All Articlesပိုးသေဆေးများ

Axcel cefuroxime

1 Mins read
All Articlesပိုးသေဆေးများ

Axcel cefuroxime

1 Mins read

ပါဝင်သောဆေး-Cefuroxime၊

ဆေးပုံစံ-ဆေးတောင့်ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အသက်ရူလမ်းကြောင်း၊ ဆီးနှင့် မျိုးပွားအင်္ဂါလမ်းကြောင်း၊ အရေပြား၊အဆီ နှင့် အခြားသော တစ်သျှူးပျော့များ ပိုးဝင်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ ဆီးလမ်းကြောင်းရောင်ခြင်း၊ သားအိမ်ခေါင်းရောင်ခြင်း။
သုံးစွဲရန်အညွှန်း- ရောဂါပေါ်မူတည်၍ ၁၂၅-၅၀၀ မီလီဂရမ် တစ်နေ့ ၂ကြိမ် သုံးစွဲနိုင်ပါသည်။
အစာနှင့်စားရန်သင့်မသင့်-အစာနှင့် တွဲသောက်ရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊။
သတိပြုရမည့်အချက်များ-ပင်နီဆလင်၊ cephalosporin စသော ပိုးသတ်ဆေးများနှင့် မတည့်သူများ သတိပြုသုံးစွဲပါ။ ဆေးကို ကြာရှည်အသုံးမပြုသင့်ပါ။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၃လအောက် ကလေးများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲပါ။ ဆေးသုံးစွဲပြီးနောက် ဝမ်းလျောသူများသည် အမြှေးပါးတုဖြစ်သော အူရောင်ခြင်းဖြစ်တတ်ပါသည်။

ဘေးထွက်ဆိုးကျိုး-ဝမ်းလျောခြင်း၊ ပျို့ခြင်း၊အန်ခြင်း၊ အမြှေးပါးတုဖြစ်သော အူရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးတွင်းအသည်းဓာတ် ခဏတာတက်ခြင်း။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-သွေးတွင်း Probenecid ဆေးပမာဏကိုတက်စေပါသည်။ အစာအိမ်အက်ဆစ်နည်းစေသောဆေးများနှင့်တွဲသုံးပါက ဆေးစုပ်ယူမှုကို ကျစေပါသည်။ ဆီးဆေးသောက်သုံးနေသူများ သတိပြုသုံးစွဲပါ။

ဒေါက်တာချို(ဆေး ၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

The most common form of depression

1 Mins read
လူပြောများနေသော စိတ်ကျရောဂါ ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Depression

1 Mins read
သဝန်တိုစိတ်လွန် စိတ်ရောဂါ သဝန်တိုစိတ်ဆိုတာ မြင်လိုက်တာနဲ့ ကိုယ့်ကောင်လေး/ကောင်မလေး ပြေးမြင်လိုက်ပြီဆို စိတ်မကောင်းပါဘူး သဝန်မတိုရအောင် နေနေရတဲ့ ဘဝကို စာနာပါတယ် …ဟုတ်ပါတယ်…သဝန်တိုစိတ်ဆိုတာ လူတိုင်းဆီမှာ ရှိတတ်တဲ့ စိတ်ခံစားချက်ပါ…ထပ်ပြောရရင် ချစ်တတ်တဲ့သူတွေဆီမှာ အများဆုံးရှိတတ်တဲ့ အရာတစ်ခု ဆိုရင်လည်း မမှားပါဘူး….FA တွေကတော့ ကံကောင်းပါတယ်…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *