ကလေးတွေနားဖာချေးပိတ်ရင် ဘယ်လိုလုပ်မလဲ?
ကလေးဆိုတာမျိုးက နုနယ်တဲ့အတွက်ပိုမိုပြီးဂရုစိုက်ရသလို တစ်ခါတစ်လေဖြစ်တောင့်ဖြစ်ခဲဝေဒနာတွေနဲ့ လူကြီးတွေခေါင်းစားရအောင်လည်းလုပ်တတ်ပါတယ်။ ဘာမေးမေးမဖြေပဲငိုနေတာ၊ ဖြေရင်လည်းနေရာတိတိကျကျမပြနိုင်တာ၊ ပြနိုင်ပြန်ရင်လည်းဆေးတိုက်ရခက်တာ၊ ဆေးဝင်ပြန်ရင်လည်းသက်သာလား၊ မသက်သာလားသေချာမပြောနိုင်တာ၊ စတဲ့အကြောင်းအရာပေါင်းများစွာရှိတတ်ပါတယ်။ အဆိုပါကိစ္စတွေထဲမှာ နားဖာချေးပိတ်တာလည်းပါဝင်ပါတယ်။
နားဖာချေးပိတ်တာက လူကြီးကလေးမရွေးဖြစ်နိုင်တယ်ဆိုပေမယ့် ကလေးတွေမှာပိုပြီးဂရုစိုက်ရတတ်ပါတယ်။ မိမိရဲ့ဝေဒနာကိုတိတိကျကျမပြောနိုင်လို့လူကြီးတွေက အရိပ်အကဲကြည့်ပြီးသင့်တော်သလို စီမံပေးရပါတယ်။ နားဖာချေးပိတ်နေရင်လူကြီးတွေကိုပြောမနေပဲမိမိဘာသာ လက်လှမ်းမှီရာနဲ့ထုတ်တတ်တဲ့တာလည်းရှိတတ်ပါတယ်။ ထုတ်ရင်းထုတ်ရင်းနဲ့ ပိုဝင်သွားပြီးထုတ်ဖို့ပိုခက်တာတွေလည်းဖြစ်နိုင်ပါတယ်။
နားထဲမှာသဘာဝအတိုင်းအဆီလေးတွေထွက်နေတာရှိပါတယ်။ အဆိုပါအဆီတွေက နားရဲ့လမ်းကြောင်းတစ်လျှောက်လေဒါဏ်ရေဒါဏ်တွေကိုကာကွယ် ပေးပါတယ်။ နားထဲဝင်လာတဲ့ဖုန်၊ အမှိုက်၊ ရျာဂါပိုးစတာတွေကိုလုံးပီးနားထဲကနေတစ်ဆင့်စီးထွက်ပြီး မကောင်းတဲ့အရာတွေကိုဖယ်ရှားပေးပါတယ်။ နားဆီပိုထွက်တဲ့အခြေအနေတွေမှာဆိုရင်တော့အဆိုပါဆီတွေက ခြောက်သွေ့ပြီးနားလမ်းကြောငူ်မှာကပ်နေပါတယ်။ ဝင်လာတဲ့ဖုန်တွေ၊ သဲတွေနဲ့ရောပြီး နားဖာချေးဖြစ်လာပါတယ်။ အဆိုပါနားဖာချေးကိုဖယ်ဖို့ကြိုးစားရင်းနဲ့ နားဖာချေးကအထဲရောက်သည်ထက်ရောက်ပြီးနားဖာချေးပိတ်ပါတယ်။
ကလေးတွေကောလူကြီးတွေမှာပါနားဖာချေးပိတ်တဲ့နည်းက တူညီပါတယ်။ နားဖာချေးပိတ်ရင် ကောင်းကောင်းမကြားရတာ၊ နားယားတာ၊ နားထဲမှာတစ်ဆို့နေသလိုခံစားရတာ၊ နားကိုက်တာတွေဖြစ်နိုင်သလို ပိတ်နေတာကြာသွားရင်ပိုးဝင်တတ်ပြီး နားပြည် ယိုတတ်ပါတယ်။ ကလေးတွေကတော့ ဘာမှမပြောတတ်သေးတာမို့နားရွက်ကိုကိုင်ပြီးငိုနေရုံကလွဲပြီး ဘာမှမပြတတ်တာကြောင့် လူကြီးတွေကဂရုစိုက်ပေးရပါမယ်။
နားဖာချေးပိတ်နေမှန်းသိသွားတဲ့အခါမှာလည်း ကော်ထုတ်တာ၊ နှိုက်ထုတ်တာတွေလုံးဝမလုပ်မိဖို့လိုပါလိမ့်မယ်။ ကော်ရင်းနဲ့ပိုပိုပြီးဝေးသွားတာ၊ နားစည်ကိုထိုးမိလို့နားမကြားရတော့တာ၊ နားကိုက်လာတာ၊ သွေးထွက်လာတာတွေကြုံရတတ်ပါတယ်။
ဖယ်ရှားကြည့်ချင်တယ်ဆိုရင်တော့ အဆီလေးတွေထည့်ပြီး နားဖာချေးကိုပျော့ပြောင်းလညအောင်လုပ်ပေးလို့ရပါတယ်။ မာနေတဲ့နားဖာချေးကနူးလာပြီး နားထဲကနေတစ်ဆင့်အပြင်ထွက်သွားနိုင်ပါတယ်။ ဒါမှမဟုတ် အဆီနည်းနည်းထည့်ပေးပြီး ခေါင်းကိုအသာအယာစောငူ်ပေးရင်လည်း နားဖာချေးတွေထွက်သွားနိုင်ပါတယ်။ ဘယ်လိုမှထုတ်မရတော့တာ၊ သွေးထွက်တာ၊ နားမကြားတာတွေဖြစ်လာရင်တော့ လုပ်နေတာတွေအကုန်ရပ်ပြီးနား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆီမှာ သင့်တော်တဲ့ကိရိယာနဲ့ထုတ်လိုက်တာအသင့်တော်ဆုံးဖြစ်ပါတယ်။
နားဖာချေးပိတ်တာနဲ့ဘယ်အရွယ်မဆို နားဖာကလော်၊ တုတ်စတာတွေနဲ့မထုတ်ဖို့လိုပါတယ်။ ဘေးကင်းတံဲနည်းတွေနဲ့စမ်းသပ်ပြီးမအောင်မြင်ရင်တော့ နားလည်တတ်ကျွမ်းတဲ့သူနဲ့ကုသမှုခံဖို့လိုအပ်ပါတယ်။ ဒါမှသာမလိုလားအပ်တဲ့နောက်ဆက်တွဲအခြေအနေတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
Dr. ZZ
ကေလးေတြနားဖာေခ်းပိတ္ရင္ ဘယ္လိုလုပ္မလဲ?
ကေလးဆိုတာမ်ဳိးက ႏုနယ္တဲ့အတြက္ပိုမိုၿပီးဂ႐ုစိုက္ရသလို တစ္ခါတစ္ေလျဖစ္ေတာင့္ျဖစ္ခဲေဝဒနာေတြနဲ႔ လူႀကီးေတြေခါင္းစားရေအာင္လည္းလုပ္တတ္ပါတယ္။ ဘာေမးေမးမေျဖပဲငိုေနတာ၊ ေျဖရင္လည္းေနရာတိတိက်က်မျပႏိုင္တာ၊ ျပႏိုင္ျပန္ရင္လည္းေဆးတိုက္ရခက္တာ၊ ေဆးဝင္ျပန္ရင္လည္းသက္သာလား၊ မသက္သာလားေသခ်ာမေျပာႏိုင္တာ၊ စတဲ့အေၾကာင္းအရာေပါင္းမ်ားစြာရိွတတ္ပါတယ္။ အဆိုပါကိစၥေတြထဲမွာ နားဖာေခ်းပိတ္တာလည္းပါဝင္ပါတယ္။
နားဖာေခ်းပိတ္တာက လူႀကီးကေလးမေရြးျဖစ္ႏိုင္တယ္ဆိုေပမယ့္ ကေလးေတြမွာပိုၿပီးဂ႐ုစိုက္ရတတ္ပါတယ္။ မိမိရဲ႕ေဝဒနာကိုတိတိက်က်မေျပာႏိုင္လို႔လူႀကီးေတြက အရိပ္အကဲၾကည့္ၿပီးသင့္ေတာ္သလို စီမံေပးရပါတယ္။ နားဖာေခ်းပိတ္ေနရင္လူႀကီးေတြကိုေျပာမေနပဲမိမိဘာသာ လက္လွမ္းမီွရာနဲ႔ထုတ္တတ္တဲ့တာလည္းရိွတတ္ပါတယ္။ ထုတ္ရင္းထုတ္ရင္းနဲ႔ ပိုဝင္သြားၿပီးထုတ္ဖို႔ပိုခက္တာေတြလည္းျဖစ္ႏိုင္ပါတယ္။
နားထဲမွာသဘာဝအတိုင္းအဆီေလးေတြထြက္ေနတာရိွပါတယ္။ အဆိုပါအဆီေတြက နားရဲ႕လမ္းေၾကာင္းတစ္ေလွ်ာက္ေလဒါဏ္ေရဒါဏ္ေတြကိုကာကြယ္ ေပးပါတယ္။ နားထဲဝင္လာတဲ့ဖုန္၊ အမိႈက္၊ ရ်ာဂါပိုးစတာေတြကိုလံုးပီးနားထဲကေနတစ္ဆင့္စီးထြက္ၿပီး မေကာင္းတဲ့အရာေတြကိုဖယ္ရွားေပးပါတယ္။ နားဆီပိုထြက္တဲ့အေျခအေနေတြမွာဆိုရင္ေတာ့အဆိုပါဆီေတြက ေျခာက္ေသြ႕ၿပီးနားလမ္းေၾကာငူ္မွာကပ္ေနပါတယ္။ ဝင္လာတဲ့ဖုန္ေတြ၊ သဲေတြနဲ႔ေရာၿပီး နားဖာေခ်းျဖစ္လာပါတယ္။ အဆိုပါနားဖာေခ်းကိုဖယ္ဖို႔ႀကိဳးစားရင္းနဲ႔ နားဖာေခ်းကအထဲေရာက္သည္ထက္ေရာက္ၿပီးနားဖာေခ်းပိတ္ပါတယ္။
ကေလးေတြေကာလူႀကီးေတြမွာပါနားဖာေခ်းပိတ္တဲ့နည္းက တူညီပါတယ္။ နားဖာေခ်းပိတ္ရင္ ေကာင္းေကာင္းမၾကားရတာ၊ နားယားတာ၊ နားထဲမွာတစ္ဆို႔ေနသလိုခံစားရတာ၊ နားကိုက္တာေတြျဖစ္ႏိုင္သလို ပိတ္ေနတာၾကာသြားရင္ပိုးဝင္တတ္ၿပီး နားျပည္ ယိုတတ္ပါတယ္။ ကေလးေတြကေတာ့ ဘာမွမေျပာတတ္ေသးတာမို႔နားရြက္ကိုကိုင္ၿပီးငိုေန႐ံုကလြဲၿပီး ဘာမွမျပတတ္တာေၾကာင့္ လူႀကီးေတြကဂ႐ုစိုက္ေပးရပါမယ္။
နားဖာေခ်းပိတ္ေနမွန္းသိသြားတဲ့အခါမွာလည္း ေကာ္ထုတ္တာ၊ ႏိႈက္ထုတ္တာေတြလံုးဝမလုပ္မိဖို႔လိုပါလိမ့္မယ္။ ေကာ္ရင္းနဲ႔ပိုပိုၿပီးေဝးသြားတာ၊ နားစည္ကိုထိုးမိလို႔နားမၾကားရေတာ့တာ၊ နားကိုက္လာတာ၊ ေသြးထြက္လာတာေတြႀကံဳရတတ္ပါတယ္။
ဖယ္ရွားၾကည့္ခ်င္တယ္ဆိုရင္ေတာ့ အဆီေလးေတြထည့္ၿပီး နားဖာေခ်းကိုေပ်ာ့ေျပာင္းလညေအာင္လုပ္ေပးလို႔ရပါတယ္။ မာေနတဲ့နားဖာေခ်းကႏူးလာၿပီး နားထဲကေနတစ္ဆင့္အျပင္ထြက္သြားႏိုင္ပါတယ္။ ဒါမွမဟုတ္ အဆီနည္းနည္းထည့္ေပးၿပီး ေခါင္းကိုအသာအယာေစာငူ္ေပးရင္လည္း နားဖာေခ်းေတြထြက္သြားႏိုင္ပါတယ္။ ဘယ္လိုမွထုတ္မရေတာ့တာ၊ ေသြးထြက္တာ၊ နားမၾကားတာေတြျဖစ္လာရင္ေတာ့ လုပ္ေနတာေတြအကုန္ရပ္ၿပီးနား၊ ႏွာေခါင္း၊ လည္ေခ်ာင္းအထူးကုဆီမွာ သင့္ေတာ္တဲ့ကိရိယာနဲ႔ထုတ္လိုက္တာအသင့္ေတာ္ဆံုးျဖစ္ပါတယ္။
နားဖာေခ်းပိတ္တာနဲ႔ဘယ္အရြယ္မဆို နားဖာကေလာ္၊ တုတ္စတာေတြနဲ႔မထုတ္ဖို႔လိုပါတယ္။ ေဘးကင္းတံဲနည္းေတြနဲ႔စမ္းသပ္ၿပီးမေအာင္ျမင္ရင္ေတာ့ နားလည္တတ္ကြၽမ္းတဲ့သူနဲ႔ကုသမႈခံဖို႔လိုအပ္ပါတယ္။ ဒါမွသာမလိုလားအပ္တဲ့ေနာက္ဆက္တြဲအေျခအေနေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။
Dr. ZZ