အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၆)
ကျွန်မ အမျိုးသား တစ်ခုခု မေးချင်နေပုံရသည်
ကျွန်မ သဘောတူသည်ဟု မျက်ရိပ်ပြလိုက်ပါသည်
ဆရာ
နောက်ကလေး ယူရင်ရော ဖြစ်နိုင်ချေလေး…
ဟယ်
သူ ဒီအထိ စဉ်းစားနေတာပါလား
ရုံးခန်းမှာ တစ်ပတ်သွားနေတုန်း သူလည်းတော်တော် အတွေးရောက်ခဲ့တာပဲ
အဲဒီလိုတော့ အတိအကျ မရှိဘူးဗျ
အော်တစ်ဇင် မွေးဖူးတဲ့ မိသားစုကတော့ သတိထားရမှာပေါ့
ဒါပေမယ့် မျိုးရိုးလိုက်တယ်လည်း ဆိုလို့မရသလို မလိုက်ဘူးလည်း ပြောလို့မရတဲ့ ရောဂါပါ
အို
အတွေးရ ကျပ်လိုက်တာ
ဒုက္ခ
ယောကျားလေးမှာက မိန်းကလေးထက် ၃-၄ဆ ပိုဖြစ်နိုင်ခြေ ရှိတာပေါ့
အမွှာဆိုလည်း ပိုဖြစ်တယ်တယ်
ကိုယ့်အမျိုးထဲမှာ အော်တစ်ဇင် အရင်ကဖြစ်ဖူးတာ မရှိဘူးဆိုရင်ရယ်၊အမွှာမျိုးရိုး မရှိဘူးဆိုရင်တော့ ဖြစ်နိုင်ချေ သူများထက် နည်းနည်းလျော့တာပေါ့
ကျွန်မကလေးက သက်တမ်းစေ့ နေရပါ့မလားဟင်
ဒီတစ်ခါ ကြောင်ငေးနေရသူကတော့ ကျွန်မအမျိုးသားပါ
နေရပါတယ်ဗျ
နေရပါတယ်
အော်တစ်ဇင်ရှိလို့ သက်တမ်းတိုတာမျိုးတော့ မရှိပါဘူး
တစ်ခုပဲ
အခြေအမြစ်မရှိပဲ လုပ်ခိုင်းတဲ့ ကုထုံးတွေ၊ ပယောဂဆရာတွေတော့ မပြပါနဲ့
ကလေးကို ညှင်းပန်းနှိပ်စက်ကြတာနဲ့ ကလေး သက်ဆိုးမရှည် ဖြစ်တတ်လို့ပါ
သြော်
ဟုတ်ကဲ့ပါ ဆရာ
နောက်တော့ ကျွန်တော် အကြံပေးချင်တာက မိဘတွေအတွက်ပါ
ဟုတ်ကဲ့
၂ယောက်စလုံးက သမီးလေးအတွက် ပူပန်နေတဲ့ မိဘကောင်းတွေလို့ မြင်မိလို့ စိတ်မကောင်းပါဘူး
မိဘတွေလည်း စိတ်ကို ကြံ့ခိုင်အောင် ထားပါ
ဒါက ရေရှည်တိုက်ရမယ့် စစ်ပွဲပါ
နေမကောင်းမဖြစ်ပါစေနဲ့
မကောင်းတဲ့ အတွေးတွေ မတွေးပါနဲ့
သူများဘာပြောမလဲ ဂရုမစိုက်ပါနဲ့
လူဆိုတာ ကိုယ့်အကြောင်းမဟုတ်ရင် ၇ရက်ပြည့်အောင် ဂရုမစိုက်နိုင်ပါဘူးဗျနော်
ပြီးတော့ လူဆိုတာ ကိုယ့်မှာ မကြုံဖူးပဲ ကိုယ်ချင်းစာတဲ့သူရှားတယ်၊ ကဲ့ရဲ့ချင်သူပဲ များတယ်လေ
ဒါနဲ့ ဘာဘာသာ ကိုးကွယ်လဲ
ဗုဒ္ဓဘာသာ ပါပဲ
တရားဟောတယ် မထင်ပါနဲ့ဗျာ
အချိန်မအားလည်း ညဘက် ၂ယောက်စလုံး တရားထိုင်ပါ
အလှူကြီး ပေးခိုင်းတာ မဟုတ်ပေမယ့် နေ့စဉ် စိတ်ကြည်နူးချမ်းသာစေမယ့် အလှူလေးတွေ လုပ်ပါ
ဥပမာ- စံပါယ်ပန်းသည်မလေးဆီက ပန်းဝယ်လိုက်တာမျိုး
အဘွားအိုရောင်းတဲ့ အကြော် အားပေးလိုက်တာမျိုး
ပြီးတော့ ချစ်ခင်ရသူတွေကို ပြုံးပြပါ၊ ဒါလည်း အလှူပဲဗျ
လမ်းသွားလမ်းလာ ရေအိုးစင် ထားပေးတာတို့
သီလရှင် အသေးလေးတွေကို မုန့်ထုပ်သေးသေးလေးတွေ လောင်းတာတို့
ပြောချင်တာက နေ့စဉ်ဘဝမှာ ရသမျှ စိတ်ကြည်နူးမှု ယူပါ
လင်မယားနှစ်ယောက် ပြုံးပြကြပါ၊ အားပေးပါ
အိမ်မှာ ပီယဝါစာ ကောင်းသောစကားပဲ ပြောကြပါ
ဘုရားသွားပါ၊ ပန်းခြံသွားပါ
မိသားစုတွေ ခရီးသွားလို့လည်း ရပါတယ်
ဒါဆို ခင်ဗျားတို့ နေ့စဉ်ဘဝမှာနေရထိုင်ရတာ နေသာထိုင်သာ ရှိလာပါလိမ့်မယ်
မမေ့ပါနဲ့
ခင်ဗျားတို့က ပိုအရေးကြီးတယ်
ခင်ဗျားတို့ ပြိုလဲသွားရင် ကလေးကို ဘယ်သူကြည့်မှာလဲ
ကျွန်တော် ပြောတာတွေထဲမှာ နောက်ဆုံးအခုပြောတာတွေက ကြားကောင်းအောင်ပြောတယ် ထင်ကောင်းထင်မယ်
ဒါတွေပဲ ခင်ဗျားတို့ကို ပျော်ရွှင်စေမှာဆိုတာ ကျွန်တော် အာမခံပါတယ်
ဟုတ်ကဲ့ပါဆရာ
ကျွန်မတို့ နားလည်ပါတယ်
ကျေးဇူး အများကြီးတင်ပါတယ် ဆရာ
ဒါဆို ခွင့်ပြုပါဦး
ဒီလိုနဲ့ ကျွန်မတို့ ဆရာမှာတဲ့အတိုင်း ကလေးကို ချီကာပိုးကာ ရင်အုပ်မကွာ ပြုစုကြပါတယ်
ကျွန်မတို့ လင်မယားတောင် သူလေးကြောင့် ပိုအဆင်ပြေလာသလိုပါပဲ
နေ့ဆို ဘွားအေ ဘိုးအေတွေ လက်မှာနေ
ညဆို ကျွန်မတို့ကြည့်
ဘဝက မပင်ပန်းဘူးလားဆိုတော့ ပင်ပန်းပါတယ်
ဒါပေမယ့် လက်ခံလိုက်ကြပြိလေ
လက်မခံခဲ့တုန်းက ၂လခွဲဟာ ငရဲဆိုရင် အခုတော့ ငရဲခန်းက လွတ်မြောက်ခြင်းပါပဲ
ယောကျားနဲ့အတူ မရွှေရည်ဝင်းပေးတဲ့ လိပ်စာအတိုင်း
အင်းစိန်၊ ဖော့ကန်က ဧဒင် မသန်စွမ်းကလေးငယ်ရိပ်မြုံ တို့
မရမ်းကုန်းက Montessori Children’s houseတို့
သင်္ဃန်းကျွန်းက လုမ္ဗနီတို့ သွားခဲ့ကြပါတယ်
နောက်ဆုံး အိမ်နားနီးတဲ့ ဧဒင်မှာပဲ ထားဖြစ်တယ်
ခုဆို ၃နှစ်
မူကြိုကလေးတစ်ယောက်လိုပါပဲ
နေ့တိုင်း သင်တန်းပို့ခဲ့တယ်
ပြန်လာရင် သူ့ကို ဝိုင်းကြည့်ကြတယ်
သူက သိတောင်မသိပေမယ့် ကျန်တဲ့လူ ၅ယောက်က သူ့ကိုပြုစုရင်း ပျော်နေကြပြီလေ
သူနဲ့အတူ မိသားစုတွေ ဘုရားသွားတယ်၊
ပန်းခြံသွားတယ်
ခရီးတိုလေးတွေ သွားတယ်
သူ့ကို အိမ်မှာ နားတဲ့ရက်ဆို သီချင်းဆို ဝိုင်းသင်ကြတယ်
လက်ခုပ်တီးသင်တယ်
ရတတ်သမျှ အကုန်အကုန်ပေါ့
ကံကောင်းစွာနဲ့ ကျွန်မသမီးလေးဟာ အတက်ရောဂါ မပါလာသလို တခြားအော်တစ်ဇင်လောက်လည်း အဆိုးစားကြီး မဟုတ်ပါဘူး
ဒီ ၂နှစ်အတွင်း ပြုခဲ့တဲ့ ကုသိုလ်တွေ အကျိုးများလားပေါ့
သူက အခု
သူ့ဟာသူ ကြယ်သီးတယ်တယ်
ဖိနပ်ဝတ်တယ်
အရုပ်တွေ သိမ်းဆို သိမ်းတယ်
မျက်လုံးချင်း မဆုံပေမယ့် မေးသမျှ အင်း၊ ဟင့်အင်းတော့ ဖြေပါတယ်
အနည်းဆုံးပေါ့
တစ်ခါတစ်လေလည်း သူ့ကိုသင်ပေးတဲ့ ကလေးသီချင်းကို ထထအော်မယ်
ဒါပေမယ့် ဒါလေးကိုပဲ ကျွန်မတို့ ကျေနပ်ပါတယ်
အမျိုးသားဆို အလုပ်ကပြန်ရောက်တာနဲ့ သမီးဘယ်မှာလဲ ဆိုတာချည်းပဲ
တစ်ခုတော့ ရှိတာပေါ့
လမ်းမပေါ် ပြေးပြေးထွက်တတ်တာတော့ ထိန်းရတယ်
တစ်ခါလည်း လမ်းမပေါ် ပြေးထွက်တာ ကံကောင်းလို့ ကား မတိုက်တယ်
ဒါမျိုးတွေတော့ ဂရုစိုက်ရပါတယ်
ရပ်ကွက်ထဲက လူတွေကလည်း သူ့ဆို ချစ်လာပါပြီ
ဒါပေါ့
လောကဓမ္မတာအရ လူတိုင်းနဲ့တော့ အဆင်မပြေဘူးပေါ့လေ
တစ်ခါက…
ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၆)
ကြၽန္မ အမ်ိဳးသား တစ္ခုခု ေမးခ်င္ေနပံုရသည္
ကြၽန္မ သေဘာတူသည္ဟု မ်က္ရိပ္ျပလိုက္ပါသည္
ဆရာ
ေနာက္ကေလး ယူရင္ေရာ ျဖစ္နိုင္ေခ်ေလး…
ဟယ္
သူ ဒီအထိ စဥ္းစားေနတာပါလား
ရံုးခန္းမွာ တစ္ပတ္သြားေနတုန္း သူလည္းေတာ္ေတာ္ အေတြးေရာက္ခဲ့တာပဲ
အဲဒီလိုေတာ့ အတိအက် မရွိဘူးဗ်
ေအာ္တစ္ဇင္ ေမြးဖူးတဲ့ မိသားစုကေတာ့ သတိထားရမွာေပါ့
ဒါေပမယ့္ မ်ိဳးရိုးလိုက္တယ္လည္း ဆိုလို႔မရသလို မလိုက္ဘူးလည္း ေျပာလို႔မရတဲ့ ေရာဂါပါ
အို
အေတြးရ က်ပ္လိုက္တာ
ဒုကၡ
ေယာက်ားေလးမွာက မိန္းကေလးထက္ ၃-၄ဆ ပိုျဖစ္နိုင္ေျခ ရွိတာေပါ့
အမႊာဆိုလည္း ပိုျဖစ္တယ္တယ္
ကိုယ့္အမ်ိဳးထဲမွာ ေအာ္တစ္ဇင္ အရင္ကျဖစ္ဖူးတာ မရွိဘူးဆိုရင္ရယ္၊အမႊာမ်ိဳးရိုး မရွိဘူးဆိုရင္ေတာ့ ျဖစ္နိုင္ေခ် သူမ်ားထက္ နည္းနည္းေလ်ာ့တာေပါ့
ကြၽန္မကေလးက သက္တမ္းေစ့ ေနရပါ့မလားဟင္
ဒီတစ္ခါ ေၾကာင္ေငးေနရသူကေတာ့ ကြၽန္မအမ်ိဳးသားပါ
ေနရပါတယ္ဗ်
ေနရပါတယ္
ေအာ္တစ္ဇင္ရွိလို႔ သက္တမ္းတိုတာမ်ိဳးေတာ့ မရွိပါဘူး
တစ္ခုပဲ
အေျခအျမစ္မရွိပဲ လုပ္ခိုင္းတဲ့ ကုထံုးေတြ၊ ပေယာဂဆရာေတြေတာ့ မျပပါနဲ႔
ကေလးကို ညႇင္းပန္းနွိပ္စက္ၾကတာနဲ႔ ကေလး သက္ဆိုးမရွည္ ျဖစ္တတ္လို႔ပါ
ေၾသာ္
ဟုတ္ကဲ့ပါ ဆရာ
ေနာက္ေတာ့ ကြၽန္ေတာ္ အႀကံေပးခ်င္တာက မိဘေတြအတြက္ပါ
ဟုတ္ကဲ့
၂ေယာက္စလံုးက သမီးေလးအတြက္ ပူပန္ေနတဲ့ မိဘေကာင္းေတြလို႔ ျမင္မိလို႔ စိတ္မေကာင္းပါဘူး
မိဘေတြလည္း စိတ္ကို ႀကံ့ခိုင္ေအာင္ ထားပါ
ဒါက ေရရွည္တိုက္ရမယ့္ စစ္ပြဲပါ
ေနမေကာင္းမျဖစ္ပါေစနဲ႔
မေကာင္းတဲ့ အေတြးေတြ မေတြးပါနဲ႔
သူမ်ားဘာေျပာမလဲ ဂရုမစိုက္ပါနဲ႔
လူဆိုတာ ကိုယ့္အေၾကာင္းမဟုတ္ရင္ ၇ရက္ျပည့္ေအာင္ ဂရုမစိုက္နိုင္ပါဘူးဗ်ေနာ္
ၿပီးေတာ့ လူဆိုတာ ကိုယ့္မွာ မႀကံဳဖူးပဲ ကိုယ္ခ်င္းစာတဲ့သူရွားတယ္၊ ကဲ့ရဲ႕ခ်င္သူပဲ မ်ားတယ္ေလ
ဒါနဲ႔ ဘာဘာသာ ကိုးကြယ္လဲ
ဗုဒၶဘာသာ ပါပဲ
တရားေဟာတယ္ မထင္ပါနဲ႔ဗ်ာ
အခ်ိန္မအားလည္း ညဘက္ ၂ေယာက္စလံုး တရားထိုင္ပါ
အလွဴႀကီး ေပးခိုင္းတာ မဟုတ္ေပမယ့္ ေန႔စဥ္ စိတ္ၾကည္ႏူးခ်မ္းသာေစမယ့္ အလွဴေလးေတြ လုပ္ပါ
ဥပမာ- စံပါယ္ပန္းသည္မေလးဆီက ပန္းဝယ္လိုက္တာမ်ိဳး
အဘြားအိုေရာင္းတဲ့ အေၾကာ္ အားေပးလိုက္တာမ်ိဳး
ၿပီးေတာ့ ခ်စ္ခင္ရသူေတြကို ၿပံဳးျပပါ၊ ဒါလည္း အလွဴပဲဗ်
လမ္းသြားလမ္းလာ ေရအိုးစင္ ထားေပးတာတို႔
သီလရွင္ အေသးေလးေတြကို မုန္႔ထုပ္ေသးေသးေလးေတြ ေလာင္းတာတို႔
ေျပာခ်င္တာက ေန႔စဥ္ဘဝမွာ ရသမ်ွ စိတ္ၾကည္ႏူးမႈ ယူပါ
လင္မယားနွစ္ေယာက္ ၿပံဳးျပၾကပါ၊ အားေပးပါ
အိမ္မွာ ပီယဝါစာ ေကာင္းေသာစကားပဲ ေျပာၾကပါ
ဘုရားသြားပါ၊ ပန္းၿခံသြားပါ
မိသားစုေတြ ခရီးသြားလို႔လည္း ရပါတယ္
ဒါဆို ခင္ဗ်ားတို႔ ေန႔စဥ္ဘဝမွာေနရထိုင္ရတာ ေနသာထိုင္သာ ရွိလာပါလိမ့္မယ္
မေမ့ပါနဲ႔
ခင္ဗ်ားတို႔က ပိုအေရးႀကီးတယ္
ခင္ဗ်ားတို႔ ၿပိဳလဲသြားရင္ ကေလးကို ဘယ္သူၾကည့္မွာလဲ
ကြၽန္ေတာ္ ေျပာတာေတြထဲမွာ ေနာက္ဆံုးအခုေျပာတာေတြက ၾကားေကာင္းေအာင္ေျပာတယ္ ထင္ေကာင္းထင္မယ္
ဒါေတြပဲ ခင္ဗ်ားတို႔ကို ေပ်ာ္႐ႊင္ေစမွာဆိုတာ ကြၽန္ေတာ္ အာမခံပါတယ္
ဟုတ္ကဲ့ပါဆရာ
ကြၽန္မတို႔ နားလည္ပါတယ္
ေက်းဇူး အမ်ားႀကီးတင္ပါတယ္ ဆရာ
ဒါဆို ခြင့္ျပဳပါဦး
ဒီလိုနဲ႔ ကြၽန္မတို႔ ဆရာမွာတဲ့အတိုင္း ကေလးကို ခ်ီကာပိုးကာ ရင္အုပ္မကြာ ျပဳစုၾကပါတယ္
ကြၽန္မတို႔ လင္မယားေတာင္ သူေလးေၾကာင့္ ပိုအဆင္ေျပလာသလိုပါပဲ
ေန႔ဆို ဘြားေအ ဘိုးေအေတြ လက္မွာေန
ညဆို ကြၽန္မတို႔ၾကည့္
ဘဝက မပင္ပန္းဘူးလားဆိုေတာ့ ပင္ပန္းပါတယ္
ဒါေပမယ့္ လက္ခံလိုက္ၾကၿပိေလ
လက္မခံခဲ့တုန္းက ၂လခြဲဟာ ငရဲဆိုရင္ အခုေတာ့ ငရဲခန္းက လြတ္ေျမာက္ျခင္းပါပဲ
ေယာက်ားနဲ႔အတူ မေ႐ႊရည္ဝင္းေပးတဲ့ လိပ္စာအတိုင္း
အင္းစိန္၊ ေဖာ့ကန္က ဧဒင္ မသန္စြမ္းကေလးငယ္ရိပ္ၿမံဳ တို႔
မရမ္းကုန္းက Montessori Children’s houseတို႔
သဃၤန္းကြၽန္းက လုမၺနီတို႔ သြားခဲ့ၾကပါတယ္
ေနာက္ဆံုး အိ္မ္နားနီးတဲ့ ဧဒင္မွာပဲ ထားျဖစ္တယ္
ခုဆို ၃နွစ္
မူႀကိဳကေလးတစ္ေယာက္လုိပါပဲ
ေန႔တိုင္း သင္တန္းပို႔ခဲ့တယ္
ျပန္လာရင္ သူ႔ကို ဝိုင္းၾကည့္ၾကတယ္
သူက သိေတာင္မသိေပမယ့္ က်န္တဲ့လူ ၅ေယာက္က သူ႔ကိုျပဳစုရင္း ေပ်ာ္ေနၾကၿပီေလ
သူနဲ႔အတူ မိသားစုေတြ ဘုရားသြားတယ္၊
ပန္းၿခံသြားတယ္
ခရီးတိုေလးေတြ သြားတယ္
သူ႔ကို အိမ္မွာ နားတဲ့ရက္ဆို သီခ်င္းဆို ဝိုင္းသင္ၾကတယ္
လက္ခုပ္တီးသင္တယ္
ရတတ္သမ်ွ အကုန္အကုန္ေပါ့
ကံေကာင္းစြာနဲ႔ ကြၽန္မသမီးေလးဟာ အတက္ေရာဂါ မပါလာသလို တျခားေအာ္တစ္ဇင္ေလာက္လည္း အဆိုးစားႀကီး မဟုတ္ပါဘူး
ဒီ ၂နွစ္အတြင္း ျပဳခဲ့တဲ့ ကုသိုလ္ေတြ အက်ိဳးမ်ားလားေပါ့
သူက အခု
သူ႔ဟာသူ ၾကယ္သီးတယ္တယ္
ဖိနပ္ဝတ္တယ္
အရုပ္ေတြ သိမ္းဆို သိမ္းတယ္
မ်က္လံုးခ်င္း မဆံုေပမယ့္ ေမးသမ်ွ အင္း၊ ဟင့္အင္းေတာ့ ေျဖပါတယ္
အနည္းဆံုးေပါ့
တစ္ခါတစ္ေလလည္း သူ႔ကိုသင္ေပးတဲ့ ကေလးသီခ်င္းကို ထထေအာ္မယ္
ဒါေပမယ့္ ဒါေလးကိုပဲ ကြၽန္မတို႔ ေက်နပ္ပါတယ္
အမ်ိဳးသားဆို အလုပ္ကျပန္ေရာက္တာနဲ႔ သမီးဘယ္မွာလဲ ဆိုတာခ်ည္းပဲ
တစ္ခုေတာ့ ရွိတာေပါ့
လမ္းမေပၚ ေျပးေျပးထြက္တတ္တာေတာ့ ထိန္းရတယ္
တစ္ခါလည္း လမ္းမေပၚ ေျပးထြက္တာ ကံေကာင္းလို႔ ကား မတိုက္တယ္
ဒါမ်ိဳးေတြေတာ့ ဂရုစိုက္ရပါတယ္
ရပ္ကြက္ထဲက လူေတြကလည္း သူ႔ဆို ခ်စ္လာပါၿပီ
ဒါေပါ့
ေလာကဓမၼတာအရ လူတိုင္းနဲ႔ေတာ့ အဆင္မေျပဘူးေပါ့ေလ
တစ္ခါက…