ထမင်းရည်နှင့်ကလေးကျန်းမာရေး
ထမင်းရည်ဆိုတာကတော မြန်မာလူမျိုးတွေအတွက်ပြောစရာမလိုလောက်အောင် ရင်းနှီးနေကြမှာဖြစ်ပါတယ်။ ထမင်းချက်ရင်းနဲ့သုံးမရတော့လို့သွန်ပစ်နေတဲ့ထမင်းရည်မှာ ကျလးတို့အတွက်ကောင်းမွန်စေတဲ့အကျိုးတွေရှိနေပါတယ်။ အထွေအထူးဆေးသောက်ဆေးထိုးနေစရာမလိုပဲ လိုအပ်တဲ့ဓာတ်အချို့ကို ထမင်းရည်ကနေရရှိနိုင်ပါတယ်။
ထမင်းရည်ကို မွေးကင်းစကလေးတွေအစာစကျွေးတော့မယ့်ဆိုရင် ဖြည့်စွက်စာအနေနဲ့သုံးနိုင်ပါတယ်။ မွေးစကနေ 6လအထိမိခင်နို့တစ်မျိုးပဲတိုက်ခဲ့ရတဲ့ကလေးကို အစာစကျွေးတော့မယ်ဆိုရင် ထမင်းရည်နဲ့အစပြုပြီးကျွေးကြည့်လို့ရပါတယ်။ ထမင်း ရည်မှာထမင်းကထွက်တဲ့ကစီဓာတ်တွေ၊ vitamin တွေပါဝင်ပါတယ်။ အဆိုပါဓာတ်တွေက ကလေးအတွက်အာဟာရဖြစ်စေနိုင်တာမို့ သင့်တော်တဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ သို့သော် တစ်ခြားဖြည့်စွက်စာတွေကျွေးစရာမလိုတော့အောင်၊ နို့တိုက်ဖို့မလိုလောက်တော့အောင်တော့ ထမင်းရည်ကမစွမ်းဆောင်ပေးနိုင်တဲ့အတွက် ထမင်းရည်ကို ဖြည့်စွက်စာတစ်မျိုးအနေနဲ့သုံးနိုင်ပါတယ်။
နောက်ထပ်အကျိုးတစ်ခုကတော့ ဝမ်းလျှေတာသက်သာစေပါတယ်။
ဝမ်းရပ်သွားစေတာမဟုတ်ပဲ ဝမ်းလျှေရင်ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဝမ်းလျှေရင်ဓာတ်ဆားသောက်သင့်တယ်ဆိုပေမယ့် ဓာတိဆားမရှိတဲ့အချိန်ကျရင် ထမင်းရည်ကိုသောက်သုံးနိုင်ပါတယ်။ ထမင်းရည်က အူလှုပ်ရှားမှုကိုလျှော့ချပေးပြီး အူကမေရေစုပ်ယူဖို့အချိန်ပိုရစေပါတယ်။ ဝမ်းထဲမှာရေပါဝင်မှုနည်းသွားပြီး ဝမ်းကအရေတွေချည်ယပဲသွားနေခြင်းကို သက်သာစေပါတယ်။ သို့သော်သောက်သုံးမယ့် ထမင်းရည်ကသန့်ရှင်းမှုရှိရပါမယ်။ မသန့်ဘူးဆိုရင်တော ဝမ်းပိုလျှောစေမှာဖြစ်တဲ့အတွက် သန့်တာသေချာမှသုံးသင့်ပါတယ်။
ထမင်းရေထဲမှာvitamin B ဓာတ်တွေပါဝင်ပါတယ်။ ဆန်ထဲမှာပါတယ့်vitamin တွေဟာ ထမင်းချက်နေရင်းနဲ့ ဆန်ထဲကနေအချို့ကထွက်ပြီးထမင်းရည်ထဲမှာပျော်ဝင်ပြီးပါလာပါတယ်။ အဆိုပါဓာတ်တွေဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေအတွက် အရမ်းအကျိုးရှိစေပါတယ်။ ထမင်းရည်မှာပါတဲ့vitamin B1 ဟာ အစာကနေစွမ်းအင်အဖြစ်ပြောင်းလဲရာမှာအရေးပါပါတယ်။ vitamin B2 ကြောင့် ပါးစပ်အနာပေါက်တာ၊ဗီတာမင်ချို့တဲ့လို့ဖြစ်တဲ့ လျှာမှာအနာပေါက်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ vitamin B6 ဟာလည်းအာရုံကြောဖွဲ့စည်းမှုကိုအားကောင်းစေနိုင်ပါတယ်။
နောက်ထပ်ကောင်းကျိုးတစ်ခုက အရေပြားခြောက်တာကိုသက်သာစေနိင်ပါတယ်။ ကလေးကိုရေချိုးပေးတဲ့အခါမှာ ချိုးရေထဲကို ထမင်းရည်ထည့်ချိုးရင် အရေပြားခြောက်တဲ့ဝေဒနာတွေကို 20ရာခိုင်နှုန်းလောက်လျော့စေနိုင်တယ်လို့ဆိုထားပါတယ်။ ထမင်းရေဟာ ရေဓာတ်ကိုထိန်းသိမ်းပြီး အရေပြားခြောက်သွေ့တာကိုအတိုင်းအတာတစ်ခုထိလျော့ကျစေတယ်လို့လည်းဆိုထားပါတယ်။
ထမင်ရးည်ဟာ အဖိုးမတန်ဘူးထင်လို့သွန်နေကြပေမယ့် ကောင်းကျိုးတွေရှိပါတယ်။ ဒါကြောင့်နောက်အကြိမ်တွေမှာ ထမင်းရည်ကို သွန်မပစ်ပဲ အသုံးတည့်အောင် သုံးရမှာဖြစ်ပါတယ်။
DR. ZZ
ထမင္းရည္ႏွင့္ကေလးက်န္းမာေရး
ထမင္းရည္ဆိုတာကေတာ ျမန္မာလူမ်ဳိးေတြအတြက္ေျပာစရာမလိုေလာက္ေအာင္ ရင္းႏီွးေနၾကမွာျဖစ္ပါတယ္။ ထမင္းခ်က္ရင္းနဲ႔သံုးမရေတာ့လို႔သြန္ပစ္ေနတဲ့ထမင္းရည္မွာ က်လးတို႔အတြက္ေကာင္းမြန္ေစတဲ့အက်ဳိးေတြရိွေနပါတယ္။ အေထြအထူးေဆးေသာက္ေဆးထိုးေနစရာမလိုပဲ လိုအပ္တဲ့ဓာတ္အခ်ဳိ႕ကို ထမင္းရည္ကေနရရိွႏိုင္ပါတယ္။
ထမင္းရည္ကို ေမြးကင္းစကေလးေတြအစာစေကြၽးေတာ့မယ့္ဆိုရင္ ျဖည့္စြက္စာအေနနဲ႔သံုးႏိုင္ပါတယ္။ ေမြးစကေန 6လအထိမိခင္ႏို႔တစ္မ်ဳိးပဲတိုက္ခဲ့ရတဲ့ကေလးကို အစာစေကြၽးေတာ့မယ္ဆိုရင္ ထမင္းရည္နဲ႔အစျပဳၿပီးေကြၽးၾကည့္လို႔ရပါတယ္။ ထမင္း ရည္မွာထမင္းကထြက္တဲ့ကစီဓာတ္ေတြ၊ vitamin ေတြပါဝင္ပါတယ္။ အဆိုပါဓာတ္ေတြက ကေလးအတြက္အာဟာရျဖစ္ေစႏိုင္တာမို႔ သင့္ေတာ္တဲ့စားစရာတစ္မ်ဳိးျဖစ္ပါတယ္။ သို႔ေသာ္ တစ္ျခားျဖည့္စြက္စာေတြေကြၽးစရာမလိုေတာ့ေအာင္၊ ႏို႔တိုက္ဖို႔မလိုေလာက္ေတာ့ေအာင္ေတာ့ ထမင္းရည္ကမစြမ္းေဆာင္ေပးႏိုင္တဲ့အတြက္ ထမင္းရည္ကို ျဖည့္စြက္စာတစ္မ်ဳိးအေနနဲ႔သံုးႏိုင္ပါတယ္။
ေနာက္ထပ္အက်ဳိးတစ္ခုကေတာ့ ဝမ္းေလွ်တာသက္သာေစပါတယ္။
ဝမ္းရပ္သြားေစတာမဟုတ္ပဲ ဝမ္းေလွ်ရင္ခံစားရတဲ့ေဝဒနာေတြကို သက္သာေစႏိုင္ပါတယ္။ ဝမ္းေလွ်ရင္ဓာတ္ဆားေသာက္သင့္တယ္ဆို္ေပမယ့္ ဓာတိဆားမရိွတဲ့အခ်ိန္က်ရင္ ထမင္းရည္ကိုေသာက္သံုးႏိုင္ပါတယ္။ ထမင္းရည္က အူလႈပ္ရွားမႈကိုေလွ်ာ့ခ်ေပးၿပီး အူကေမေရစုပ္ယူဖို႔အခ်ိန္ပိုရေစပါတယ္။ ဝမ္းထဲမွာေရပါဝင္မႈနည္းသြားၿပီး ဝမ္းကအေရေတြခ်ည္ယပဲသြားေနျခင္းကို သက္သာေစပါတယ္။ သို႔ေသာ္ေသာက္သံုးမယ့္ ထမင္းရည္ကသန္႔ရွင္းမႈရိွရပါမယ္။ မသန္႔ဘူးဆိုရင္ေတာ ဝမ္းပိုေလွ်ာေစမွာျဖစ္တဲ့အတြက္ သန္႔တာေသခ်ာမွသံုးသင့္ပါတယ္။
ထမင္းေရထဲမွာvitamin B ဓာတ္ေတြပါဝင္ပါတယ္။ ဆန္ထဲမွာပါတယ့္vitamin ေတြဟာ ထမင္းခ်က္ေနရင္းနဲ႔ ဆန္ထဲကေနအခ်ဳိ႕ကထြက္ၿပီးထမင္းရည္ထဲမွာေပ်ာ္ဝင္ၿပီးပါလာပါတယ္။ အဆိုပါဓာတ္ေတြဟာ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ေတြအတြက္ အရမ္းအက်ဳိးရိွေစပါတယ္။ ထမင္းရည္မွာပါတဲ့vitamin B1 ဟာ အစာကေနစြမ္းအင္အျဖစ္ေျပာင္းလဲရာမွာအေရးပါပါတယ္။ vitamin B2 ေၾကာင့္ ပါးစပ္အနာေပါက္တာ၊ဗီတာမင္ခ်ဳိ႕တဲ့လို႔ျဖစ္တဲ့ လွ်ာမွာအနာေပါက္တာေတြကိုကာကြယ္ေပးႏိုင္ပါတယ္။ vitamin B6 ဟာလည္းအာ႐ံုေၾကာဖြဲ႕စည္းမႈကိုအားေကာင္းေစႏိုင္ပါတယ္။
ေနာက္ထပ္ေကာင္းက်ဳိးတစ္ခုက အေရျပားေျခာက္တာကိုသက္သာေစနိင္ပါတယ္။ ကေလးကိုေရခ်ဳိးေပးတဲ့အခါမွာ ခ်ဳိးေရထဲကို ထမင္းရည္ထည့္ခ်ဳိးရင္ အေရျပားေျခာက္တဲ့ေဝဒနာေတြကို 20ရာခိုင္ႏႈန္းေလာက္ေလ်ာ့ေစႏိုင္တယ္လို႔ဆိုထားပါတယ္။ ထမင္းေရဟာ ေရဓာတ္ကိုထိန္းသိမ္းၿပီး အေရျပားေျခာက္ေသြ႕တာကိုအတိုင္းအတာတစ္ခုထိေလ်ာ့က်ေစတယ္လို႔လည္းဆိုထားပါတယ္။
ထမင္ရးည္ဟာ အဖိုးမတန္ဘူးထင္လို႔သြန္ေနၾကေပမယ့္ ေကာင္းက်ဳိးေတြရိွပါတယ္။ ဒါေၾကာင့္ေနာက္အႀကိမ္ေတြမွာ ထမင္းရည္ကို သြန္မပစ္ပဲ အသံုးတည့္ေအာင္ သံုးရမွာျဖစ္ပါတယ္။
DR. ZZ