ကလေးငယ်ကိုနားဖောက်ပေးသင့် မပေးသင့်

မြန်မာလူမျိုးတွေဟာ မိန်းကလေးငယ်တွေကို ကလေးဘဝကတည်းကနားဖောက်ပေးတတ်ကြပါတယ်။ ဒီလိုနားဖောက်တဲ့အခါ အကြောင်းအမျိုးမျိုးရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖောက်ကြပေမယ့် ဖောက်သင့်မဖောက်သင့်ကို အနည်းနဲ့အများတော့ စိတ်ပူတတ်ကြပါတယ်။ ဒါကြောင့် နားဖောက်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကိုဖော်ပြလိုက်ပါတယ်။

နားမဖောက်သင့်သောအကြောင်းများ

၁. နားဖောက်ခြင်းကြောင့် ကျန်းမာရေးမှာ ကောင်းကျိုးပိုရှိမလာနိုင်ပါ။

၂. နားဖောက်ခြင်းသည် နာကျင်မှုရှိသောကြောင့် နုနယ်သောကလေးအား ဝေဒနာခံစားရစေသည်။

၃. နားဖောက်ခြင်းကို သန့်ရှင်းသောစက်ကိရိယာကိုအသုံးပြုကာ တတ်ကျွမ်းသောသူမှ ဖေယက်ပေးရပါမည်။ သို့မဟုတ်ပါက ပိုးဝင်ကာ အသက်ဆုံးရှုံးသည်အထိဖြစ်သွားစေနိုင်ပါသည်။

၄. ကလေးငယ်အားနားဖောက်ပေးပြီး နားကပ် နားဆွဲများတပ်ဆင်ပေးပါက ကလေးငယ်သည်မထိန်းသိမ်းတတ်သေးသောကြောင့် ပျောက်ရှနိုင်သည်။ သည့်ထက်ဆိုးပါက နားဆွဲညပ်သောအခါ နားကိုဆောင့်ဆွဲသလိုဖြစ်ပြီး အနာတရဖြစ်နိုင်သည်။ သည့်ထက်ဆိုးပါက ကလေးက ပါးစပ်ထဲထည့်ဆော့သည့်အခါ အသက်ရှူလမ်းကြောင်းပိတ်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

၅. တန်ဖိုးကြီး နားဆွဲတန်ဆာဆွဲပါက အန္တရာယ်ကိုဖိတ်ခေါ်နေသလိုဖြစ်နေနိုင်သည်။

နားဖောက်သင့်သောအကြောင်းများ

၁. အချို့က ငယ်ရွယ်တုန်းနားဖောက်ထားတော့ ကြီးလာမှ နာတာကို သိပြီးအော်ငိုတာမလုပ်တော့ဘူးဟုဆိုကြသည်။ အကြောင်းပြချက်မခိုင်လုံပေမယ့် ကလေးငယ်ရုန်းကန်နေလျှင် လုပ်ရကိုင်ရခက်မည်ကတော့အမှန်။

၂. အခြားသော ရိုးရာယဉ်ကျေးမှု၊ ဘာသာရေးအရဖောက်ခြင်း၊စသောအကြောင်းများကြောင့်ဖောက်ခြင်းကို ကန့်ကွက်နေရန်မလိုသောကြောင့်ဖြစ်သည်။

ဒါကြောင့် နည်းစနစ်တကျ သန့်ရှင်းသောကိရိယာများနဲ့ တတ်ကျွမ်းသူမှ နားဖောက်မယ်ဆိုရင်၊ ကလေးငယ်နဲ့ သင့်တော်ရာကိုသာရွေးချယ်ဆက်ယင်ပေးမယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိပါကြောင်း တင်ပြလိာက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ကေလးငယ္ကိုနားေဖာက္ေပးသင့္ မေပးသင့္

ျမန္မာလူမ်ိဳးေတြဟာ မိန္းကေလးငယ္ေတြကို ကေလးဘဝကတည္းကနားေဖာက္ေပးတတ္ၾကပါတယ္။ ဒီလိုနားေဖာက္တဲ့အခါ အေၾကာင္းအမ်ိဳးမ်ိဳးရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳးနဲ႔ ေဖာက္ၾကေပမယ့္ ေဖာက္သင့္မေဖာက္သင့္ကို အနည္းနဲ႔အမ်ားေတာ့ စိတ္ပူတတ္ၾကပါတယ္။ ဒါေၾကာင့္ နားေဖာက္ျခင္းရဲ႕ ေကာင္းက်ိဳးဆိုးက်ိဳးေတြကိုေဖာ္ျပလိုက္ပါတယ္။

နားမေဖာက္သင့္ေသာအေၾကာင္းမ်ား

၁. နားေဖာက္ျခင္းေၾကာင့္ က်န္းမာေရးမွာ ေကာင္းက်ိဳးပိုရွိမလာႏိုင္ပါ။

၂. နားေဖာက္ျခင္းသည္ နာက်င္မႈရွိေသာေၾကာင့္ ႏုနယ္ေသာကေလးအား ေဝဒနာခံစားရေစသည္။

၃. နားေဖာက္ျခင္းကို သန႔္ရွင္းေသာစက္ကိရိယာကိုအသုံးျပဳကာ တတ္ကြၽမ္းေသာသူမွ ေဖယက္ေပးရပါမည္။ သို႔မဟုတ္ပါက ပိုးဝင္ကာ အသက္ဆုံးရႈံးသည္အထိျဖစ္သြားေစႏိုင္ပါသည္။

၄. ကေလးငယ္အားနားေဖာက္ေပးၿပီး နားကပ္ နားဆြဲမ်ားတပ္ဆင္ေပးပါက ကေလးငယ္သည္မထိန္းသိမ္းတတ္ေသးေသာေၾကာင့္ ေပ်ာက္ရွႏိုင္သည္။ သည့္ထက္ဆိုးပါက နားဆြဲညပ္ေသာအခါ နားကိုေဆာင့္ဆြဲသလိုျဖစ္ၿပီး အနာတရျဖစ္ႏိုင္သည္။ သည့္ထက္ဆိုးပါက ကေလးက ပါးစပ္ထဲထည့္ေဆာ့သည့္အခါ အသက္ရႉလမ္းေၾကာင္းပိတ္ၿပီး အသက္အႏၲရာယ္ရွိႏိုင္သည္။

၅. တန္ဖိုးႀကီး နားဆြဲတန္ဆာဆြဲပါက အႏၲရာယ္ကိုဖိတ္ေခၚေနသလိုျဖစ္ေနႏိုင္သည္။

နားေဖာက္သင့္ေသာအေၾကာင္းမ်ား

၁. အခ်ိဳ႕က ငယ္႐ြယ္တုန္းနားေဖာက္ထားေတာ့ ႀကီးလာမွ နာတာကို သိၿပီးေအာ္ငိုတာမလုပ္ေတာ့ဘူးဟုဆိုၾကသည္။ အေၾကာင္းျပခ်က္မခိုင္လုံေပမယ့္ ကေလးငယ္႐ုန္းကန္ေနလွ်င္ လုပ္ရကိုင္ရခက္မည္ကေတာ့အမွန္။

၂. အျခားေသာ ႐ိုးရာယဥ္ေက်းမႈ၊ ဘာသာေရးအရေဖာက္ျခင္း၊စေသာအေၾကာင္းမ်ားေၾကာင့္ေဖာက္ျခင္းကို ကန႔္ကြက္ေနရန္မလိုေသာေၾကာင့္ျဖစ္သည္။

ဒါေၾကာင့္ နည္းစနစ္တက် သန႔္ရွင္းေသာကိရိယာမ်ားနဲ႔ တတ္ကြၽမ္းသူမွ နားေဖာက္မယ္ဆိုရင္၊ ကေလးငယ္နဲ႔ သင့္ေတာ္ရာကိုသာေ႐ြးခ်ယ္ဆက္ယင္ေပးမယ္ဆိုရင္ေတာ့ ကန႔္ကြက္စရာမရွိပါေၾကာင္း တင္ျပလိာက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *