All Articlesပိုးသေဆေးများ

Axcel cephalexin (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read
All Articlesပိုးသေဆေးများ

Axcel cephalexin (ပိုးသတ်ဆေး အမျိုးအစား)

1 Mins read

ပါဝင်သောဆေး-Cephalexin၊

ဆေးပုံစံ-ဆေးတောင့်ပုံစံ၊ သောက်ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-လေပြွန်ရောင်ခြင်း၊ အဆုတ်ပြွန်များ ဖောင်းကြွရောင်ရမ်းခြင်း၊ နားပြည်ယိုခြင်း၊ ထိပ်ခတ်နာ၊ အာသီးရောင်ခြင်း၊ အစာမျိုပြွန်ရောင်ခြင်း။ ကျောက်ကပ်ရောင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း နှင့် အခြားသောဆီးလမ်းကြောင်း ပိုးဝင်ခြင်းများ။ သားဖွားမီးယပ် ရောဂါပိုးများ၊ အရေပြားနှင့် အရိုး ပိုးဝင်ခြင်း။ ဆီးပူညောင်းကျရောဂါနှင့် သွားနှင့် သွားဖုံးဆိုင်ရာ ကုသမှုများတွင် အသုံးပြုသည်။
သုံးစွဲရန်အညွှန်း- လူကြီးများနှင့် အသက် ၁၂နှစ်အထက်ကလေးများ- ၅၀၀-၁၀၀၀မီလီဂရမ် တစ်နေ့ ၂-၃ကြိမ်။
၁၂ နှစ်အောက်ကလေးများ-၂၅-၆၀ မီလီဂရမ်/ကီလိုဂရမ်/တစ်နေ့ (အသက်အရွယ်နှင့် ရောဂါပေါ် မူတည်၍ သုံးစွဲရမည့် ဆေးပမာဏ ညှိရန်လိုအပ်ပါသည်။ ကျောက်ကပ်မကောင်းပါက ဆေးပမာဏကို သေချာစွာ တွက်ချက်အသုံးပြုရပါမည်။)
အစာနှင့်စားရန်သင့်မသင့်-အစာရှိရှိ မရှိရှိ သောက်နိုင်ပါသည်။ အစာနှင့် တွဲသောက်ပါက အစာအိမ်မအီမသာ ဖြစ်ခြင်းကိုလျော့နည်းစေပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ပိုးသတ်ဆေးနှင့် မတည့်သူများ၊ ကျောက်ကပ်မကောင်းသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။ ဆေးသုံးစွဲနေစဉ် ဝမ်းလျောပါက အူမကြီးရောင်ခြင်း ဖြစ်နိုင်သည်ကို သတိပြုပါ။ ဆေးကို ကြာရှည်စွာသုံးစွဲခြင်း၊ ခဏခဏ ပြန်သုံးနေခြင်းကို ရှောင်ကြဉ်ပါ။

ဘေးထွက်ဆိုးကျိုး-အစာအိမ်နှင့် အူလမ်းကြောင်းတွင် မအီမသာဖြစ်ခြင်း၊ အင်ပြင်ထခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ဖျားခြင်း၊ ယားယံခြင်းစသော ဓာတ်မတည့်ခြင်းများ။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-အီစတိုဂျင်ဟော်မုန်းပါသော ကိုယ်ဝန်တားဆေးများ၏ အာနိသင်ကို ကျစေပါသည်။ probenecid ဆေး၏ ကျောက်ကပ်မှစွန့်ထုတ်မှုကို ကျစေပါသည်။ ကျောက်ကပ်ထိခိုက်သောဆေးများနှင့် တွဲမသုံးရပါ။ frusemide ဆီးဆေးနှင့် တွဲသုံးပါက ကျောက်ကပ်ထိခိုက်စေပါသည်။
ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *