ပါဝင်သောဆေး-Azithromycin dihydrate၊
ဆေးပုံစံ-ဆေးပြားပုံစံ၊ ထိုးဆေးမှုန့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်းရောဂါပိုးဝင်ခြင်းများ၊ နားပြည်ယိုခြင်း၊ အရေပြားနှင့် ကြွက်သားပျော့ ပိုးဝင်ခြင်းများ၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ၊ ခုခံအားကျဆင်းသော ရောဂါသည်များတွင် ဖြစ်တတ်သော တီဘီရောဂါပိုး၊ အဆုတ်ရောင်ရောဂါ၊ တင်ပဆုံအရိုးကွင်းအတွင်း ရောင်ရမ်းသော ရောဂါ။
သုံးစွဲရန်အညွှန်း- ၅၀၀ မီလီဂရမ် တစ်နေ့ ၁ကြိမ် ၃ရက်သောက်ရန်။ ထိုးဆေး ၅၀၀ မီလီဂရမ် ၂ရက် ထိုးပြီး သောက်ဆေးဆက်သောက်ရန်။ ရောဂါပေါ်မူတည်၍ ဆေးပမာဏနှင့် ဆေးပတ်လည်ကာလ မတူညီသဖြင့် ဆရာဝန်နှင့် တိုင်ပင်သောက်သုံးပါ။
အစာနှင့်စားရန်သင့်မသင့်-အစာ ရှိရှိ မရှိရှိ သောက်နိုင်ပါသည်။ သို့သော် အစာစားပြီးမှ သောက်သုံးပါက ဘေးထွက်ဆိုးကျိုး ခံစားရမှုနည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့် သို့ အလားတူဆေးများနှင့် ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-အဆုတ်ရောင်ရောဂါ၊ ဆေးရုံတက်ရာမှ ကူးစက်သောရောဂါများ၊ ပြင်းထန်သောရောဂါများ ဖြစ်နေသူများ၊ ဆေးမမျိုချနိုင်သူများ၊ သောက်ဆေးအာနိသင်မပြလောက်သော လူနာများကို သောက်ဆေးဖြင့် မကုသင့်ပါ။ ပြင်းထန်သောဆေးမတည့်သည့်ပုံစံ အဖြစ်နည်းပါသည်။ သို့သော် ဆေးမတည့်သောလက္ခဏာများဖြစ်ပွားပါက ဆေးအသုံးပြုမှုကိုရပ်၍ လိုအပ်သောကုသမှုခံယူရပါမည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့် အမှန်တကယ်လိုအပ်မှသာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး- ဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ ပျို့ခြင်း၊ အန်ခြင်းစသော အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများ၊ ယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဆေးမတည့်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ တက်ခြင်း၊ မူးဝေခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-digoxin, ergot derivatives, cyclosporine, theophylline စသောဆေးများ၏ သွေးတွင်း ပမာဏကို တက်စေပါသည်။ antacid၊ အစာနှင့် တွဲမသောက်သင့်ပါ။
ဒေါက်တာချို(ဆေး ၁)