ကလေးတွေကိုနွားနို့တိုက်မယ်ဆိုရင်
နွားနို့ဟာ အဓိကအားဖြင့် Calcium ( ထုံးဓာတ်)ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင်ကြီးထွားဖို့လိုအပ်တဲ့ အသားဓာတ်(Protein) စွမ်းအင်အတွက် Carbohydrate, ကိုယ်ခံအားကောင်းစေတဲ့ Vitamin D တွေပါဝင်ပါတယ်။
နွားနို့ဟာ မိခင်နို့လောက်ရောကောင်းရဲ့လား?
နွားနို့မှာ မိခင်နို့လောက် သံဓာတ်၊ ဗီတာမင် စီ(C) ဓာတ်မပါဝင်ပါဘူး။ ဒါ့အပြင်နွားနို့မှာပါတဲ့ အသားဓာတ် ( Protein) ဓာတ်ကို တစ်နှစ်အောက်ကလေးတွေရဲ့ အူလမ်းကြောင်းက မစုပ်ယူနိုင်ပါဘူး။ အူမစုပ်တဲ့အခါအူလမ်းကြောင်းတစ်လျှောက်ယောင်လာပြီး ကလေးငယ်ဝမ်းထဲမှာ သွေးစလေးတွေပါလာတတ်ပါတယ်။
နွားနို့တိုက်မယ်ဆို ကလေးငယ် တစ်နှစ်ကျော်မှသာ တိုက်သင့်ပါတယ်။
ကလေးငယ်တစ်ယောက်ကို နွားနို့ဘယ်လောက်တိုက်သင့်လဲဆိုရင်တော့?
၁နှစ်ကျော်စ ကလေးအတွက်က ၈ ကနေ ၁၂အောင်စ( ၁ခွက်ခွဲခန့်) ၂နှစ်ကျော်ရင် ၁၆အောင်စ ( ဖနိခွက် ၂ခွက်ခန့်)လိုအပ်နိုင်ပါတယ်။
ဘယ်လိုနွားနို့တိုက်မလဲဆိုရင်?
Whole Milk လို့ခေါ်တဲ့ ရိုးရိုး နွားနို့ကို တိုက်လို့ရပါတယ်။ အရမ်းဝနေတဲ့ကလေးဆိုရင်တော့ အဆီထုတ်ထားတဲ့ နွားနို့ကိုရွေးတိုက်သင့်ပါတယ်။
ကလေးက နွားနို့မသောက်ခြင်ဘူးဆိုရင်?
နွားနို့က အမေနို့သောက်နေကျ ကလေးအတွက် ညှီသလိုခံစားရတာ အရသာမကြိုက်တာတွေဖြစ်တတ်ပါတယ်။ ကိုယ့်ကလေးနွားနို့သောက်စေချင်တယ်ဆိုရင်တော့ စတိုက်ခါစမှာ အရသာကောင်းတဲ့ နို့မှုန့်နဲ့ဖြစ်စေ၊ မိခင်နို့နဲ့ဖြစ်စေ ရောတိုက်နိုင်ပါတယ်။
မယ်တင်( ဆေး ၁)
ကေလးေတြကိုႏြားႏို႔တိုက္္မယ္ဆိုရင္
ႏြားႏို႔ဟာ အဓိကအားျဖင့္ Calcium ( ထံုးဓာတ္)ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါ့အျပင္ႀကီးထြားဖို႔လိုအပ္တဲ့ အသားဓာတ္(Protein) စြမ္းအင္အတြက္ Carbohydrate, ကိုယ္ခံအားေကာင္းေစတဲ့ Vitamin D ေတြပါဝင္ပါတယ္။
ႏြားႏို႔ဟာ မိခင္ႏို႔ေလာက္ေရာေကာင္းရဲ႕လား?
ႏြားႏို႔မွာ မိခင္ႏို႔ေလာက္ သံဓာတ္၊ ဗီတာမင္ စီ(C) ဓာတ္မပါဝင္ပါဘူး။ ဒါ့အျပင္ႏြားႏို႔မွာပါတဲ့ အသားဓာတ္ ( Protein) ဓာတ္ကို တစ္ႏွစ္ေအာက္ကေလးေတြရဲ႕ အူလမ္းေၾကာင္းက မစုပ္ယူႏိုင္ပါဘူး။ အူမစုပ္တဲ့အခါအူလမ္းေၾကာင္းတစ္ေလၽွာက္ေယာင္လာၿပီး ကေလးငယ္ဝမ္းထဲမွာ ေသြးစေလးေတြပါလာတတ္ပါတယ္။
ႏြားႏို႔တိုက္မယ္ဆို ကေလးငယ္ တစ္ႏွစ္ေက်ာ္မွသာ တိုက္သင့္ပါတယ္။
ကေလးငယ္တစ္ေယာက္ကို ႏြားႏို႔ဘယ္ေလာက္တိုက္သင့္လဲဆိုရင္ေတာ့?
၁ႏွစ္ေက်ာ္စ ကေလးအတြက္က ၈ ကေန ၁၂ေအာင္စ( ၁ခြက္ခြဲခန္႔) ၂ႏွစ္ေက်ာ္ရင္ ၁၆ေအာင္စ ( ဖနိခြက္ ၂ခြက္ခန္႔)လိုအပ္ႏိုင္ပါတယ္။
ဘယ္လိုႏြားႏို႔တိုက္မလဲဆိုရင္?
Whole Milk လို႔ေခၚတဲ့ ရုိးရုိး ႏြားႏို႔ကုိ တိုက္လို႔ရပါတယ္။ အရမ္းဝေနတဲ့ကေလးဆိုရင္ေတာ့ အဆီထုတ္ထားတဲ့ ႏြားႏို႔ကိုေရြးတိုက္သင့္ပါတယ္။
ကေလးက ႏြားႏို႔မေသာက္ျခင္ဘူးဆိုရင္?
ႏြားႏို႔က အေမႏို႔ေသာက္ေနက် ကေလးအတြက္ ညႇီသလိုခံစားရတာ အရသာမႀကိဳက္တာေတြျဖစ္တတ္ပါတယ္။ ကိုယ့္ကေလးႏြားႏို႔ေသာက္ေစခ်င္တယ္ဆိုရင္ေတာ့ စတိုက္ခါစမွာ အရသာေကာင္းတဲ့ ႏို႔မႈန္႔နဲ႔ျဖစ္ေစ၊ မိခင္ႏို႔နဲ႔ျဖစ္ေစ ေရာတိုက္ႏိုင္ပါတယ္။
မယ္တင္( ေဆး ၁)