Good Ways to Avoid Scarring After an Injury

ဒဏ်ရာရပြီးနောက်အမာရွတ်ထင်မကျန်ရန် နည်းလမ်းကောင်းများ။

ဒဏ်ရာနဲ့အမာရွတ်ဆိုတာခွဲခြားမရနိုင်တဲ့အရာတွေပါ။ လူ့ခန္ဓာကိုယ်မှာ ခွဲစိတ်လို့ပဲဖြစ်ဖြစ်၊ထိခိုက်ဒဏ်ရာရလို့ပဲဖြစ်ဖြစ် သဘာဝအတိုင်းအနာကျက်သွားတဲ့အခါ အမာရွတ်ဆိုတာအနည်းနဲ့အများဖြစ်ပေါ်စမြဲပါ။ ဒဏ်ရာကြီးလေ အမာရွတ်ကကြီးမားပြီးကုသရခက်ပေမယ့် ဒဏ်ရာအသေးစားလေးတွေမှာတော့ အမာရွတ်ကိုမသိသာအောင်လုပ်လို့ရနိုင်တဲ့နည်းလမ်းလေးတွေရှိပါတယ်။ ဒါကြောင့်မို့ ထိခိုက်ဒဏ်ရာတွေရပြီး အမာရွတ်သိသာထင်ရှားစွာ ထင်ကျန်မနေရစ်စေရန်ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကိုအောက်မှာဖော်ပြပေးလိုက်ရပါတယ်။

ဒဏ်ရာရပြီးနောက် အမာရွတ်ထင်မကျန်စေရန်ဘယ်လိုလုပ်မလဲ?

၁။ထိခိုက်ပြတ်ရှနာ၊ကုတ်ခြစ်ပေါက်ပြဲနာများကို အစဉ်အမြဲသန့်ရှင်းနေအောင်ထားပါ။ အဆိုပါအနာများကို ဆပ်ပြာပျော့ပျော့နှင့်ရေဖြင့် နူးညံ့စွာဆေးကြောပေးပါက ရောဂါပိုးများနဲ့အသားစအရိအရွဲတွေကိုစင်ကြယ်စေပြီးအနာကျက်ခြင်းကိုမြန်ဆန်စေကာ အမာရွတ်ကိုလျော့ပါးသက်သာစေပါတယ်။

၂။အနာကိုစိုစွတ်အေးမြနေစေရန် petroleum jelly ကဲ့သို့သောလိမ်းဆေးများလိမ်းပေးနိုင်ပါတယ်။ ၎င်းဟာ အနာကိုခြောက်သွေ့ခြင်းမှကာကွယ်ပေးပြီး အနာကျက်ခြင်းကိုမြန်စေရုံမက ယားယံခြင်းကိုလဲသက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အမာရွတ်အရွယ်အစားကိုလဲသေးစေနိုင်ပါတယ်။

၃။အထက်ပါလိမ်းဆေးများလိမ်းပြီးပါက စိုစွတ်စေးကပ်သော hydrogel(သို့)silicone gel sheets များဖြင့်အနာကိုဖုံးအုပ်ပေးပါ။ ကြီးမားသောအနာများ၊အပူလောင်ခြင်းများတွင် ဤနည်းအတိုင်းပြုလုပ်ပေးပါက အမာရွတ်အရွယ်အစားကိုလျော့နည်းစေနိုင်ပါတယ်။

၄။အနာများကိုနေ့စဉ် ဆေးကြောသန့်စင်၍ ဆေးလိမ်းခြင်းပြုလုပ်ပေးပါ။ သို့မှသာ အနာဟာအမြဲသန့်ရှင်းနေပြီး အနာကျက်မြန်ကာ အမာရွတ်ကိုလဲသက်သာစေမှာဖြစ်ပါတယ်။

၅။အကယ်၍အနာကိုချုပ်ရန်လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်းတိကျစွာလိုက်နာပါ။ အနာကိုမည်သို့မည်ပုံ ထိန်းသိမ်းရမည်၊မည်သည့်ဆေးထည့်ရမည်၊မည်သည့်နေ့တွင်ရက်ချိန်းပြရမည်၊ချုပ်ရိုးဖြေရမည်ကို ညွှန်ကြားချက်အတိုင်းလိုက်ပါလုပ်ဆောင်ခြင်းဖြင့် အမာရွတ်အရွယ်အစားကိုလျှော့ချနိုင်ပါတယ်။

၆။အနာကျက်ပြီးပါက နေရောင်ကာလိမ်းဆေးလိမ်းပေးပါ။ နေရောင်ခြည်ကိုကာကွယ်ခြင်းဟာ အမာရွတ်နီရဲခြင်း၊ညိုမည်းခြင်းစတာတွေကိုသက်သာစေလို့အမာရွတ်ကိုအရောင်ဖျော့စေနိုင်ပါတယ်။ SPF 30 နှင့်အထက် broad spectrum sunscreen များကိုလိမ်းပေးသင့်ပါတယ်။

၇။အမာရွတ်ပျောက်ဆေးများလိမ်းပေးခြင်း။ စစ်မှန်ပြီး အရည်အသွေးပြည့်ဝထိရောက်သော အမာရွတ်ပျောက်ဆေးများလိမ်းခြင်းဖြင့်လဲ အမာရွတ်များကိုသက်သာလျော့ပါးစေနိုင်ပါတယ်။

မည်သည့်အမာရွတ်မျှ လုံးဝဥဿုံပျောက်ကင်းခြင်းမရှိနိုင်ပေမယ့် စနစ်တကျဂရုစိုက်လျှင်အချိန်ကြာလာတာနှင့်အမျှ မသိသာတော့ပဲမှေးမှိန်သွားမှာပဲဖြစ်ပါတယ်။
အမာရွတ်ကင်းစင်၍ ပြစ်မျိုးမထင်သောအရေပြားလေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။

dr.ye’lwin mm

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…