ဘယ်အရွယ်မှာ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်သလဲ?
သားသားမီးမီးတို့နဲ့ပက်သက်ပြီး မိဘများ လွန်စွာစိတ်ပူတတ်တဲ့အချက်တွေထဲမှာ ကိုယ်အလေးချိန်နည်းများနေမလားဆိုတဲ့အချက်လဲပါဝင်ပါတယ်။ ဒါကြောင့် လအလိုက်ရှိရမယ့် ကိုယ်အလးချိန်တွေကိုဖော်ပြပေးလိုက်ပါတယ်။
အကြမ်းဖျင်းအားဖြင့် မိန်းကလေးများဟာယောကျ်ားလေးများထက်ပေါင်ချိန်နည်းတတ်ကြပါတယ်။
မွေးကင်းစမှာတော့ ယောကျာ်းလေးနဲ့မိန်းကလေးသိပ်မကွာပါဘူး။ ဒါကြောင့်မွေးစမှာ အကြမ်းအားဖြင့် ၆ပေါင်ခွဲမှ ၇ပေါင်းခွဲခန့်အတွင်းရှိကြပါတယ်။
အသက်တစ်လပြည့်တဲ့အခါမှာတော့ မေမေ့နို့ရည်တန်ခိုးနဲ့ပေါင်တက်လာပါပြီ။ ဒီအချိန်မှာဆိုရင် ကိုးပေါင်ခွဲ၊ ဆယ်ပေါင်ဝန်းကျင်ခန့်ဖြစ်လာပါပြီ။
အသက်နှစ်လမှာတော့ ဆယ့်နှစ်ပေါင်မှ ဆယ့်သုံးပေါင်ခန့်ရှိလာမှာပဲဖြစ်ပါတယ်။
အသက်သုံးလအရွယ်မှာ ကလေးများဟာ မွေးစကထက် နှစ်ဆ ပိုမိုကြီးထွားလာရပါမယ်။ ဒါကြောင့် ဒီအချိန်မှာ ဆယ့်လေးပေါင်ဝန်းကျင်ခန့်ရှိနေသင့်ပါတယ်။ အကယ်၍ မွေးစက ကိုယ်အလေးချိန်သိပ်မများခဲ့ရင်တော့ ဒီ့ထက်ပိုပြီးနည်းနေနိုင်ပါတယ်။
အသက်လေးလ၊ ငါးလအရွယ်တွေမှာ တစ်ပေါင်စီခန့်ပိုပြီးတက်လာရပါမယ်။
အသက်ခြောက်လအရွယ်မှာတော့ ဆယ့်ခုနစ်ပေါင်ခွဲ မှ ဆယ့်ရှစ်ပေါင်ခွဲအတွင်းရှိနေသင့်ပါတယ်။ ဒီအချိန်မှာဆိုရင် ကလေးတွေကိုဖြည့်စွက်စာစကျွေးရတော့မယ့်အရွယ်လည်းဖြစ်ပါတယ်။
အသက်ခြောက်လနောက်ပိုင်းမှာတော့ ကလေးငယ်ဟာ ဖြည်းဖြည်းနဲ့မှန်မှန်သာကြီးထွားသွားပြီး သုံးလနေမှ နှစ်ပေါင်ခန့်သာထပ်မံတိုးလာပါလိမ့်မယ်။
အသက်တစ်နှစ်ပြည့်တဲ့အချိန်မှာတော့ မွေးစကထက် ကိုယ်အလေးချိန်သုံးဆခန့်တိုးလာရမှာပဲ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ပေါင်နှစ်ဆယ်ဝန်းကျင်ခန့်ရှိနေရမှာပဲဖြစ်ပါတယ်။ မွေးကင်းစက ကိုယ်အလေးချိန်နည်းတဲ့ကလေးငယ်တွေဟာ သည်အချိန်မှာလည်း သတ်မှတ်စံညွှန်းထက်နည်းနေနိုင်တယ်ဆိုတာကို သတိပြုဖို့ရာထပ်မံသတိပေးချင်ပါတယ်။
ဒီလောက်ဆိုရင် မိမိရဲ့ရင်သွေးငယ်ဟာ ကိုယ်အလေးချိန်မှန်မမှန်သိလောက်ကြမယ်ပြီလို့ထင်ပါတယ်။
မေတ္တာဖြင့်
စိုင်းမြတ်သူ
ဘယ္အရြယ္မွာ ကိုယ္အေလးခ်ိန္ဘယ္ေလာက္႐ွိသင့္သလဲ?
သားသားမီးမီးတို႔နဲ႔ပက္သက္ၿပီး မိဘမ်ား လြန္စြာစိတ္ပူတတ္တဲ့အခ်က္ေတြထဲမွာ ကုိယ္အေလးခ်ိန္နည္းမ်ားေနမလားဆိုတဲ့အခ်က္လဲပါဝင္ပါတယ္။ ဒါေၾကာင့္ လအလိုက္႐ွိရမယ့္ ကိုယ္အလးခ်ိန္ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
အၾကမ္းဖ်င္းအားျဖင့္ မိန္းကေလးမ်ားဟာေယာက်္ားေလးမ်ားထက္ေပါင္ခ်ိန္နည္းတတ္ၾကပါတယ္။
ေမြးကင္းစမွာေတာ့ ေယာက်ာ္းေလးနဲ႔မိန္းကေလးသိပ္မကြာပါဘူး။ ဒါေၾကာင့္ေမြးစမွာ အၾကမ္းအားျဖင့္ ၆ေပါင္ခြဲမွ ၇ေပါင္းခြဲခန္႔အတြင္း႐ွိၾကပါတယ္။
အသက္တစ္လျပည့္တဲ့အခါမွာေတာ့ ေမေမ့ႏို႔ရည္တန္ခိုးနဲ႔ေပါင္တက္လာပါၿပီ။ ဒီအခ်ိန္မွာဆိုရင္ ကိုးေပါင္ခြဲ၊ ဆယ္ေပါင္ဝန္းက်င္ခန္႔ျဖစ္လာပါၿပီ။
အသက္ႏွစ္လမွာေတာ့ ဆယ့္ႏွစ္ေပါင္မွ ဆယ့္သံုးေပါင္ခန္႔႐ွိလာမွာပဲျဖစ္ပါတယ္။
အသက္သံုးလအရြယ္မွာ ကေလးမ်ားဟာ ေမြးစကထက္ ႏွစ္ဆ ပိုမိုႀကီးထြားလာရပါမယ္။ ဒါေၾကာင့္ ဒီအခ်ိန္မွာ ဆယ့္ေလးေပါင္ဝန္းက်င္ခန္႔႐ွိေနသင့္ပါတယ္။ အကယ္၍ ေမြးစက ကိုယ္အေလးခ်ိန္သိပ္မမ်ားခဲ့ရင္ေတာ့ ဒီ့ထက္ပိုၿပီးနည္းေနႏိုင္ပါတယ္။
အသက္ေလးလ၊ ငါးလအရြယ္ေတြမွာ တစ္ေပါင္စီခန္႔ပိုၿပီးတက္လာရပါမယ္။
အသက္ေျခာက္လအရြယ္မွာေတာ့ ဆယ့္ခုနစ္ေပါင္ခြဲ မွ ဆယ့္႐ွစ္ေပါင္ခြဲအတြင္း႐ွိေနသင့္ပါတယ္။ ဒီအခ်ိန္မွာဆိုရင္ ကေလးေတြကိုျဖည့္စြက္စာစေကြၽးရေတာ့မယ့္အရြယ္လည္းျဖစ္ပါတယ္။
အသက္ေျခာက္လေနာက္ပိုင္းမွာေတာ့ ကေလးငယ္ဟာ ျဖည္းျဖည္းနဲ႔မွန္မွန္သာၾကီးထြားသြားၿပီး သံုးလေနမွ ႏွစ္ေပါင္ခန္႔သာထပ္မံတိုးလာပါလိမ့္မယ္။
အသက္တစ္ႏွစ္ျပည့္တဲ့အခ်ိန္မွာေတာ့ ေမြးစကထက္ ကိုုယ္အေလးခ်ိန္သံုးဆခန္႔တိုးလာရမွာပဲ ျဖစ္ပါတယ္။ အၾကမ္းအားျဖင့္ ေပါင္ႏွစ္ဆယ္ဝန္းက်င္ခန္႔႐ွိေနရမွာပဲျဖစ္ပါတယ္။ ေမြးကင္းစက ကိုယ္အေလးခ်ိန္နည္းတဲ့ကေလးငယ္ေတြဟာ သည္အခ်ိန္မွာလည္း သတ္မွတ္စံၫႊန္းထက္နည္းေနႏိုင္တယ္ဆုိတာကို သတိျပဳဖို႔ရာထပ္မံသတိေပးခ်င္ပါတယ္။
ဒီေလာက္ဆိုရင္ မိမိရဲ႕ရင္ေသြးငယ္ဟာ ကိုယ္အေလးခ်ိန္မွန္မမွန္သိေလာက္ၾကမယ္ၿပီလို႔ထင္ပါတယ္။
ေမတၱာျဖင့္
စိုင္းျမတ္သူ