ပါဝင်သောဆေး-Dicyclomine, simethicone
ဆေးပုံစံ-သောက်ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများကြောင့် ဗိုက်အောင့်ခြင်း၊ လေပွခြင်း၊ လေအောင့်ခြင်း။
သုံးစွဲရန်အညွှန်း- လူကြီး ၁၀-၂၀စီစီ တစ်နေ့ ၃-၄ကြိမ်။ ၄၀စီစီထက်ပိုမသုံးသင့်ပါ။ ကလေး အသက် ၂-၁၂နှစ် ၁၀စီစီ တစ်နေ့ ၃-၄ကြိမ်။ ကလေး အသက် ၆လ-၂နှစ် ၅-၁၀စီစီ တစ်နေ့ ၃-၄ကြိမ်။
အစာနှင့်စားရန်သင့်မသင့်- အစားမစားခင် ၁၅မိနစ် ကြိုသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ ၆လအောက် ကလေးများ၊ မျက်လုံးတိမ်ရှိသူများ၊ ဆီးလမ်းကြောင်းနှင့် အူလမ်းကြောင်းပိတ်နေသူများ၊ အူမလှုပ်နိုင်သော အခြေအနေရှိသူများ၊ သွေးထွက်လွန်နေသူများနှင့် အစာမျိုပြွန်ရောင်နေသူများ။
သတိပြုရမည့်အချက်များ-အဖျားတက်နေသောကလေးများမသုံးသင့်ပါ။ ပန်းနာရင်ကြပ်ရှိသူများ၊ ရင်ခေါင်းအတွင်း အစာအိမ်ကျွံနေသူများ၊ နှလုံးကြွက်သားပုပ်သူများ၊ နှလုံးခုန်မြန်သူများ၊ အသက်ရူလမ်းကြောင်းပြဿနာများ၊ အသည်းနှင့် ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက်ကြီးသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သတိပြု သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-မျက်လုံးအတွင်း ဖိအားများခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အစာမျိုရခက်ခဲခြင်း၊ အစာပြောခက်ခဲခြင်း၊ ရေငတ်ခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း၊ နှလုံးခုန်နှေးခြင်း နောက် ပြန်မြန်လာခြင်း၊ ရင်တုန်ခြင်း၊ ဆီးသွားရခက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း စသည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Anticholinergics ဆေးများ၏ အာနိသင်ကို တက်စေပါသည်။ Reserpine, guanethedine ဆေးများ၏အစာအိမ်အက်ဆစ်ထွက်ခြင်း အာနိသင်ကို ကျစေပါသည်။ အစာအိမ်အက်ဆစ်နည်းစေသောဆေးများ၏ စုပ်ယူမှုကို ကျစေပါသည်။
ဒေါက်တာချို(ဆေး ၁)