အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၇)

တစ်ခါကတော့ ကျွန်မတို့ ကစားကွင်း သွားကြတယ်
သူမဆော့နိုင်မှန်း သိပါတယ်
ဆော့လို့ရတာလေးတွေပဲပေါ့
ကျွန်မက သူ့ကိုချီပြီး ဒန်းစီး၊ အမျိုးသားကလွှဲ
ဒါလောက်လေးပါပဲ
ကြာကြာလည်း သူမနေပါဘူး

ဟိုကြည့် ဒီကြည့်
ဟိုလျှောက်ဒီလျှောက်

အဲဒီမှာ အသိတစ်ယောက် တွေ့ပါရော
ကျောင်းတုန်းက အသိပါ
တွေ့တာနဲ့

ယူ့ကို အိုင် မတွေ့တာ ကြာပြီ
ဒါ ယူ့အမျိုးသားလား

ဟုတ်တယ်
ဘယ်လာတာလဲ

အို
အိုင့်အိမ်က ကလေးတွေ ကစားကွင်း လာပို့တာလေ
သူတို့ကို နိုင်ငံခြားကျောင်းထားတာ
တစ်ယောက်က Grade3 တစ်ယောက်က grade 5
Holiday ရတုန်းလေး ပေးကစားရတာ
ကလေးတွေက စာမှစာ ဖြစ်နေလို့လေ
ဒါယူ့ကလေးလား
ချစ်စရာလေးပဲ
ဘယ်ကျောင်းထားလဲ

ထားလို့ မရပါဘူးဟယ်
ငါ့ကလေးက အော်တစ်ဇင် မို့လို့ လောလောဆယ် သင်တန်းပဲ ပို့နေရသေးတယ်

အို
Oh my god
ယူ့ဘဝကလည်း အဆင်မပြေလိုက်တာ
အိုင်ကြားဖူးတာ အော်တစ်ဇင်တွေက ဘာမှ သင်လို့ မရဘူးဆို
ဘယ်လိုလုပ်မလဲ

ရပါတယ်
ရသလောက်တော့ Tryကြည့်ရတာပေါ့

မျိုးရိုးကလည်း လိုက်တတ်သေးဆို

ကံသေကံမတော့ မဟုတ်ဘူးပြောပါတယ်

အေးကွာ
ယူ့သတင်းကြားရတာ so sorryပါ
အိုင်သွားတော့မယ်နော်

အဲသည်လို လူတွေနဲ့လည်း တွေ့ခဲ့ရပါတယ်
သူစိမ်းပြင်ပြင်မဟုတ်၊ ကိုယ့်ငယ်ငယ်က အသိက ပြောတာ
အားမပေးတဲ့အပြင် ရေနစ်သူ ဝါးကူထိုးနေသလိုပါ
အမျိုးသားကတောင် မေးတယ်
မေ့ဟာက ဘာကြီးတုန်းကွာဆိုပြီး

သည်လိုလူတွေနဲ့ တွေ့ပြီး စိတ်ဆင်းရဲရဘူးသလို
သူတော်ကောင်းတွေနဲ့တွေ့ပြီး စိတ်ချမ်းသာရတာလည်း ရှိဖူးပါတယ်

ခရီးထွက်တုန်းကပေါ့
သူ့ကို ကားပေါ်တင်တုန်းက အကောင်း
ကားက Expressပေမယ့် အသေးလေးပါ
၁၇ယောက်လောက်ပဲ လိုက်လို့ရမှာ
ကိုယ်က ၆ယောက်ဆိုတော့ ကျန်တဲ့ ၁၁ယောက်က သူစိမ်း
သွားတာက ကျိုက်ထီးရိုး တစ်ညအိပ်တင်ပါ

ဒါပေမယ့် လမ်းကျတော့ သူကျီကျပါလေရော
ကျွန်မတို့တစ်တွေ ဘယ်လိုမှ ချော့လို့မရ
ခရီးသည်တွေလည်း အားနာ
နောက်ဆုံးကျတော့ ကားပေါ်က သဘောကောင်းကောင်း မိသား၂စုဆိုတော့ လက်ခုပ်တီးပြီး ကလေး သီချင်း ဝိုင်းဆိုကြပါရော
ကလေးက လက်ခုပ်တီးတာ သဘောကျလို့ လက်ခုပ်လိုက်တီး၊ ဝူးဝူးဝါးဝါးလိုက်အော်ပြီး ခဏကြာတော့ ပင်ပန်းပြီး ငြိမ်သွားတယ်

အဲဒီထဲက အမျိုးသမီးတစ်ယောက် လက်ထဲက အိတ်ဆောင်ပန်ကာလေးကိုလည်း လုတာလေ
ကျွန်မဖြင့် မျက်နှာပူလိုက်တာ
ဒါပေမယ့် ဟိုအမျိုးသမီးက သဘောကောင်းတယ်
အပိုင်ပေးလိုက်လေရဲ့
တစ်လမးလုံး အသွားရောအပြန်ရော ပန်ကာနဲ့တင် ထိန်းစရာ မလိုတော့တာ
တော်ပါသေးရဲ့လေ

သြော်
သူလေးနဲ့မှပဲ လူပေါင်းစုံ လောကသဘာဝပေါင်းစုံ ရယ်စရာငိုစရာပေါင်းစုံ ကြုံရတော့တယ်လေ

သည်လိုနဲ့ အချိန်တွေလည်း ကြာသွားပါပြီ
ကျွန်မ မရွှေရည်ဝင်းဆီလည်း သွားသည်
သူ့သားနဲ့ ကျွန်မသမီးလည်း ကစားကြပါပြီ
သို့သော် အော်တစ်ဇင်တို့ ထုံးစံပေါ့
ကိုယ့်အာရုံနဲ့ကိုယ် ကိုယ့်ကစားနည်းနဲ့ကိုယ်

မရွှေရည်ဝင်းကလည်း ကျွန်မတို့ သားအမိနှင့် ဘုရားသွားသည်
လေ့ကျင့်ရေးကျောင်းတွေ လိုက်အပ်ပေးသည်
အခုတော့ အရာရာဟာ သမီးလေး ဖြစ်ခဲ့ပါပြီ

ကျွန်မသမီးလေးလို လူသားတွေကို ဗုဒ္ဓဘာသာမှာ ပဋိသန္ဓေစိတ် အနိမ့်နဲ့ ဝင်စားတယ်လို့ ဆိုကြတယ် ကြားတုန်းက ဆတ်ဆတ်ခါ နာခဲ့ပါတယ်
ဒါပေမယ့် တကယ်တမ်း ထဲထဲဝင်ဝင် လေ့လာကြည့်တော့မှ ဘုရားက နှိမ်ထားတာ မဟုတ်ရပါဘူး
ရခဲလှတဲ့ လူ့ဘဝမို့ တတ်စွမ်းသလောက် ကုသိုလ်ပြုခိုင်းခဲ့ပါတယ်
ကျွန်မလည်း ကိုယ်စွမ်းရှိသလောက်တော့ လုပ်ပေးရတာပေါ့
ဒါကြောင့် သမီးလေးက ခုဆို ဦးတော်ဆို ဦးချတတ်နေပြီ
ဘုန်းဘုန်းဆို လက်အုပ်ချီမိုး ရှိခိုးတတ်နေပြီ
ဘာလှူလှူလည်း သူ့လက်နဲ့ လှူစေခဲ့ပြီ
မရွှေဝင်း သားလေးဆို ရှင်တောင် ပြုပေးခဲ့ပြီ

ဒါပေါ့လေ
လူတန်းစေ့ သင်္ကန်းတောင်း၊ သိမ်ဝင်တော့ မလုပ်နိုင်ဘူးပေါ့
ဒါပေမယ့် ဘာပဲပြောပြော ရှင်ပြုခွင့်၊ ရဟန်းအမဖြစ်ခွင့်တော့ ရှိပါသေးတယ်လေ

ပြီးတော့ ဝမ်းသာစရာ နောက်တစ်ခုက ကျွန်မမှာ သားလေးတစ်ယောက် ရခဲ့ပါပြီ
အခုဆို ၂နှစ်ခွဲ
စကားတွေတောင် တွတ်တီးတွတ်တာ ပြောစပြုနေပြီ
ဟိုတစ်လုံး ဒီတစ်လုံးပေါ့
တော်သေးရဲ့
သားလေးကတော့ ပုံမှန်ပါပဲ
ဒီလိုပါပဲ လူ့ဘဝဆိုတာ အသက်တစ်ရာသာမနေရ၊ အမှုတစ်ရာ ကြုံရ မဟုတ်လားလေ
အခုတော့
မျက်ရည်လည်ရွဲ မွေးခဲ့ရတဲ့ သမီးလေးက ကုသိုလ်လမ်းမှာ နိဗ္ဗာန်ဆော်လေး ဖြစ်ခဲ့ပါပြီ

သားလေးရှင်ပြုတဲ့ တစ်နေ့ သူလေးကိုလည်း နားသဖို့ မျှော်လင့်ချက်တွေ အပြည့်နဲ့ ရှေ့ဆက်နေပါတယ်လေ။

ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၇)

တစ္ခါကေတာ့ ကြၽန္မတို႔ ကစားကြင္း သြားၾကတယ္
သူမေဆာ့နိုင္မွန္း သိပါတယ္
ေဆာ့လို႔ရတာေလးေတြပဲေပါ့
ကြၽန္မက သူ႔ကိုခ်ီၿပီး ဒန္းစီး၊ အမ်ိဳးသားကလႊဲ
ဒါေလာက္ေလးပါပဲ
ၾကာၾကာလည္း သူမေနပါဘူး

ဟိုၾကည့္ ဒီၾကည့္
ဟိုေလ်ွာက္ဒီေလ်ွာက္

အဲဒီမွာ အသိတစ္ေယာက္ ေတြ႕ပါေရာ
ေက်ာင္းတုန္းက အသိပါ
ေတြ႕တာနဲ႔

ယူ႔ကို အိုင္ မေတြ႕တာ ၾကာၿပီ
ဒါ ယူ႔အမ်ိဳးသားလား

ဟုတ္တယ္
ဘယ္လာတာလဲ

အို
အိုင့္အိမ္က ကေလးေတြ ကစားကြင္း လာပို႔တာေလ
သူတို႔ကို နိုင္ငံျခားေက်ာင္းထားတာ
တစ္ေယာက္က Grade3 တစ္ေယာက္က grade 5
Holiday ရတုန္းေလး ေပးကစားရတာ
ကေလးေတြက စာမွစာ ျဖစ္ေနလို႔ေလ
ဒါယူ႔ကေလးလား
ခ်စ္စရာေလးပဲ
ဘယ္ေက်ာင္းထားလဲ

ထားလို႔ မရပါဘူးဟယ္
ငါ့ကေလးက ေအာ္တစ္ဇင္ မို႔လို႔ ေလာေလာဆယ္ သင္တန္းပဲ ပို႔ေနရေသးတယ္

အို
Oh my god
ယူ႔ဘဝကလည္း အဆင္မေျပလိုက္တာ
အိုင္ၾကားဖူးတာ ေအာ္တစ္ဇင္ေတြက ဘာမွ သင္လို႔ မရဘူးဆို
ဘယ္လိုလုပ္မလဲ

ရပါတယ္
ရသေလာက္ေတာ့ Tryၾကည့္ရတာေပါ့

မ်ိဳးရိုးကလည္း လိုက္တတ္ေသးဆို

ကံေသကံမေတာ့ မဟုတ္ဘူးေျပာပါတယ္

ေအးကြာ
ယူ႔သတင္းၾကားရတာ so sorryပါ
အိုင္သြားေတာ့မယ္ေနာ္

အဲသည္လို လူေတြနဲ႔လည္း ေတြ႕ခဲ့ရပါတယ္
သူစိမ္းျပင္ျပင္မဟုတ္၊ ကိုယ့္ငယ္ငယ္က အသိက ေျပာတာ
အားမေပးတဲ့အျပင္ ေရနစ္သူ ဝါးကူထိုးေနသလိုပါ
အမ်ိဳးသားကေတာင္ ေမးတယ္
ေမ့ဟာက ဘာႀကီးတုန္းကြာဆိုၿပီး

သည္လိုလူေတြနဲ႔ ေတြ႕ၿပီး စိတ္ဆင္းရဲရဘူးသလို
သူေတာ္ေကာင္းေတြနဲ႔ေတြ႕ၿပီး စိတ္ခ်မ္းသာရတာလည္း ရွိဖူးပါတယ္

ခရီးထြက္တုန္းကေပါ့
သူ႔ကို ကားေပၚတင္တုန္းက အေကာင္း
ကားက Expressေပမယ့္ အေသးေလးပါ
၁၇ေယာက္ေလာက္ပဲ လိုက္လို႔ရမွာ
ကိုယ္က ၆ေယာက္ဆိုေတာ့ က်န္တဲ့ ၁၁ေယာက္က သူစိမ္း
သြားတာက က်ိဳက္ထီးရိုး တစ္ညအိပ္တင္ပါ

ဒါေပမယ့္ လမ္းက်ေတာ့ သူက်ီက်ပါေလေရာ
ကြၽန္မတို႔တစ္ေတြ ဘယ္လိုမွ ေခ်ာ့လို႔မရ
ခရီးသည္ေတြလည္း အားနာ
ေနာက္ဆံုးက်ေတာ့ ကားေပၚက သေဘာေကာင္းေကာင္း မိသား၂စုဆိုေတာ့ လက္ခုပ္တီးၿပီး ကေလး သီခ်င္း ဝိုင္းဆိုၾကပါေရာ
ကေလးက လက္ခုပ္တီးတာ သေဘာက်လို႔ လက္ခုပ္လိုက္တီး၊ ဝူးဝူးဝါးဝါးလိုက္ေအာ္ၿပီး ခဏၾကာေတာ့ ပင္ပန္းၿပီး ၿငိမ္သြားတယ္

အဲဒီထဲက အမ်ိဳးသမီးတစ္ေယာက္ လက္ထဲက အိတ္ေဆာင္ပန္ကာေလးကိုလည္း လုတာေလ
ကြၽန္မျဖင့္ မ်က္နွာပူလိုက္တာ
ဒါေပမယ့္ ဟိုအမ်ိဳးသမီးက သေဘာေကာင္းတယ္
အပိုင္ေပးလိုက္ေလရဲ႕
တစ္လမးလံုး အသြားေရာအျပန္ေရာ ပန္ကာနဲ႔တင္ ထိန္းစရာ မလိုေတာ့တာ
ေတာ္ပါေသးရဲ႕ေလ

ေၾသာ္
သူေလးနဲ႔မွပဲ လူေပါင္းစံု ေလာကသဘာဝေပါင္းစံု ရယ္စရာငိုစရာေပါင္းစံု ၾကဳံရေတာ့တယ္ေလ

သည္လိုနဲ႔ အခ်ိန္ေတြလည္း ၾကာသြားပါၿပီ
ကြၽန္မ မေ႐ႊရည္ဝင္းဆီလည္း သြားသည္
သူ႔သားနဲ႔ ကြၽန္မသမီးလည္း ကစားၾကပါၿပီ
သို႔ေသာ္ ေအာ္တစ္ဇင္တို႔ ထံုးစံေပါ့
ကုိယ့္အာရံုနဲ႔ကိုယ္ ကိုယ့္ကစားနည္းနဲ႔ကိုယ္

မေ႐ႊရည္ဝင္းကလည္း ကြၽန္မတို႔ သားအမိနွင့္ ဘုရားသြားသည္
ေလ့က်င့္ေရးေက်ာင္းေတြ လိုက္အပ္ေပးသည္
အခုေတာ့ အရာရာဟာ သမီးေလး ျဖစ္ခဲ့ပါၿပီ

ကြၽန္မသမီးေလးလို လူသားေတြကို ဗုဒၶဘာသာမွာ ပဋိသေႏၶစိတ္ အနိမ့္နဲ႔ ဝင္စားတယ္လို႔ ဆိုၾကတယ္ ၾကားတုန္းက ဆတ္ဆတ္ခါ နာခဲ့ပါတယ္
ဒါေပမယ့္ တကယ္တမ္း ထဲထဲဝင္ဝင္ ေလ့လာၾကည့္ေတာ့မွ ဘုရားက နွိမ္ထားတာ မဟုတ္ရပါဘူး
ရခဲလွတဲ့ လူ႔ဘဝမို႔ တတ္စြမ္းသေလာက္ ကုသိုလ္ျပဳခိုင္းခဲ့ပါတယ္
ကြၽန္မလည္း ကိုယ္စြမ္းရွိသေလာက္ေတာ့ လုပ္ေပးရတာေပါ့
ဒါေၾကာင့္ သမီးေလးက ခုဆို ဦးေတာ္ဆို ဦးခ်တတ္ေနၿပီ
ဘုန္းဘုန္းဆို လက္အုပ္ခ်ီမိုး ရွိခိုးတတ္ေနၿပီ
ဘာလွဴလွဴလည္း သူ႔လက္နဲ႔ လွဴေစခဲ့ၿပီ
မေရႊဝင္း သားေလးဆို ရွင္ေတာင္ ျပဳေပးခဲ့ၿပီ

ဒါေပါ့ေလ
လူတန္းေစ့ သကၤန္းေတာင္း၊ သိမ္ဝင္ေတာ့ မလုပ္နိုင္ဘူးေပါ့
ဒါေပမယ့္ ဘာပဲေျပာေျပာ ရွင္ျပဳခြင့္၊ ရဟန္းအမျဖစ္ခြင့္ေတာ့ ရွိပါေသးတယ္ေလ

ၿပီးေတာ့ ဝမ္းသာစရာ ေနာက္တစ္ခုက ကြၽန္မမွာ သားေလးတစ္ေယာက္ ရခဲ့ပါၿပီ
အခုဆို ၂နွစ္ခြဲ
စကားေတြေတာင္ တြတ္တီးတြတ္တာ ေျပာစျပဳေနၿပီ
ဟိုတစ္လံုး ဒီတစ္လံုးေပါ့
ေတာ္ေသးရဲ႕
သားေလးကေတာ့ ပံုမွန္ပါပဲ
ဒီလိုပါပဲ လူ႔ဘဝဆိုတာ အသက္တစ္ရာသာမေနရ၊ အမႈတစ္ရာ ႀကံဳရ မဟုတ္လားေလ
အခုေတာ့
မ်က္ရည္လည္႐ြဲ ေမြးခဲ့ရတဲ့ သမီးေလးက ကုသိုလ္လမ္းမွာ နိဗၺာန္ေဆာ္ေလး ျဖစ္ခဲ့ပါၿပီ

သားေလးရွင္ျပဳတဲ့ တစ္ေန႔ သူေလးကိုလည္း နားသဖို႔ ေမ်ွာ္လင့္ခ်က္ေတြ အျပည့္နဲ႔ ေရွ႕ဆက္ေနပါတယ္ေလ။

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *