏွစ္ခုရွိပါတယ္ ။ သန္စြမ္းရွည္လ်ားျခင္းဟာ သုံးလအထိ ၾကာသလို ၿငိမ္သက္ေနတ့ဲကာလဟာလဲ သုံးလခန္႔ၾကာပါတယ္ ။ ၿငိမ္သက္ေနတ့ဲကာလမ်ားမွာ ဆံပင္ဟာ ဆံပင္အရင္းတြင္းရွိ အဆီအိတ္ေလးေတြမွာ သန္စြမ္းရွည္လ်ားခ်ိန္မေရာက္မီ ၿငိမ္သက္ေနတာပါ ။
လူရဲ႕ဆံပင္စုစုေပါင္းရဲ႕ ၅ % ကေန ၁၅% ေလာက္ထိဟာ ၿငိမ္သက္ျခင္း ကာလမွာ ရွိေနတာပါ ။ ဒါေပမယ့္ စိတ္ဖိစီးမႈေတြ ၊ ဒါမွမဟုတ္ ေဟာ္မုန္းအေျပာင္းအလဲေတြက ဆံပင္ေတြေပါက္ဖြားသန္စြမ္းရွည္လ်ားမႈကို တားဆီးေစႏိုင္ပါတယ္ ။ ဆံပင္ကြၽတ္ျခင္းဟာ ေနာက္သုံးလအၾကာမွ သန္စြမ္းရွည္လ်ားျခင္းကာလမွာ ျဖစ္တာပါ ။
ေမြးကင္းစ ကေလးငယ္ေတြမွာ ေဟာ္မုန္းပမာဏက ႐ုတ္တရက္ ေျပာင္းလဲသြားတ့ဲအတြက္ ေမြးရာပါ ဆံပင္ေလးေတြဟာ ကၽြတ္ကုန္ရျခင္းျဖစ္ပါတယ္ ။ ( ဒါေၾကာင့္လဲ တခ်ဳိ႕အေမေတြမွာလဲ ကေလးမီးဖြားၿပီး ဆံပင္အဆုပ္လိုက္ကြ်တ္ျခင္းမ်ဳိးျဖစ္ပြားရျခင္းျဖစ္ပါတယ္ )
တခ်ဳိ႕မိဘေတြဆို သူတို႔ရင္ေသြးေလးဟာ ေမြးတုန္းက ဆံပင္အေရာင္ ဆံသားေတြဟာ အရြယ္ေရာက္လာခ်ိန္ ကြ်တ္ကုန္ၿပီး ပုံစံမတူတ့ဲ အေရာင္ ဆံသားေတြထြက္လာတာေတြကိုပါ ေတြ႕ရွိရပါတယ္ ။ တခ်ဳိ႕ကေလးေတြမွာ ေမြးကင္းစအရြယ္ မိဘေတြနဲ႔မတူဘဲ မဲေမွာင္ေနၿပီး ေမြးၿပီးသိပ္မၾကာခင္မွာမွ မိဘေတြနဲ႔ တူတ့ဲ ဆံသားအသစ္ထြက္လာတာမ်ဳိးေတြ ေတြ႕ရပါတယ္ ။
ေအာက္ပါအခ်က္ေတြကေတာ့ ကေလးငယ္ေတြမွာ ဆံပင္ကၽြတ္ေစတ့ဲ အေၾကာင္းအရင္းေတြပါပဲ
* အနီသို႔မဟုတ္ အမဲေရာင္ အကြက္ေတြ ဟိုတစ္ကြက္ ဒီတစ္ကြက္ေတြ႕ရျခင္း
* ဒဏ္ရာရျခင္း – အထူးသျဖင့္ အလြန္တင္းတ့ဲ ၾကက္ေတာင္စီးမ်ဳိး စီးေပးျခင္း
* ကေလးငယ္မွ မိမိဆံပင္ကို အတင္းဆြဲျခင္း ၊ ႏႈတ္ျခင္း
* အကယ္၍သင့္ကေလးမွာ ေခ်ာေျပာင္ၿပီး လုံးဝထိပ္ေျပာင္ေနတ့ဲ အေနအထားမ်ဳိးေတြ႕ရွိရပါက သင့္ကေလးရဲ႕ခုခံအားက ဆံပင္အျမစ္ေတြကို တိုက္ခိုက္ေနလို႔ပဲျဖစ္ပါတယ္ ။ ဒီလိုမ်ဳိးအေျခအေနကို အကြက္လိုက္ ဒါမွမဟုတ္ တစ္ေခါင္းလုံးမွာ ေတြ႕ရွိႏိုင္ပါတယ္ ။
* တခ်ဳိ႕ေသာ ေရာဂါအေျခအေနေတြျဖစ္တ့ဲ သိုင္းရြိဳက္ေဟာ္မုန္း ေရာဂါအေျခအေနေတြမ်ဳိးမွာလဲ တစ္ေခါင္းလုံး ဆံပင္ကၽြတ္ျခင္းမ်ဳိးျဖစ္ပြားႏိုင္ပါတယ္ ။
ကၽြန္ေတာ္ ကၽြန္မတို႔ ကေလး ဆံပင္ကြ်တ္ရင္ ဘာလုပ္ေပးလို႔ရမလဲ ?
ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ျဖစ္ရတ့ဲ ဆံပင္ကၽြတ္ျခင္း အေျခအေနေတြမွာ မိဘေတြအေနနဲ႔ စိုးရိမ္မေနဘဲ ေစာင့္ၾကည့္ေပးႏိုင္ပါတယ္ ။
အကယ္၍ ဆံပင္ကၽြတ္ျခင္းဟာ အိပ္စက္ခ်ိန္ အေနအထားတစ္ခုထဲမွာ အခ်ိန္ၾကာၾကာရွိေနတာမ်ဳိးေၾကာင့္ ျဖစ္ပြားေနသည္ဟု ယူဆရလွ်င္ ကေလး တေရးတေမာ အိပ္စက္ခ်ိန္ ၊ ညအိပ္ခ်ိန္ေတြမွာ ပုံစံေျပာင္း သိပ္ေပးပါ ။
ကေလးအရြယ္ေျခာက္လေက်ာ္သည္အထိ ဆံပင္ကၽြတ္ျခင္း ဆက္လက္ျဖစ္ပြားေနပါက ဆရာဝန္ႏွင့္ ျပသပါ ။ သို႔မွသာ ဆရာဝန္မွ စမ္းသပ္ၾကည့္႐ွဳၿပီး ပုံမွန္ဟုတ္မဟုတ္ ေရာဂါအေျခအေနတစ္ခုရွိမရွိ ဆုံးျဖတ္ေပးႏိုင္မွာျဖစ္ပါတယ္ ။ ဥပမာ သံရွိေနျခင္းေၾကာင့္ ေသြးအားနည္းၿပီး ဆံပင္ကြ်တ္ျခင္း အေျခအေနမ်ဳိးေတြ႕ရွိပါက သံခ်ဖို႔ ၫႊန္ၾကားေပးႏိုင္ပါတယ္ ။
အကယ္၍ ရွားပါး ဦးေရျပားေရာဂါလကၡဏာမ်ဳိးေတြ႕ရွိပါက အေရျပားအထူးကုဆရာဝန္ထံ လိုအပ္ေသာ ကုထုံးမ်ား ဆက္လက္လုပ္ေဆာင္ႏိုင္ရန္ လႊဲေျပာင္းေပးမွာျဖစ္ပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ