ပါဝင်သောဆေး-Simethecone, alverine
ဆေးပုံစံ-ဆေးတောင့်ပျော့ပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-အစာအိမ်နှင့် အူလမ်းကြောင်းရောဂါဝေဒနာများသက်သာစေရန် (ဥပမာ-အူမကြီး လှုပ်ရှားမှုမမှန်သောရောဂါ IBS, အစာအိမ်အနာများ၊ ဗိုက်အောင့်ခြင်းများ)၊ ရာသီလာစဉ် ကိုက်ခဲခြင်း။
သုံးစွဲရန်အညွှန်း- ၁ လုံး တစ်နေ့ ၁-၃ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာစားပြီးသောက်ရန် သို့ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သုံးစွဲရန်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ၊ အူပိတ်နေသူများ၊ အူမလှုပ်သောအခြေအနေရှိသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် ၁၂နှစ်အောက် ကလေးများ။
သတိပြုရမည့်အချက်များ-သွေးပေါင်ကျတတ်သူများ မသုံးစွဲသင့်ပါ။
ဘေးထွက်ဆိုးကျိုး-ဓာတ်မတည့်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ယားယံခြင်း၊ အရေပြားတွင် အနီစက်များထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ သွေးပေါင်ကျတတ်ခြင်း။
ဒေါက်တာချို(ဆေး ၁)