ပါဝင်သောဆေး-Lactulose
ဆေးပုံစံ-ဆေးရည်ပုံစံ။
အသုံးပြုနိုင်သော သူများ-ဝမ်းချုပ်ခြင်း၊ ပိုးသတ်ဆေးသောက်သုံးခြင်းကြောင့် အူတွင်းရှိ အကျိုးပြု ပိုးမွှားများ ပျက်စီးခြင်း၊ အူရောဂါများ၊ အသည်းရောဂါများကြောင့် သွေးတွင်း အမိုးနီးယားဓာတ်များခြင်း၊ သွားဖုံးနှင့် သွားရောဂါများ။
သုံးစွဲရန်အညွှန်း-လူကြီး တစ်နေ့ လက်ဖက်ရည်ဇွန်း ၃-၆ ဇွန်း၊ ကလေး ၃ဇွန်း၊ သို့ ဆရာဝန် ညွှန်ကြားသည့်အတိုင်း သုံးစွဲပါ။
အစာနှင့်စားရန်သင့်မသင့်- မသင့်။
ဘေးထွက်ဆိုးကျိုး-လေပွခြင်း၊ ဝမ်းလျောခြင်း၊ သတ္တုဓာတ်များဆုံးရူံးခြင်း။
သတိပြုရန် အချက်များ-ကိုယ်ဝန်ဆောင်များနှင့် ဘေးထွက်ဆိုးကျိုးတစ်ခုခုခံစားရသူများ ဆရာဝန်နှင့် တိုင်ပင်ပါ။ ဆီးချိုသမားများ ဆီးချိုတက်တတ်ပါသည်။ ဆေးများသွားပါက ဝမ်းလျောစေပါသည်။ ဆေးသုံးစွဲမှုရပ်ပါ။ ဆေးသုံးစွဲစဉ် ရေနှင့် သတ္တုဓာတ်များဖြည့်တင်းပေးပါ။ လေပွစေသော၊ အစာကြေရန်မလွယ်ကူသော အစာများနှင့် ဂတ်ပါသော အအေးများရှောင်ကြဉ်ပါ။
လုံးဝအသုံးမပြုသင့်သောသူများ- ပါဝင်သောဆေးနှင့် ဓာတ်မတည့်သူများ၊ lactose နှင့် galactose စသော သကြားဓာတ်မတည့်သူများ၊ အူပိတ်နေသူများ။
တွဲဖက် အသုံးမပြုသင့်သော ဆေးဝါးများ-နှလုံးဆေး( cardiac glycosides) နှင့်တွဲမသုံးသင့်ပါ။