ပါဝင်သောဆေး-Azithromycin ၊
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်းရောဂါပိုးဝင်ခြင်းများ၊ နားပြည်ယိုခြင်း၊ အရေပြားနှင့် ကြွက်သားပျော့ ပိုးဝင်ခြင်းများ၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါပိုးဝင်ခြင်းများ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ၊ ခုခံအားကျဆင်းသော ရောဂါသည်များတွင် ဖြစ်တတ်သော တီဘီရောဂါပိုး၊ အဆုတ်ရောင်ရောဂါ၊ တင်ပဆုံအရိုးကွင်းအတွင်း ရောင်ရမ်းသော ရောဂါ။
သုံးစွဲရန်အညွှန်း- ၅၀၀ မီလီဂရမ် တစ်နေ့ ၁ကြိမ် ၃ရက်သောက်ရန်။ ရောဂါပေါ်မူတည်၍ ဆေးပမာဏနှင့် ဆေးပတ်လည်ကာလ မတူညီသဖြင့် ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲမသောက်ရ။ အစာမစားခင် ၁ နာရီ သို့ အစာစားပြီး ၂နာရီခြားပြီးမှ သောက်သုံးပါ။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့် သို့ အလားတူဆေးများနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အသည်းမကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့် အမှန်တကယ်လိုအပ်မှသာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး- ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်းစသော အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ၊ ယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဆေးမတည့်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ တက်ခြင်း၊ မူးဝေခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အစာအိမ်အက်ဆစ်ချေဖျက်ဆေးများ၏ စုပ်ယူမှုကိုကျစေပါသည်။ digoxin, ergot derivatives, carbamazepine, terfenadine, cyclosporine, hexobarbital, phenytoin, theophylline စသောဆေးများ၏ သွေးတွင်း ပမာဏကို တက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)