အော်တစ်ဇင်ဘဝ လှပဖို့၊ ဝိုင်းဝန်းကူညီ လက်ကမ်းစို့ (၅)

အမေက တော်တော်လေး စိတ်ပူနေပုံ ရတယ်ဗျ
ကျွန်တော်က ဖြစ်တတ်တဲ့ လက္ခဏာတွေကိုပဲ ပြောတာပါ
အကုန်ဖြစ်တာ မဟုတ်ပါဘူးဗျာ

သြော်
ခုမှ ကျွန်မ သက်ပြင်းချနိုင်သည်လေ
အမျိုးသားက

ဒါဆို ဆရာ
ကျွန်တော်တို့ဘက်က သူ့အတွက် ဘာလုပ်ပေးနိုင်မလဲ သိချင်ပါတယ်

အို
သူ ကလေးကို ဂရုစိုက်သားပါလားလေ
ကျွန်မက ကျွန်မတို့ သားအမိကို ပစ်သွားတော့မယ် ထင်မှတ်မိတာ
ဆရာက

အခုအထိတော့ ရောဂါကို ရာနှုန်းပြည့်ပျောက်အောင် ကုသနိုင်တဲ့ ကုထုံးမရှိသေးဘူးပေါ့ဗျာ
ဒါပေမယ့် ခုနကလို စကားပြောစွမ်းရည်တွေ အပြုအမူတွေကိုတော့ လေ့ကျင့်ပေးတဲ့ ကုထုံးတွေရှိပါတယ်

ကလေးကို စကားပြောကုထုံး သင်ပေးမယ်
သူ့ကို သေသေချာချာ ဂရုတစိုက် ပြောတတ်အောင် လုပ်ပေးမယ်
နေ့စဉ်ဘဝမှာ လုပ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ
ဥပမာ ကြယ်သီးတပ်တာတွေ၊ ရှုးဖိနပ် ကြိုးချည်တာတွေ၊ ခေါင်းဖြီးတာ၊ လက်ဆေးတာ စသည်ဖြင့် တစ်ခုချင်း စိတ်ရှည်လက်ရှည် သင်ပေးတဲ့ သင်တန်းကျောင်းတွေ ရှိပါတယ်
အိမ်ရောက်ရင်လည်း ကိုယ်က သင်ပေးရမှာပေါ့
သာမန်ကလေးလည်း သင်ရမယ့်ဟာပါပဲ
သူတို့က ပိုကြာကြာ သင်ရတာပေါ့
ဒါပဲကွာပါတယ်

ပြီးတော့ နောက်ပိုင်း အလုပ်နဲ့ ပတ်သက်တာတွေပါ သင်လို့ရပါတယ်
သူတို့က ထပ်ကာထပ်ာယလုပ်ရတဲ့ အရာတွေ သဘောကျော့ တစ်ချောင်းထိုး နှစ်ချောင်းထိုးတွေ
စန္ဒရား သင်တာတွေတောင် လုပ်လို့ရတတ်ပါတယ်
ကိုယ့်ကလေး IQပေါ် မူတည်ပြိးပေါ့

ကျွန်မ အားတက်သွားမိ၏
တကယ်လား ဆရာ
အော်တစ်ဇင်က ဉာဏ်ရည် မနိမ့်ဘူးလား

ဉာဏ်ရည်ကတော့ ကံသေကံမ ပြောလို့ မရပေမယ့် သူတို့ရဲ့ အဓိကပြဿနာက ဉာဏ်ရည် မဟုတ်ပဲ ခုနကပြောသလို လူမှုဆက်ဆံရေး ပြဿနာပါ
နောက်ပိုင်း ဂီတသင်တာတွေ၊ ပန်းချီသင်တာတွေ၊ ကစားတတ်အောင် သင်ပေးတာတွေပါ ပေါ်လာပါပြီ

သြော်
တော်ပါသေးရဲ့
လမ်းဆုံးပြီ ထင်ခဲ့တာ
လမ်းတော့ မဆုံးသေးဘူးပဲလေ

အမျိုးသားက
ဒါဆို ဆရာ
ကျွန်တော်တို့ သမီးလေးကို ဆေးတိုက်စရာ မလိုဘူးပေါ့နော်

အော်တစ်ဇင်အတွက်တော့ မလိုပါဘူး
ဒါပေမယ့် အော်တစ်ဇင်တွေရဲ့ သုံးပုံတစ်ပုံက အတက်ရောဂါ ပါတတ်တယ်
အတက်ရောဂါ ပါရင်တော့ ဆေးသောက်ရတာပေါ့လေ
မဟုတ်ရင် သောက်စရာ မလိုပါဘူး

ဘုရား ဘုရား
ဆုတောင်းရုံပဲ ရှိတော့တာပေါ့လေ

ပုံမှန်ဆိုရင်တော့
အိပ်မပျော်ရင် အိပ်ဆေးပေးတာတို့
အစာမကြေလို့ အစာကြေဆေး သောက်ရတာတို့
ဝမ်းချုပ်တတ်တာတို့
မငြိမ်ရင် ဆေးတိုက်ရတာတို့လောက်နဲ့ ပြိးပါတယ်
ဘာမှတော့ အထွေအထူး ကြီးကြီးမားမား ပြဿနာ မပေးတတ်ပါဘူး
အော်တစ်ဇင်ကြောင့်ပဲ စိတ်ဒုက္ခရောက်ကြတာ များပါတယ်
ကြာလာတော့လည်း နေသားကျသွားတာပေါ့

ဒါဆို ဆရာ
ကျွန်မကလေးကို ဘာကျွေးသင့်လဲ

သြော်
ဒါကတော့ ကြိုက်ရာကျွေးနိုင်ပါတယ်
တစ်ခုပဲ
ဒီကောင်တွေက ကြေးတော့များတယ်
အစာအုပ်စု ၃စုညီအောင်တော့ ရအောင်ကျွေးပါ
သူမစားတဲ့ အစာနဲ့ အာဟာရတန်ဖိုး တူတဲ့ဟာ ရွေးကျွေးပေါ့
ဥပမာ ကန်စွန်းရွက် မစားရင် မုန်ညင်းပြောင်းကျွေးတာမျိုး
အာလူးမစားရင် ကန်စွန်းဥ ကျွေးကြည့်တာမျိုးပေါ့
နောက် ဝမ်းချုပ်တတ်တော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် ပိုကျွေးပေါ့ဗျာ

အားဆေးတိုက်လို့ရော ရလားဟင် ဆရာ

အားဆေးလည်း တိုက်ပါ၊ ရပါတယ်
အားဆေးတိုက်သလို အစာအာဟာရလည်း ပြည့်စုံအောင်ကျွေးတာတော့ အကောင်းဆုံးပေါ့ဗျာ

ေအာ္တစ္ဇင္ဘဝ လွပဖို႔၊ ဝိုင္းဝန္းကူညီ လက္ကမ္းစို႔ (၅)

အေမက ေတာ္ေတာ္ေလး စိတ္ပူေနပံု ရတယ္ဗ်
ကြၽန္ေတာ္က ျဖစ္တတ္တဲ့ လကၡဏာေတြကိုပဲ ေျပာတာပါ
အကုန္ျဖစ္တာ မဟုတ္ပါဘူးဗ်ာ

ေၾသာ္
ခုမွ ကြၽန္မ သက္ျပင္းခ်နိုင္သည္ေလ
အမ်ိဳးသားက

ဒါဆို ဆရာ
ကြၽန္ေတာ္တို႔ဘက္က သူ႔အတြက္ ဘာလုပ္ေပးနိုင္မလဲ သိခ်င္ပါတယ္

အို
သူ ကေလးကို ဂရုစိုက္သားပါလားေလ
ကြၽန္မက ကြၽန္မတို႔ သားအမိကို ပစ္သြားေတာ့မယ္ ထင္မွတ္မိတာ
ဆရာက

အခုအထိေတာ့ ေရာဂါကို ရာနႈန္းျပည့္ေပ်ာက္ေအာင္ ကုသနိုင္တဲ့ ကုထံုးမရွိေသးဘူးေပါ့ဗ်ာ
ဒါေပမယ့္ ခုနကလို စကားေျပာစြမ္းရည္ေတြ အျပဳအမူေတြကိုေတာ့ ေလ့က်င့္ေပးတဲ့ ကုထံုးေတြရွိပါတယ္

ကေလးကို စကားေျပာကုထံုး သင္ေပးမယ္
သူ႔ကို ေသေသခ်ာခ်ာ ဂရုတစိုက္ ေျပာတတ္ေအာင္ လုပ္ေပးမယ္
ေန႔စဥ္ဘဝမွာ လုပ္ရတဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ
ဥပမာ ၾကယ္သီးတပ္တာေတြ၊ ရႈးဖိနပ္ ႀကိဳးခ်ည္တာေတြ၊ ေခါင္းၿဖီးတာ၊ လက္ေဆးတာ စသည္ျဖင့္ တစ္ခုခ်င္း စိတ္ရွည္လက္ရွည္ သင္ေပးတဲ့ သင္တန္းေက်ာင္းေတြ ရွိပါတယ္
အိမ္ေရာက္ရင္လည္း ကိုယ္က သင္ေပးရမွာေပါ့
သာမန္ကေလးလည္း သင္ရမယ့္ဟာပါပဲ
သူတို႔က ပိုၾကာၾကာ သင္ရတာေပါ့
ဒါပဲကြာပါတယ္

ၿပီးေတာ့ ေနာက္ပိုင္း အလုပ္နဲ႔ ပတ္သက္တာေတြပါ သင္လို႔ရပါတယ္
သူတို႔က ထပ္ကာထပ္ာယလုပ္ရတဲ့ အရာေတြ သေဘာက်ော့ တစ္ေခ်ာင္းထိုး နွစ္ေခ်ာင္းထိုးေတြ
စႏၵရား သင္တာေတြေတာင္ လုပ္လို႔ရတတ္ပါတယ္
ကိုယ့္ကေလး IQေပၚ မူတည္ၿပိးေပါ့

ကြၽန္မ အားတက္သြားမိ၏
တကယ္လား ဆရာ
ေအာ္တစ္ဇင္က ဉာဏ္ရည္ မနိမ့္ဘူးလား

ဉာဏ္ရည္ကေတာ့ ကံေသကံမ ေျပာလို႔ မရေပမယ့္ သူတို႔ရဲ႕ အဓိကျပႆနာက ဉာဏ္ရည္ မဟုတ္ပဲ ခုနကေျပာသလို လူမႈဆက္ဆံေရး ျပႆနာပါ
ေနာက္ပိုင္း ဂီတသင္တာေတြ၊ ပန္းခ်ီသင္တာေတြ၊ ကစားတတ္ေအာင္ သင္ေပးတာေတြပါ ေပၚလာပါၿပီ

ေၾသာ္
ေတာ္ပါေသးရဲ႕
လမ္းဆံုးၿပီ ထင္ခဲ့တာ
လမ္းေတာ့ မဆံုးေသးဘူးပဲေလ

အမိ်ဳးသားက
ဒါဆို ဆရာ
ကြၽန္ေတာ္တို႔ သမီးေလးကို ေဆးတိုက္စရာ မလိုဘူးေပါ့ေနာ္

ေအာ္တစ္ဇင္အတြက္ေတာ့ မလိုပါဘူး
ဒါေပမယ့္ ေအာ္တစ္ဇင္ေတြရဲ႕ သံုးပံုတစ္ပံုက အတက္ေရာဂါ ပါတတ္တယ္
အတက္ေရာဂါ ပါရင္ေတာ့ ေဆးေသာက္ရတာေပါ့ေလ
မဟုတ္ရင္ ေသာက္စရာ မလိုပါဘူး

ဘုရား ဘုရား
ဆုေတာင္းရံုပဲ ရွိေတာ့တာေပါ့ေလ

ပံုမွန္ဆိုရင္ေတာ့
အိပ္မေပ်ာ္ရင္ အိပ္ေဆးေပးတာတို႔
အစာမေၾကလို႔ အစာေၾကေဆး ေသာက္ရတာတို႔
ဝမ္းခ်ဳပ္တတ္တာတို႔
မၿငိမ္ရင္ ေဆးတိုက္ရတာတို႔ေလာက္နဲ႔ ၿပိးပါတယ္
ဘာမွေတာ့ အေထြအထူး ႀကီးႀကီးမားမား ျပႆနာ မေပးတတ္ပါဘူး
ေအာ္တစ္ဇင္ေၾကာင့္ပဲ စိတ္ဒုကၡေရာက္ၾကတာ မ်ားပါတယ္
ၾကာလာေတာ့လည္း ေနသားက်သြားတာေပါ့

ဒါဆို ဆရာ
ကြၽန္မကေလးကို ဘာေကြၽးသင့္လဲ

ေၾသာ္
ဒါကေတာ့ ႀကိဳက္ရာေကြၽးနိုင္ပါတယ္
တစ္ခုပဲ
ဒီေကာင္ေတြက ေၾကးေတာ့မ်ားတယ္
အစာအုပ္စု ၃စုညီေအာင္ေတာ့ ရေအာင္ေကြၽးပါ
သူမစားတဲ့ အစာနဲ႔ အာဟာရတန္ဖိုး တူတဲ့ဟာ ေ႐ြးေကြၽးေပါ့
ဥပမာ ကန္စြန္း႐ြက္ မစားရင္ မုန္ညင္းေျပာင္းေကြၽးတာမ်ိဳး
အာလူးမစားရင္ ကန္စြန္းဥ ေကြၽးၾကည့္တာမ်ိဳးေပါ့
ေနာက္ ဝမ္းခ်ဳပ္တတ္ေတာ့ အသီးအနွံ၊ ဟင္းသီးဟင္း႐ြက္ ပိုေကြၽးေပါ့ဗ်ာ

အားေဆးတိုက္လို႔ေရာ ရလားဟင္ ဆရာ

အားေဆးလည္း တိုက္ပါ၊ ရပါတယ္
အားေဆးတိုက္သလို အစာအာဟာရလည္း ျပည့္စံုေအာင္ေကြၽးတာေတာ့ အေကာင္းဆံုးေပါ့ဗ်ာ

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *